မိစ္ဆာပရောဖက်တို့ရဲ့လက္ခဏာ(၇)ခု
၁။ကျမ်းစာကိုပရိယာယ်နှင့်ပြင်ဆင်ခြင်း
၂ပေ၂:၁၈မှာမိစ္ဆာပရောဖက် တွေဟာသမ္မာကျမ်းစာအတိုင်းမဟောပြောဘဲကျမ်းစကားကို လိုသလိုချဲ့ထွင်ခြင်းနဲ့နုတ်ပယ်ခြင်းတွေလုပ်ပြီး ချော့မော့တဲ့စကားနဲ့လွဲမှားစွာအနက်ပြန်တတ်ကြတယ်လို့သတိပေးထားပါတယ်။ဒါကြောင့်ပထမဆုံးသတိထားရမှာကကျမ်းစကားတိုင်းမသွန်သင်ဘဲမိမိထင်ရာလျှောက်ဟောပြီးဝိညာဉ် တော်ဖော်ပြတာပါလို့ပြောနေသူတိုင်းကအလွဲဆရာတွေပါ။
၂။ ယေရှုကိုဗဟိုမပြုခြင်း
၂ပေ၂:၁မှာမိမိကိုဝယ်သောသခင်ကိုငြင်းပယ်တဲ့သူတွေလို့ဖော်ပြထားပါတယ်။အမှန်တော့ယနေ့ခေတ်မိစ္ဆာပရောဖက် တွေဟာဂျိုကြီးနဲ့ငါတို့ဟာယေရှုကိုငြင်းပယ်သူတွေပါလို့ပြောကြမှာမဟုတ်ပါဘူး။သူတို့ရဲ့သွန်သင်ချက်နဲ့ခံယူချက်တွေကသာထင်ရှားလာစေတာပါ။ဥပမာယေရှုနဲ့ခရစ်တော်မတူဘူး(ယေရှုကိုယုံရင်ငရဲကျမယ်)ဆိုတဲ့အယူဝါဒတွေ၊ယေရှုဟာတရုတ်မပါဆိုတဲ့အယူတွေစသဖြင့်အများကြီးပါ။ဒါတွေအထူးသတိထားစရာပါဘဲ။
၃။အဟောနှင့်အလုပ်မညီမျှခြင်း
၂ပေ၂:၁၉မှာမိစ္ဆာပရောဖက်တွေဟာသူတပါးကိုလွတ်ခြင်းအခွင့်ပေးမယ်လို့ဟောကြပေမယ့်ကိုယ်တိုင်ကတော့ပျက်စီးခြင်းရဲ့ကျေးကျွန်ဖြစ်နေကြတယ်လို့ဆိုပါတယ်။တနည်းအားဖြင့်ပုံသက် သေမရှိတာပါ။ယနေ့ခေတ်တရားဟောဆရာတွေကိုလဲအသီးအားဖြင့်အပင်ရဲ့သဘောကိုကြည့်ပြီးသတိထားဆင်ခြင်ရပါမယ်။သူဟောသလိုသူဖြစ်နေလား?သို့မဟုတ်ဟောနေတာကတမျိုးလုပ်နေတာကတမျိုးလားဆိုတာစမ်းစစ်နိုင်ပါတယ်။
၄။ငွေကိုတပ်မက်ခြင်း
၂ပေ၂:၁၄-၁၆မှာမိစ္ဆာပရောဖက်တွေဟာသမ္မာဟောင်းကျမ်းထဲကပရောဖက်ဗာလန်လို ငွေနောက်လိုက်တဲ့ဆရာတွေသာဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒီလူ တွေဟာအမှန်ကိုသိလျက်နဲ့မ ဟောပြောကြဘဲ၊ငွေကြောင့်အမှားကိုကျေကျေနပ်နပ်ဟောနေကြသူတွေပါ။သမ္မာတရားနောက်မလိုက်ဘဲငွေနောက်လိုက်နေတဲ့အမှုတောင်ဆောင်တွေကိုသတိထားရှောင်ကြရပါမယ်။ကိုယ်တိုင်လဲအဲလိုမဖြစ်အောငါသတိထားရပါမယ်။
၅။ယုံကြည်သူတွေကိုသာပစ်မှတ်ထားခြင်း
၂ပေ၂:၁၄-၁မှာမိစ္ဆာပရောဖက်တွေဟာလူမျိုးတော်ထဲကနေပေါ်လာသလိုယနေ့ခရစ်ယာန်အဖွဲ့စည်းထဲကနေဘဲလမ်းလွဲပြီးပေါ်လာနေတတ်ကြပါတယ်။ပြဿနာကဒီလူတွေဟာသာသနာပလူတွေဆီအထူးသွားဟောကြတာမဟုတ်ဘဲယုံကြည်ပြီးသားဖြစ်တဲ့ခရစ်ယာန်တွေဆီမှာသာအဓိကပစ်မှတ်ထား ဟောပြောသွေးဆောင်နေတတ်ကြတာပါ။ဒါသတိထားစရာပါ။
၆။သြဝါဒမတည်မြဲခြင်း
၂ပေ၂:၁၇မှာမိစ္ဆာပရောဖက်တွေရဲ့သြဝါဒဟာ ခနခန်းခြောက်တဲ့စမ်းရေတွင်းနဲ့လေတိုက်ရင်လွင့်ပျောက်သွားမယ့်မိုးတိမ်လိုတည်မြဲခြင်းမရှိကြောင်းဖော်ပြထားပါတယ်။ ယနေ့ပေါ်ထွက်နေတဲ့ခရစ်ယာန်လောကအယူလွဲတွေဟာလဲသမ္မာကျမ်းစာအတိုင်းစစ်ဆေးခြင်းကိုမခံနိုင်ဘဲခနတမျိုး တော်ကြာတမျိုးနဲ့လိုရာပြောင်းလဲနေတဲ့အရာတွေဆိုတာသတိထားရပါမယ်။
၇။ဟောတဲ့အတိုင်းဖြစ်မလာခြင်း
မိစ္ဆာပရောဖက်တွေဟာလွဲမှားတဲ့ပရောဖက်ပြုချက်တွေကိုအမြဲဟောတတ်ကြပါတယ်၊ဥပမာယေရှုပြန်ကြွလာမယ့်နေ့ရက်အတိကျနဲ့ရှေ့ဖြစ်လာမယ်နိမိတ်ဘာညာစသဖြင့်ပေါ့။အသင်းတော်သမိုင်းမှာအဲလိုလွဲမှားစွာနိမိတ်ဖတ်ခဲ့တဲ့သူတွေအများကြီးရှိခဲ့သလိုယနေ့ထိတိုင်ရှိနေဆဲပါ။အဲဒီလိုကြို ဟောပြီးဖြစ်မလာခဲ့တဲ့ပရောဖက်ဆိုသူတွေကိုယနေ့ယုံကြည်သူတွေအထူးသတိထားစရာပါ။