• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာမှချစ်ခြင်းနည်းလမ်း(၁၀)မျိုး

ဆရာရဲမင်း

11 月 9, 2024

သမ္မာကျမ်းစာမှချစ်ခြင်းနည်းလမ်း(၁၀)မျိုး

၁။ကြားဖြတ်မပြောဘဲနားထောင်‌ပေးခြင်း။
သုတ္တံ၁၈:၁၃ အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။

၂။မပြစ်တင်ဘဲစကားပြော‌ပေးခြင်း။
ယာကုပ်၁:၁၉ သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။

၃။မနှမြောဘဲစွန့်ကြဲခြင်း။
သုတ္တံ၂၁:၂၆ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ်၏။
၁ကော၁၃း၃သူတစ်ပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှာ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။

၄။မ‌မေ့လျော့ဘဲဆုတောင်းပေးခြင်း။
ကောလောသဲ၁:၉ ထို့ကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဘို့ အလိုငှါ အစဉ်မပြတ်ဆုတောင်းပဌနာပြုလျက် နေကြ၏။
မဿဲ ၅:၄၄ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသောငှာ၊ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသော သူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။

၅။ရန်လိုစိတ်မရှိဘဲဖြေကြားခြင်း။
သုတ္တံ၁၇:၁ တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။

၆။ဟန်ဆောင်မူမရှိဘဲရိုးသားခြင်း။
၂ကော၆:၆ စိတ်နှလုံးစင်ကြယ်ခြင်း၊ပညာရှိခြင်း၊စိတ်ရှည်ခြင်း၊ကျေးဇူးပြုခြင်း၊သန့်ရှင်းသော ဝိညာဉ်တော် ကိုခံခြင်း၊ ချစ်ယောင် မဆောင်အမှန်ချစ်ခြင်း…၌ထင်ရှားစွာပြ၏။

၇။မညည်းငြူဘဲလုပ်ဆောင်ခြင်း။
ဖိလိပ္ပိ ၂:၁၄ သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။

၈။မသင်္ကာမဖြစ်ဘဲယုံကြည်ပေးခြင်း။
၁ကော၁၃:၇ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။

၉။မမေ့လျော့ဘဲကတိတည်ခြင်း။
သုတ္တံ၁၃း၁၂ မြော်လင့်သောအရာသည် ဖင့်နွဲလျှင်၊ စိတ်နှလုံး ကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
ရောမ၁:၃၁ မပြုအပ်သောအရာ…ကတိမတည်ခြင်း…။

၁၀။မစီရင်ဘဲခွင့်လွှတ်ခြင်း။
ယော ၈:၁၁ ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်းသင်၏အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။
ကောလောသဲ၃:၁၃တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကို လွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။