• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

လိင်တူအပြစ်နဲ့သမ္မာကျမ်းစာ

ဆရာရဲမင်း

11 月 11, 2024

လိင်တူအပြစ်နဲ့သမ္မာကျမ်းစာ

ပထမဆုံးနားလည်သဘောပေါက်စေချင်တာကလိင်တူချင်းဆက်ဆံခြင်းဟာအပြစ်ဖြစ်တယ်လို့သမ္မာကျမ်းစာကအထူးဖော်ပြထားပါတယ်။ဒီကျမ်းချက်တွေဖတ်ကြည့်ပါ (ကမ္ဘာ၊ ၁၉း၁-၁၃၊ ဝတ်ပြု၊ ၁၈း၂၂၊ ရောမ၊ ၁း၂၆-၂၇၊ ၁ကော၊ ၆း၉)။
အထူးသဖြင့်ရောမ ၁း၂၆-၂၇ မှာလိင်တူဆက်ဆံခြင်းဟာ ဘုရားသခင့်စကားတော်ကို ငြင်းပယ်ခြင်း၊ နားမထောင်ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ နောက်ပြီး၁ကော၊ ၆း၉ထဲမှာကာမဂုဏ်လွန်ကျူးသော သူတို့သည်ကောင်းကင်နိုင်ငံတော်ကို အမွေမခံရကြဟု ဖော်ပြထားပါတယ်။

နားလည်စေချင်တာက
ဘယ်လူသားတဦးတယောက်ကိုမှဘုရားသခင်ကလိင်တူဆက်ဆံခြင်းပြုဖို့မဖန်ဆင်းခဲ့ပါဘူး။ လူသားတွေကိုယ်၌ကဘဲ မိမိရဲ့အပြစ်တရားနဲ့ကိုယ်တိုင်ရွေးချယ်မှုကြောင့် လိင်တူဆက်ဆံလာကြတာဖြစ်ပါတယ် (ရော၊ ၁း၂၄-၂၇) ။လူတစ်ဦးတ ယောက်ဟာမွေးရာပါလိင်တူဖြစ် ကောင်းဖြစ်နိုင်ပါတယ်၊ဥပမာလူတချို့မွေးရာပါကြမ်းကြုတ်တတ်သလိုမျိုး‌ပေါ့။ဒါပေမယ့်မွေးကတည်းကစိတ်ကြီးပြီးကြမ်းကြုတ်တတ်လို့ဆိုပြီးတဘဝလုံးကြမ်းကြုတ်သွားဖို့မဟုတ်ပါဘူး၊ငါကမွေးရာပါကြမ်းကြုတ်တတ်လို့အပြစ်ဒုစရိုက်ထဲမှာကျင်လည်‌ နေရတာလို့‌ ပြောမရပါ။ ထပ်ပြီးဥပမာပေးရမယ်ဆိုရင်မွေးရာပါဒေါသထွက်တတ်သူဟာတဘဝလုံးအချိန်တိုင်းအမျက်ထွက်နေရမယ်လို့မသက်‌ရောက်ပါဘူး။ဒီအတိုင်းပါဘဲ၊ငါကမွေးရာပါလိင်တူစိတ်ပါလာတာဆိုပြီးလိင်တူအပြစ်မှာတသက်လုံးဆက်လက်လွန်ကျူး‌‌နေရမယ်လို့မသက်ရောက်ပါ။မိမိရွေးချယ်‌ပြောင်းလဲမှုကသာအဓိကဖြစ်ပါတယ်။

သတိထားရမှာတခုက
သမ္မာကျမ်းစာထဲမှာလိင်တူဆက်ဆံခြင်းဟာအခြားသောအပြစ်များထက် ပိုပြီးကြီးမားတယ်လို့ဖော်ပြထားခြင်းလုံးဝ(လုံးဝ)မရှိပါဘူးဆိုတာပါဘဲ။တရားဟောဆရာတချို့အပါအဝင်ယနေ့များစွာသောခရစ်ယာန်တွေကလိင်တူဆိုရင်တမူအမြင်ကပ်ကြတယ်မုန်းကြတယ်၊မိမိထက်အပြစ်ကြီးကြီးမားမားလုပ်ထားသူလို့မြင်ကြတာအင်မတန်စိတ်မကောင်းစရာပါ။တကယ်တမ်း‌ တော့လိင်တူဟာဘုရားမနှစ်သက်တဲ့တခြားအပြစ်နဲ့အတူတူပါဘဲ၊လိင်တူအပြစ်မှဘဲတမူထူးခြားပြီးကြီးမ‌နေပါဘူး။

ဒီ‌နေရာမှာရှင်းပြချင်တာက
ကယ်တင်ခြင်းမှာအပြစ်ကအကြီးအ‌ သေးမရှိဘူးဆိုတာပါ။ဥပမာမယုံကြည်သူလိင်တူငရဲကျရင်သာမန်မယုံကြည်သူထက်ကြီးမားမနေပါ။သူတို့အားလုံးကကယ်တင်ခြင်းမရသေးသူမို့ပါ။ဒါပေမယ့်ကယ်တင်ခြင်းရပြီးတဲ့ခရစ်ယာန်အသက်တာမှာတော့အပြစ်အသေးအကြီးခွဲပါတယ်၊ဒါကြောင့်ခရစ်ယာန်ဖြစ်ပြီးလိင်တူအပြစ်ဆက်လုပ်‌နေရင်တော့စစ်မှန်တဲ့ခရစ်ယာန်မဖြစ်နိုင်ပါဘူး။

ဆိုတော့၊လိင်တူဆိုတာအပြစ်ထဲကအပြစ်ပါဘဲ၊ဒါကြောင့်ပြောင်းလဲရပါမယ်။တချို့ကျတော့လဲလိင်တူဟာအပြစ်မဟုတ်သလိုနဲ့လက်ခံနေကြတာလဲရင်လေးစရာပါ၊အပြစ်တိုင်းကိုထောက်ပြသတိပေးရပါမယ်၊ဆိုလိုချင်တာကလိင်တူအပြစ်ကိုမှအထူးသတိပေးပြီးကျန်အပြစ်ကိုသတိမပေးမလုပ်ရပါ။အပြစ်ဒုစရိုက်အားလုံးဟာ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုခြင်းဖြစ်တာမို့လိင်တူဆက်ဆံခြင်းဟာလဲ၁ကော၊ ၆း၉-၁၀ ထဲမှာဖော်ပြထားတဲ့အပြစ်အများကြီးထဲကအပြစ်တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာနားလည်‌‌စေချင်ပါတယ်။
ဒီအအပြစ်တရား‌တွေက ဘုရားသခင်ရဲ့နိုင်ငံတော်နှင့်ဝေးကွာ စေတာမို့ဘုရားသခင်ရဲ့ နောင်တနဲ့ဆိုင်တဲ့ခွင့်လွှတ်ခြင်းတရားဟာလည်းလိင်တူဆက်ဆံသောသူများ၊ပြည့်တန်ဆာလုပ်သောသူများ၊ ရုပ်တုကို ကိုးကွယ်သောသူများ၊ လူသတ်သမားများ၊ သူခိုးများ အတွက်အပါအဝင်ဖြစ် တယ်ဆိုတာမမေ့ပါနဲ့။ဒီလိုပြောလိုက်လို့လိင်တူကိုကာဗာလုပ်ပေးနေတာမဟုတ်ပါဘူး၊လိင်တူ‌တွေကိုလည်းဘုရားချစ်ကြောင်း၊ပြောင်းလဲစေချင်ကြောင်း၊အမြန်နောင်တရပြောင်းလဲဖို့လိုကြောင်းတိုက်တွန်းနေတာပါ။ တချိန်ထဲမှာဘဲလိင်တူအပြစ်ကမှတမူထူးခြားပြီးတခြားအပြစ်တွေထက်ကြီးမားနေတာလို့ခံယူ နေတဲ့လူတွေကိုလည်းနားလည်စေချင်တာပါ။အပြစ်တိုင်းဟာပြောင်းလဲရမယ်၊နောင်တရရမယ့်ဘုရားမနှစ်သက်တဲ့အရာတွေပါဘဲ။

သတင်းကောင်းကတော့
သခင်ယေရှုကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်သောသူတိုင်းဟာ၊လိင်တူဆက်ဆံတဲ့အပြစ်အပါအဝင် အပြစ်တရားအားလုံးအပေါ်အောင်မြင်ခြင်းရရှိမှာဖြစ်ပါတယ်၊အာမင်။‌ ခရစ်တော်၌အသစ်ပြုပြင်ခြင်းခံရတဲ့အခါအပြစ်ကိုအောင်မြင်ဖို့သင်ခွန်အားရရှိလိမ့်မယ်။ဒါဟာသမ္မာကျမ်းစာက‌‌ ဖော်ပြထားတဲ့ဘုရားသခင်ဂတိတော်ပါ(၁ကော၊ ၆း၁၁၊ ၂ကော၊ ၅း၁၇၊ ဖိလိပ္ပိ၊ ၄း၁၃)။အလင်းရကြပါစေ။အာမင်။