ဘုရားသခင်တည်ရှိခြင်းသက်သေ(၇)မျိုး
နိဒါန်း
ဘုရားသခင်တည်ရှိခြင်းနှင့်ပတ်သတ်ပြီးသမိုင်းတလျှောက်မှာငြင်းခုန်မှုdebateတွေအများကြီးရှိခဲ့ပါသည်ဒီထဲကသမ္မာကျမ်းစာပညာရှင်များကနေဖော်ထုတ်သက်သေပြခဲ့တဲ့အချက်၇မျိုးကိုဖော်ပြပေးလိုက်ပါတယ်။
၁။ဖြစ်တည်ခြင်းသက်သေ(ontological argu- ment)
ဘုရားသခင်တည်ရှိခြင်းကိုသက်သေထူဖို့ “ဘုရားသခင်ထက် ကြီးမြတ်သောသူမရှိ ” ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ အစပြုခြင်းဖြစ်ပါတယ်။တနည်းအားဖြင့် “တည်ရှိခြင်းသည် မတည်ရှိခြင်း ထက်သာ၍ကြီးမားသည်”ဟူသောသက်သေပြချက် ဖြစ်ပါတယ်။ဒါကြောင့် အကြီးဆုံးသော ဖန်ဆင်းရှင် ရှိရမယ်လို့ယုံကြည်ခြင်းပါ။ဘုရားသခင်သည် မရှိခဲ့ လျှင်ဘုရားသခင်သည် အကြီးမားဆုံးသောသူမ ဖြစ်နိုင်ပေ။ဘုရားသခင်၏ဖြစ်ခြင်းအနက် ဖွင့်ဆိုချက် နှင့််ဆန့်ကျင်ဘက်ဖြစ်သွားပါလိမ့်မည်။
၂။ရည်ရွယ်ချက်သက်သေ(teleogical argu- ment)
ဒီအဆိုကစကြာ၀ဌာတစ်ခုလုံး ဟာအံ့ဩဖွယ်သော အနေအထားနဲ့လှပစွာတည်ရှိသောကြောင့်ရည်ရွယ် ချက်ရှိရှိပုံစံရေးသူ(intelligent design) ရှိရမည် ဟုယုံကြည်ကြခြင်းဖြစ်ပါတယ်။ဥပမာအားဖြင့်၊ကမ္ဘာ ဟာနေနဲ့လက်ရှိအကွာအဝေးထက်ဝေးသွားရင်
ကမ္ဘာကြီးကအေးပြီးသက်ရှိတွေသေသွားနိုင်သလို၊ဒီအကွာအဝေးထက်နီးသွားရင်လဲအပူလွန်ကဲလို့သက်ရှိတွေသေနိုင်တဲ့အနေအထားပါ(ကမ္ဘာ၁:၁၄)နောက်ပြီးရေဓာတ်ဟာသက်ရှိအတွက်မရှိမဖြစ်မို့ကမ္ဘာကြီးထဲမှာရေ70%တည်ရှိနေရတာပါ၊ဒီရေက နေတဆင့်ရေခိုးရေငွေ့တွေဖြစ်စေပြီးမိုးအဖြစ်ပြန်လည်ရွာသွန်းပေးခြင်းရဲ့ရည်ရွယ်ချက်ပါ(သုတ္တံ၃:၁၉-၂၀၊တမန်၁၄:၁၇)။ဒီရေနဲ့အလင်းအားဖြင့်ရှင်သန်လာတဲ့အပင်တွေကိုဘုရားသခင်ကသက်ရှိတွေအတွက်အောက်စီဂျင်နဲ့အခြားလိုအပ်မှုကိုရည်ရွယ်ချက်ရှိရှိပြန်လည်စီစဉ်ပေးထားပါတယ်(ကမ္ဘာ၁:၂၂)။ရိုတင်မော်လီကြူး တစ်ခုထုတ်လုပ်နိုင်ဖို့တကြိမ်မှာ၁၀၂၄၃ လိုအပ်ပါ တယ်။(၎င်းသည် ၁၀ ပြီးနောက် ၂၄၃ 0’s တို့က လိုက်လာခြင်းဖြစ်သည်)။ ဆဲလ်တခုဟာ သန်းနှင့် ချီသောပရိုတင်မော်လီကြူတို့ဖြင့်ဖွဲ့စည်းထားခြင်း…စသဖြင့် ဒါတွေကိုသေချာလေ့လာကြည့်ရင်ဖန် ဆင်းရှင်ဘုရားသခင်ဟာရည်ရွယ်ချက်အပြည့်နဲ့သေချာတိကျလုပ်ဆောင်ပေးထားတယ်ဆိုတဲ့အဆိုဖြစ်ပါတယ်။
၃။စကြာဝဠာသက်သေ(cosmological argument)
အကြောင်းရှိမှအကျိုးရှိရမယ်ဆိုရင်ဒီစကြာဝဠာထဲရှိသမျှအရာသည်အကြောင်းမဲ့သက်သက်တော့မဟုတ်ခြင်းကိုအခြေခံထားတာဖြစ်ပါတယ်။ဒီအဆိုကိုအကြောင်းနှင့်အကျိုးအဆို(cause and effectလို့လဲခေါ်ပါတယ်ပထမဆုံးအကြောင်း တခုကိုရှာမှီးတဲ့သဘောပါ။တနည်းအားဖြင့်အရာခပ်သိမ်းဖြစ်လာဖို့ ဖန်တီးပေးတဲ့သူတစ်ယောက်ရှိ နေရမယ်၊နောက်ဆုံးအနေဖြင့်၊ဖန်ဆင်းခြင်းအားလုံး ထဲမှာ“ဖန်ဆင်းခြင်း”မခံသောသူတစ်ဦးရှိရမည်။ထို “ဖန်ဆင်းခြင်း” မခံရသောသူဟာဘုရားသခင်ပင် ဖြစ်တဲ့သဘောပါ။ဥပမာနာရီတလုံးတွေ့ရင်ဒါနာရီ လုပ်တဲ့သူရှိကြောင်းသိရမယ်၊ကွန်ပျူတာကိုင်မိရင် ထွင်တဲ့သူရှိကြောင်းသိရမယ်၊ဒီလိုပါဘဲသင်ဟာ စကြာဝဠာရဲ့နည်းစနစ်တကျလှည့်ပတ်နေတဲ့အံ့ဩဘွယ်ဖြစ်တည်မှုကိုသိရတဲ့အခါဒါကိုဖန်ဆင်းကိုင်တွယ်တဲ့သူရှိကြောင်းနားလည်ရမဲ့အဆိုပါ။ဒီအဆိုရဲ့သမ္မာကျမ်းစာအခြေခံကတော့ကမ္ဘာဦကျမ်း၁:၁-၂၇၊ဟေရှာ၄၅:၇၊ယောဘ၁၂:၉၊ဆာလံ၁၉:၁ဖြစ်ပါတယ်။
၄။ကိုယ်ကျင့်တရားသက်သေ(moral argu- ment)
သမိုင်းတစ်လျှောက်ကြည့်မယ်ဆိုရင်ယဉ်ကျေးမူအားလုံးက ဥပဒေပုံစံရှိတာတွေ့ရမယ်။ လူတိုင်းမှာ အမှားအမှန်ဆိုတဲ့ခံယူချက်ကိုယ်စီရှိကြပါတယ်…ဥပမာ-သတ်ခြင်း၊လိမ်ညာခြင်း ခိုးခြင်းနှင့်အကျင့်စာရိတ္တပျက်ပြားခြင်းတွေကိုလူတိုင်းကမနှစ်သက် ကြပါ။လူတိုင်းမှာဒီလို အမှားနှင့်အမှန် သိရှိနိုင်တဲ့ ပညာရှိခြင်းအားဖြင့်စီရင်ပိုင်သတဲ့ဘုရားသခင်တပါးရှိကြောင်းဆိုလိုခြင်းဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိကြ တဲ့ဘယ်လူမျိုးနွယ်စုဖြစ်ပါစေကောင်းသာလုပ်ရင်ကောင်းတာရမယ်မကောင်းတာလုပ်ရင်မကောင်းတာပြန်ရမယ်ဆိုတာယုံကြည်ကြပါတယ်၊ဒါပေမဲ့ ဒီကောင်းခြင်းနဲ့မကောင်းခြင်းကိုစီရင်ကြိုးကိုင်နေတဲ့ဘုရားကိုသာမသိသေးတာပါ(ရောမ၂:၁၄:၁၅)။နောက်ပြီးတချို့လူတွေ ဘုရားသခင်တည်ရှိခြင်းကို မယုံကြည်ရခြင်းဟာအပြစ် စီရင်ခြင်းကနေလွှတ်မ လားဆိုတဲ့ရည်ရွယ်ချက်ပါ။ဥပမာဘုရားသခင်မရှိရင်တော့ဒီဘုရားရဲ့စီရင်ခြင်းကိုကြောက်ရွံ့ခြင်းမရှိပဲ ကိုယ်လုပ်ချင်တာလုပ်နေနိုင်မယ်ပေါ့။ဒါကြောင့် လူပေါင်းများစွာက တရားစီရင်ခြင်းမှ လွက်မြောက် လိုသောကြောင့်ဆင့်ကဲ့ဖြစ်စဉ်နဲ့ပေါက်ကွဲဖြစ်စဉ်ခံယူချက်ကိုစွဲကိုင်လျှက်ဖန်ဆင်းရှင်ဘုရားသခင်တည်ရှိကြောင်းကို လုံး၀မလက်ခံနိုင်တော့တာပါ။ အသိစိတ်ထဲကဘုရားတည်ရှိကြောင်းခံယူထားပေမဲ့မဝန်ခံချင်ကြဘူးဖြစ်နေပါတယ်။ဒါကြောင့်တချို့ သောသူတို့သည် ဘုရားသခင်မရှိသည်ဟုမိုက်မဲ့စွာ ငြင်းခုံလိုခြင်းသည်အကျိုးမဲ့အနတ္တသက်သက်ငြင်းခုံခြင်းပင်ဖြစ်ပါသည်။
၅။လူသားဖွဲ့စည်းပုံသက်သေ(anthropologi- cal argument)
လူဆိုတဲ့သတ္တဝါမျိုးမှာရှုပ်ထွေးလှတဲ့အံ့ဩဘွယ်ခန္ဓာကိုယ်နှင့်ဩသပစိတ်၊ညာဏ်ပညာ၊သံယောဇဉ်၊အချစ်၊အာရုံတွေ…ရှက်တတ်ခြင်း၊ဘုန်းရှိခြင်း၊သနား တတ်ခြင်း၊ကိုယ်ကျင့်တရား၊ကိုးကွယ်မှုရှာဖွေတတ်ခြင်းစသဖြင့်ဖြစ်တည်နေခြင်းအားဖြင့်ဖန်ဆင်းရှင်ရှိကြောင်းအဆိုပြုခြင်းဖြစ်ပါတယ်။ဒီအရာတွေဟာ လူသားကလွဲလို့ကျန်သတ္တဝါတွေမှာမရှိပါဘူး။ဒါကြောင့်လူသားဆိုတာဘုရားဖန်ဆင်းခြင်းရဲ့အထွဠ်ထိပ်ဖြစ်ကြောင်း၊ဥပမာကလေးမမွေးလာ ခင်ကတည်းက၊မိဘတွေမှကလေးအတွက်ပြင်ဆင် ထားကြပြီးသလို ဘုရားကလဲဖန်ဆင်းခြင်းအရာအားလုံးကိုလူသားအတွက်ပြင်ဆင်ပေးခဲ့ကြောင်းပါ။လူသားတယောက်ဖြစ်ဖို့ဖိုမသုတ်ပိုးဖြစ်တည် မှုကအစဆဲလ်တွေဖြစ်တည်မှုကအဆုံးအံ့ဩဘွယ် ပါ။ဥပမာ..လမ်းညွန်မှုဗဟိုကဦးနှောက် ဆက်သွယ်မှု အားလုံးကအာရုံစနစ်၊အသံဖမ်းတာကနား၊အမြင်ရိုက်ကူးရေးကမျက်လုံး၊အနံ့အရသာခံခြင်းနဲ့ ခံစားတတ်ခြင်းနဲ့အတွင်းသန့်စင်စက်…စသဖြင့်ပြောလို့မကုန်နိုင်အောင်များပြားပါတယ်။တခုချင်းသေ ချာလေ့လာကြည့်ရင်လူ့ခန္ဓာအံ့ဘွယ်ပါ၊ဥပမာ မျက် လုံးကပါဝါအနီးအဝေးလိုသလိုချက်ချင်းချိန်လို့ရတာကအစပေါ့(ဆာလံ၁၃၉:၁၄)။
၆။ကိုးကွယ်မှုသက်သေ(universal religious argument)
ကမ္ဘာပေါ်ကလူသားအားလုံးမည်သည့်မျိုးနွယ်စုဖြစ် ပါစေ၊ကိုးကွယ်မှုဘာသာတရားကိုယ်စီရှိနေကြပါ သည်၊တိုးတက်မှုလုံးဝမရှိတဲ့တောနက်ကြီးထဲက လူရိုင်းတွေတောင်အရာတခုခုကိုရှာကိုးကွယ်တတ်ကြသည်၊ယနေ့ဘုရားမဲ့ဝါဒတွေပင်လျင်မိမိကိုယ် ကိုယ်ကိုးကွယ်ခြင်းဖြစ်သည်၊ဒီလိုဘာသာတရားကို ရှာမှီးနေတတ်ခြင်းသည်လူသားမှတပါးအခြားသတ္တဝါမျိုးတွင်မရှိပါ၊ဒါဟာဘုရားသခင်တပါးရှိ ကြောင်းလူတွေရဲ့ကိုးကွယ်စာငတ်ခြင်းကနေသက်သေပြတဲ့အဆိုဘဲဖြစ်ပါတယ်(တမန်၁၇:၂၃-၂၄)။
၇။သမိုင်းသက်သေ(historical\_argument)
လူ့သမိုင်းရဲ့ဆင်းသက်လာမှုအဆင့်ဆင့်၊နိုင်ငံထွန်း ကားကွယ်ပျောက်ခြင်းကအစ၊အထူးသဖြင့်အစ္စရေး နိုင်ငံရဲ့ဖြစ်တည်လာမှုတလျှောက်လုံးကိုလေ့လာကြည့်ရင်ထာဝရဘုရားသခင်တည်ရှိကြောင်းသက်သေတွေအများကြီးတွေ့ရမှာဖြစ်ပါတယ်။ဒံယေလ အနာဂတ္တိကျမ်းကနေဗုခနေဇာမင်းရဲ့အိမ်မက်ထဲမှာလူရုပ်တုကြီးဟာရွှေခေါင်း၊ငွေရင်၊ကြေးဗိုက်သံပေါင် နဲ့ ရွံ့+သံဖြစ်တဲ့ခြေထောက်တွေဟာလူ့သမိုင်းထဲကဖြစ်ပျက်ခဲ့တဲ့ဗာဘုလုန်နိုင်သံ၊ပေရတိနိုင်ငံ၊ဂရိနိုင်ငံ၊ရောမနဲ့အရှေ့ရောမ၊အနောက်ရောမတို့ဖြစ်ပါတယ်။လူ့သမိုင်းကိုကြည့်ခြင်းအားဖြင့်ဘုရားသခင်ရှိကြောင်းပိုထင်ရှားပါတယ်။ဥပမာb.c605မှာ ယုဒပြည်ဟာဗာဘုလုန်လက်ထဲကျရှုံးခဲ့တယ်၊ဂျေရုစလင်ပျက်စီးပြီးဗိမာန်တော်မီးရှီု့ခံခဲ့ရတယ်၊လူတွေလဲအများကြီးအသက်ဆုံးခဲ့ရပါတယ်။နှစ်ပေါင်း၂၅၀၀ကြာပြီးနောက်၊ဘယ်လိုမှပြန်လည် ထူထောင်ဖို့မဖြစ်နိုင်ဘူးထင်ထားတဲ့ကြားကအစ္စရေးနိုင်ငံကို1948ခုနှစ်5လ14ရက်နေ့မှာပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။ပြီးနောက်သမိုင်းမှာနာမည် ကြီးခဲ့တဲ့၆ရက်တိုက်ပွဲ၊ဒါတွေအားလုံးခြုံကြည့်ရင် ဘုရားသခင်ထာဝရဘုရားရှိနေကြောင်းသက်သေထူနေခြင်းပါဘဲ(တောလည်ရာ23:9၊တရားဟော ရာ30:1-3၊ယေဇကျေလ37:21၊28:25-26)။
နိဂုံး
တကယ်တမ်းတော့ဘုရားသခင်ရှိကြောင်းကိုဘုရားကိုယ်တိုင်ဖော်ပြမှု(သမ္မာကျမ်းစာ)ကလွဲလို့အခြားသက်သေတွေမခိုင်မြဲပါဘူး၊ဖန်းဆင်းခံလူသားက ဖန်ဆင်းရှင်ရှိကြောင်းသက်သေပြဖို့ဆိုရင်ဒီဖန်ဆင်းရှင်ကိုယ်တိုင်ကျမ်းစာမှာဖော်ပြထားတဲ့အရာအား
ဖြင့်သာသိနိုင်ပါမယ်။ဒါပေမဲ့လူတွေသက်သေမပြ နိုင်လို့ဘုရားပျောက်ကွယ်မသွားသလို၊သက်သေ ပြနိုင်မှဘုရားတည်ရှိခြင်းကပိုခိုင်မာလာတာမဟုတ်ပါဘူး။သမ္မာကျမ်းစာ(ဟေဗြဲ၊ ၁၁း၆)ကဘုရားသခင် ရှိကြောင်းကိုကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်လို့မိန့်ဆိုထားပါသည်။တနည်းအားဖြင့် ဘုရားသခင်အလိုတော်ရှိပါက လောကတခုလုံးတွင် သူရှိကြောင်းကိုသူကိုယ်တိုင်ဖွင့်ပြသက်သေထူနိုင်ပါတယ်။သို့ပေမဲ့ဘုရားကဒီလိုလုပ်ခံ့ရင်ယနေ့ယုံကြည် ခြင်းလိုအပ်တော့မည်မဟုတ်ပါ။ဒါကြောင့်ယေရှုက (ယောဟန်၊ ၂၀း၂၉)မှာ”သင်သည် ငါ့ကိုမြင်သော ကြောင့်ယုံကြည်ခြင်းရှိ၏။ငါ့ကိုမမြင်ပဲယုံသောသူ တို့သည် မင်္ဂလာရှိကြ ၏”လို့မိန့်တော်မူခဲ့တာပါ။ဆိုတော့ဘုရားသခင်ကိုယုံကြည်ခြင်းဆိုတာဘာမှမမြင်တဲ့အမှောင်ထုထဲခုန်ချသောမျက်ကန်းကဲ့သို့မဟုတ်ပါဘူး၊ ၉၀% သော ပုဂ္ဂိုလ်တို့၀င်ရောက်ခဲ့ပြီ ဖြစ်တဲ့အခန်းဆီသို့ရောင့်ရဲစွာချီတတ်ခြင်းသာဖြစ်ပါတယ်(ဟေဗြဲ၁၂:၁)။