• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဧလိယ၊ဧလိရှဲ၊ယေရှုဘုရား၏နိမိတ်များ

ဆရာရဲမင်း

11 月 11, 2024

ဧလိယ၊ဧလိရှဲ၊ယေရှုဘုရား၏နိမိတ်များ

ဧလိယအားဖြင့်ဘုရားပြုသောနိမိတ်
☀☀☀☀☀☀☀☀☀☀☀☀☀
၁။မိုးမရွာခြင်း(၃ရာ ၁၇:၁)
၂။ဆီမကုန်သောအိုး(၃ရာ ၁၇:၁၄)
၃။မုဆိုးမသားအသက်ရှင်(၃ရာ ၁၇:၂၂)
၄။ကောင်းကင်မှမီးကျ(၃ရာ ၁၈:၃၈)
၅။မိုးရွာစေခြင်း(၃ရာ ၁၈:၄၅)
၆။ကောင်းကင်မီးကျလူသေ(၄ရာ ၁:၁၀)
၇။အာဟပ်ဗျာဒိတ်ပြည့်(၄ရာ၁၀:၁၀-၁၁)
၈။ရေကွဲခြင်း(၄ရာ ၂:၈)
အောက်ပါ ၃ ချက်တွက်မည်ဆိုက ၁၁ ခု။
၉။ကျီးကန်းအစာသယ်ကြွေး(၃ရာ ၁၇:၄)
၁၀။မြန်သောပြေးခြင်း(၃ရာ ၁၈:၄၆)
၁၁။တနက်စားရက်၄၀ခံ(၃ရာ ၁၉:၈)
………………………………………..

ဧလိရှဲအားဖြင့်ဘုရားပြုသောနိမိတ်
☀☀☀☀☀☀☀☀☀☀☀☀
၁။ယော်ဒန်မြစ်ရေကွဲခြင်း(၄ရာ၂:၁၄)
၂။ရေကိုချိုစေခြင်း(၄ရာ၂:၂၁)
၃။ဝံမနှစ်ကောင်(၄ရာ ၂:၂၃-၂၄)
၄။ရေတပြည်လုံးလွှမ်း(၄ရာ ၃:၂၀)
၅။အိုးထဲသို့ဆီပြည့်(၄ရာ ၄:၁-၆)
၆။အမျိုးသမီးပဋိသန္ဓေရ(၄ရာ ၄:၁၆-၁၇)
၇။သူငယ်ရှင်လာခြင်း(၄ရာ ၄:၃၆-၃၇)
၈။အိုးထဲကအဆိပ်ဖြေပေး(၄ရာ ၄:၄၁)
၉။လူတစ်ရာကိုကြွေးမွေး(၄ရာ ၄:၄၃)
၁၀။ဗိုလ်ချုပ်နေမန်သက်သာရ(၄ရာ ၅)
၁၁။ဂေဟာဇိ နူနာစွဲခံရ(၄ရာ ၅:၂၇)
၁၂။ရေကျပုဆိန်ရေပေါ်(၄ရာ ၆:၆)
၁၃။ဘုရားတပ်ကိုမြင်စေခြင်း(၄ရာ ၆:၁၇)
၁၄။ရန်သူကိုမမြင်စေခြင်း(၄ရာ ၆:၁၈)
၁၅။ရန်သူမျက်စိမြင်စေခြင်း(၄ရာ ၆:၂၀)
၁၆။လူသေကိုရှင်စေခြင်း(၄ရာ ၁၃:၂၁)
အောက်ပါ ၆ ချက်တွက်မည်ဆိုက ၂၂ ခု။
၁၇။ရှုရိရန်ကြိုတင်ဗျာဒိတ်(၄ရာ ၆:၈-၁၀)
၁၈။ကုန်ဈေးနုန်းကြိုဗျာဒိတ်(၄ရာ ၇ )
၁၉။အစာခေါင်းပါးခြင်းဗျာဒိတ်(၄ရာ ၈)
၂၀။ရှိုရိဘုရင်ဖျားသေခြင်း(၄ရာ ၈:၈)
၂၁။အာဟပ်မင်းခံရမည့်ဗျာဒိတ်(၄ရာ ၉:၁-၁၀)
၂၂။ဣသရေလစစ်အောင်ပွဲဗျာဒိတ်(၄ရာ ၁၃:၁၄-၁၉၊၂၅)
………………………………………….
ဧလိယအနက်ဟာ”ယာဝေသည်ဘုရား”ဖြစ်သောကြောင့်စီရင်ခြင်းကိုပုံဆောင်ပြီး၊ဧလိရှဲအနက်ဟာ”ယာဝေ၏ကယ်တင်ခြင်း”ဖြစ်သောကြောင့်ခရစ်တော်ရဲ့ကယ်တင်ခြင်းကိုပုံဆောင်ပါတယ်။
………………………………………….
သခင်ယေရှုပြုခဲ့သောနိမိတ်များမှာ
☀☀☀☀☀☀☀☀☀☀☀☀
မဿဲမှာ၂၀ခု၊မာကုမှာ၁၇ခု၊လုကာမှာ၂၀ခု၊ယောဟန်မှာ၁၀ခု အသီးသီးဖြစ်ပါတယ်။ဒါပေမဲ့ခရစ်ဝင်လေးကျမ်းလုံးမှာတူညီတဲ့အဖြစ်ပျက်တွေရှိနေတာကြောင့်ပေါင်းလိုက်ရင်ယေရှုခရစ်ပြုခဲ့သောနိမိတ်ဟာ အားလုံး ၃၅ ခုဖြစ်ပါတယ်။ဒါပေမဲ့တချို့ကျမ်းပညာရှင်တွေက မဿဲ၁၂:၂၂ ကနတ်ဆိုးစွဲသောလူကန်းလူအကိုကုသပေးတာနဲ့ လုကာ၁၁:၁၄ ကစကားအသောနတ်ဆိုးစွဲသူကိုကုသပေးတာမတူညီတဲ့ကိစ္စရပ်နှစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်၊အကယ်၍ဒီအဆိုမှန်နေရင်ယေရှုခရစ်ပြုခဲ့သောနိမိတ်ဟာ၃၆မျိုးဖြစ်မှာပါ။
ကုသခြင်း= ၁၈ ခု/ကြိမ်
နတ်ဆိုးနင်ထုတ်ခြင်း= ၆ ခု/ကြိမ်
သဘာဝကိုပြောင်းလဲစေခြင်း= ၉ ခု/ကြိမ်
လူသေကိုရှင်စေခြင်း= ၃ ခု/ကြိမ်
ယေရှု၏အနက်ဟာ”ယာဝေသည်ကယ်တင်ရှင်”ဖြစ်တဲ့အတွက်လူများကိုအပြစ်ကနေကယ်တင်မည့်သူဖြစ်ပါတယ်။
…………………………………………..
မှတ်ချက်။ ။မပြည့်စုံမှုရှိပါကကျနော်ye ming၏အားနည်းမှုသာဖြစ်ပါသည်။မေတ္တာဖြင့်ထောက်ပြပေးနိုင်ပါသည်။