ခရစ်ယာန်အစွန်းရောက်(၃)မျိုး
၁။ပထမအစွန်းရောက်တမျိုးက
မိမိကြိုက်နှစ်သက်တဲ့ဆရာတွေအမှားကြီးလုပ်ခဲ့တာသိနေလျက်မေတ္တာနဲ့မထောက်ပြဘဲလိုက်ဖာထေးနေသူများ၊အခြားသူတွေကနေဒီဆရာမှားနေကြောင်းမေတ္တာနဲ့ထောက်ပြတာကိုလည်းရန်လိုသူများ။မိမိဆရာကိုထိဓားကြည့်ဆိုသူများ၊ဒါဟာလောကမေတ္တာမှန်ကောင်းမှန်မယ်၊သမ္မာတရားပေါ်ရပ်တည်တဲ့ဘုရားမေတ္တာတော့မဟုတ်ဘူး။တနည်းအားဖြင့်ဆရာစွဲလွန်သွားတဲ့အစွန်းရောက်ယုံကြည်မှုပါဘဲ။“ဘုရားလူမှားရင်ဘုရားစီရင်မယ်လူတွေဘာမှမပြောနဲ့”ဆိုတဲ့ခံယူချက်ဟာသမ္မာတရားနဲ့လုံးဝမကိုက်ညီပါဘူး၊ဘုရားရွေး ကောက်တင်မြောက်ထားတဲ့ဒါဝိဒ်မှားခဲ့ရင်တောင်ပရောဖက်နာသန်ကဘုရားစကားနဲ့ရဲရဲတောက်ထောက်ပြခဲ့တာပါ။ယနေ့ခေတ်မှာဘုရားသခင်ပြောမယ့်စကားတွေကသမ္မာကျမ်းစာထဲအကုန်ပေးထားပါပြီ၊ဒီကျမ်းစာနဲ့မှားမှန်ကိုပိုင်းခြားပြီးခံယူထောက်ပြတတ်ဖို့လိုပါတယ်။ကျမ်းစာမဖတ်ဘဲမိမိခံစားချက်နဲ့ပြောချင်တာတွေကတော့ဘုရားစကားမဖြစ်နိုင်ပါဘူး။
(အကြောင်းမူကား၊ ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။ဂလာတိဩဝါဒစာ1:10 )
၂။ဒုတိယအစွန်း ရောက်တမျိုးက
သူတပါးအမှားကိုမေတ္တာနဲ့ပြန်လည်တည်ဆောက်ပေးဖို့ရည်ရွယ်တာမဟုတ်ဘဲ၊အပြစ်လိုက်ပုံချနေသူများ၊စီရင်လွန်နေသူများ၊တမင်တကာလှောင်ပြောင်ကဲ့ရဲ့နေသူများ၊သတင်းတုဖွပြီးတိုက်ခိုက်နေသူများ၊မိမိအပြစ်ကိုမမြင်ဘဲသူတပါးအမှားကိုလိုက်လံဆဲဆိုရိုင်းစိုင်းနေသူများဟာလောကတရားအနေနဲ့ဖြစ်သင့်ကောင်းဖြစ်သင့်မယ်၊သမ္မာတရားရဲ့သွန်သင်မှုကတော့လုံးဝမဟုတ်ပါဘူး။ဒီလိုလူတွေဟာခရစ်ယာန် တွေဆိုရင်တောင်တနည်းအားဖြင့်အစွန်းရောက်နေတဲ့ခရစ်ယာန်တွေဘဲဖြစ်ပါမယ်။
(ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာ မဟုတ်၊ တည်ဆောက်ခြင်းအလိုငှာ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။ကောရိန္သုဩဝါဒစာဒုတိယစောင် 13:10)
၃။နောက်ဆုံးအစွန်းရောက်တမျိုးက
အမှားကိုမဝန်ခံတဲ့အမှုတော်ဆောင်တွေနဲ့ဝန်ခံပေမယ့်ဆက်မှားနေသူပါ။လူတိုင်းမှားတတ်ပါတယ်၊အထူးသဖြင့်အမှု တော်ဆောင်တွေပလ္လင်ပေါ်မှာဟောပြောတာကျနော်အပါအဝင်မမှားဖူးသူမရှိပါဘူး။မှားဖူးတဲ့အမှု တော် ဆောင်ချင်းတူပေမယ့်မတူတာကတော့မိမိအမှားကိုဆင်ခြင်ပြီးပြုပြင်သူနဲ့ဆက်မှားနေသူပါ။ဥပမာဒါဝိဒ်နဲ့ရှောလု၊အမှားလုပ်တာချင်းတူပေမယ့်မတူတာကအမှားကိုဝန်ချတတ်ပြီးဆက်မလုပ် တော့တဲ့သူနဲ့အမှားကိုအ ပေါ်ယံသာဝန်ချပြီးလက်တွေ့မပြောင်းလဲသူကကွာသွားတာပါ။ယနေ့အမှုတော်ဆောင်တွေအမှန်ဖြစ်သင့်တာကကိုယ်ပြောခဲ့တာလုပ်ခဲ့တာမှားသွားရင်၊သမ္မာကျမ်းစာနဲ့သွေဖယ်တဲ့ဟောပြောမှုတွေရှိခဲ့တာမှန်ရင်နောင်တရဝန်ချတတ်ဖို့လိုပါတယ်။ဆက်မှားနေတာကိုမှန်သလိုခံယူနေတဲ့အမှုတော်ဆောင်တွေဟာအစွန်းရောက်တဲ့သူတွေပါဘဲ။
(ထိုအယူနှင့်သဘောတူသော နိကောလတပည့်တို့၏ အယူကို စွဲလမ်းသောသူတို့သည် ထိုနည်းတူ သင်၌ရှိကြ၏။ထိုကြောင့် နောင်တရလော့။ မရလျှင် သင်ရှိရာသို့ငါသည် အလျင်အမြန်လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏သန်လျက်နှင့် စစ်တိုက်မည်။ဗျာဒိတ်ကျမ်း2:15-16 )
ကျွန်တော်ရေးနေဟောနေတာတွေကနူတ်ကပတ်တော်နဲ့မကိုက်ညီတာရှိရင်မေတ္တာနဲ့ထောက်ပြပေးနိုင်ပါတယ်။