ယေရှုကိုမယုံလို့ငရဲသွားရတဲ့အပြစ်ရှိသွားတာလား?
မေးခွန်း
“မင်းတို့ထာဝရဘုရားကမတရားဘူး၊အတ္တရမ္မက်ကြီးတယ်။လူတွေကိုအတင်းအဓမ္မ ဖန်ဆင်းပြီးမှ လွတ်လပ်စွာရွေးချယ်ကိုးကွယ်ခွင့်မ ပေးဘဲသူ့ကိုပဲကိုးကွယ်ခိုင်းတယ်၊မကိုးကွယ်တော့ငရဲထဲထည့်တယ်။တစ်ဖက်သတ်မတရားတဲ့ဘုရားဘဲဗျ။”
ဖြေရှင်းချက်
၁။ဘုရားသခင်ကလူကို၁၀၀%လွတ်လပ်ခွင့်ပေးထားပါတယ်။အတင်းမယုံကြည်ခိုင်းပါဘူး။ဒါကြောင့်လည်းသခင်ယေရှုခရစ်ကလူသားအားလုံးအတွက်အသေခံကယ်တင်သွားခဲ့တာတောင်လူ့ဖက်ကယုံကြည်လက်ခံမှကယ်တင်ခြင်းရတာပါ။တနည်းအားဖြင့်ဘုရားသခင်ကသူဖန်ဆင်းထားတဲ့သူတိုင်းကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးထားပါတယ်။
၂။ဒုတိယအနေနဲ့သိထားရမှာဘုရာသခင်ကိုမယုံကြည်လို့(မယုံကြည်တဲ့အပြစ်ကြောင့်)ငရဲသွားတာမျိုးမဟုတ်ပါဘူး၊ငရဲသွားတာဟာမိမိရဲ့အပြစ်ကြောင့်ပါ။ဥပမာကင်စာရောဂါလူနာတစ်ယောက်ကိုဆရာဝန်ကမဖြတ်ထုတ်ရင် သေမှာဖြစ်ကြောင်းသတိပေးလာတဲ့အခါ၊ဆရာဝန်ရဲ့ကုသခြင်းမခံလိုလူနာကဒီရောဂါရတာမဟုတ်ဘဲနဂိုကသေဖို့သေချာနေတဲ့ရောဂါရထားလို့ကုသဖို့လိုတာပါ။ဒါကြောင့်လူနာသေရမှာကသေချာနေပြီးကုသမှုမခံယူရင်ကယ်ဆေးမရှိတော့တာပါ။
ဒီလိုပါဘဲ၊ဘုရားကိုမယုံကြည်လို့မှငရဲသွားရတာမဟုတ်ရဘဲမိမိရဲ့ကာယကံ၊ဝစီကံ၊မနောကံတွေနဲ့ပြစ်မှားမိခဲ့တဲ့အကုသိုလ်ကံတွေကြောင့်(ဗုဒ္ဓစကားအရ)ငရဲသွားရတာသေချာနေတာပါ။လူ့အမြင်မှာ“လူဆိုးနဲ့လူကောင်း”ဆိုတာရှိ ပေမဲ့ဘုရားအမြင်မှာတော့လူကောင်းတစ်ယောက်မှမရှိဘဲအပြစ်သားတွေပါဘဲ။ဒါကြောင့်ဘုရားဆိုတာမသိခင်၊ကယ်တင်ရှင်ဆိုတာမသိခင်ကတည်းကမိမိအပြစ် ကြောင့်ငရဲသွားရမှာသေချာနေတာပါ။
၃။အဲလိုငရဲသွားရမှာသေချာနေတဲ့လူတစ်ယောက်ဟာ ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုလက်ခံလိုက်ရုံဖြင့်ငရဲကနေလွတ်မြောက်တာဖြစ်ပါတယ်။ဒါကိုခရစ်ယာန်တွေကအတိုချုံးနဲ့ “ယေရှုကိုမယုံရင်ငရဲသွားရမယ်”လို့ဟောတာကိုခံယူမှုမလွဲစေချင်ပါ။အမှန်တော့ယေရှုကိုမယုံလို့ငရဲသွားမယ်ဆိုတဲ့စကားကလည်းမှားတာမဟုတ်ပါဘူး၊နဂိုငရဲသွားရမယ့်သူကကယ်တင်ရှင်ကိုလက်မခံတော့ငရဲသွားရမှာပိုသေချာသွားတဲ့သဘောသာဖြစ်ပါတယ်။
၄။နောက်ဆုံးအနေနဲ့ပြောချင်တာက၊ဒီအကြောင်းအရာကိုသေချာသိရှိနားလည်ပြီးလက်မခံဘူးဆိုရင်လည်းဘုရားသခင်ကအတင်းမလုပ်ပါဘူး၊ဒါပေမယ့်ငရဲသွားရတဲ့အခါဘုရားကိုမယုံကြည်ခဲ့လို့ဆိုတာထက်မိမိအပြစ်ကြောင့်၊မိမိအပြစ်ကိုဆေးကြောသူကမ်းလှမ်းလာတာကိုလက်မခံခဲ့တာကြောင့်လို့သာခံယူရပါတော့မယ်။
ယေရှုက၊ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏။ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ရှင်ယောဟန်ခရစ်ဝင်14:6