• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ပေးလှူမှုနိယာမ(၆)ချက်

ဆရာရဲမင်း

11 月 11, 2024

ပေးလှူမှုနိယာမ(၆)ချက်

နိဒါန်း
ခရစ်ယာန်ယုံကြည်သူအသက်တာမှာပေးလှူခြင်းကအရေးပါတဲ့အစိတ်အပိုင်းတခုဖြစ်ပါတယ်။ဒါကြောင့်လဲယုံကြည်သူတိုင်းလိုလိုအနည်းနဲ့အများပေးလှူနေကြရစမြဲပါ။ဒါပေမယ့်ပေးလှူမှုနိယာမ မသိရင်ကောင်းကြီးနဲ့ဝေးနေတတ်တာမို့ပေးလှူမှုရဲ့အခြေခံမူနိယာမ(၆)ချက်နဲ့အလင်းပေးချင်ပါတယ်။

၁။ပေးလှူတယ်ဆိုတာကောင်းကြီးရချင်လို့ဘဲမဟုတ်၊ကောင်းကြီးရထားလို့ဘုရားသခင်ကိုကျေးဇူးတင်တာဖြစ်ပါတယ်။အာမင်။
(တရားဟောရာ၈:၁၇-၁၈ငါ့​တန်​ခိုး၊ ငါ့​လက်​သ​တ္တိ​အား​ဖြင့် ဤ​စည်း​စိမ်​ကို​ငါ​ရ​တတ်​သည်​ဟု စိတ်​ထဲ​မှာ အောက်​မေ့​ခြင်း​အ​ပြစ်​ကို သ​တိ​နှင့်​ကြဉ်​ရှောင်​လော့။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ အောက်​မေ့​ရ​မည်။ အ​ကြောင်း​မူ​ကား၊ …စည်း​စိမ်​ရ​တတ်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ၏။)

၂။ပေးလှူတယ်ဆိုတာဘုရားကငွေလိုနေလို့မဟုတ်၊သင်ကကောင်းကြီးလို‌နေလို့ပါ။အာမင်။
(ဟဂ္ဂဲ၂:၈ရွှေ​နှင့် ငွေ​ကို ငါ​ပိုင်​သည်​ဟု၊ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။)
(ရာဇဝင်ချုပ်ပထမစောင် ၂၉:၁၄ခပ်​သိမ်း​သော​အ​ရာ​တို့​သည်တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။အ​ကျွန်ုပ်​တို့​သည်ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​ကသာကိုယ်တော်​အား ပူ​ဇော်​ပါ၏။)
(သုတ္တံ၃:၉သင်​သည် ကိုယ်​ဥ​စ္စာ​နှင့် အ​ဦး​သီး​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လော့။ သို့​ပြု​လျှင်၊ သင်၏​စ​ပါး​ကျီ​တို့​သည် ကြွယ်​ဝ၍၊ စ​ပျစ်​သီး​နယ်​ရာ​တန်​ဆာ​တို့​ကို အ​သစ်​သော စ​ပျစ်​ရည်​လျှံ​လိမ့်​မည်။)

၃။ငါဘယ်လောက်ပေးလှူလိုက်ပြီဆိုပြီးမဝါကြွားပါနဲ့။မပေါ်မလွင်ပေးလှူခြင်းမှသာဘုရားရှေ့မှာသာ၍ပေါ်လွင်တယ်ဆိုတာသိပါ။
(ရှင်မဿဲခရစ်ဝင်၆:၃-၄:သင်​သည်အ​လှူ​ဒါ​န​ကို​ပေး​သေအခါပေးကြောင်းကို မ​ထင်​ရှား​စေ​ခြင်း​ငှာ၊ လက်​ယာ​လက် ပြု​သသည်အ​မှု​ကို လက်​ဝဲ​လက်​မျှမ​သိ​စေ​နှင့်။မ​ထင်​ရှား​သသောအ​ရာ​ကိုမြင်​တော်​မူ​သောသင်၏​အ​ဘ​သည်အ​ကကျိုးကို​ထင်​ရှားစွာ ပေး​တော်​မူ​လ​တ္တံ့။)

၄။အများကြီးရှိမှပေးလှူမယ်လို့မခံယူမိပါစေနဲ့။ရှိတာလေးနဲ့ပေးလှူကြည့်ပါ၊တကယ့်အံ့ဩဖွယ်ကောင်းကြီးဖြစ်လာပါလိမ့်မယ်။အာမင်။
(၃ရာ၁၇:၁-၁၆မု​ဆိုး​မ​က…မုန့်​ပြား​တစ်​ပြား​မျှ​မ​ရှိ။အိုး​ထဲမှာမုန့်​ညက်​တစ်​လက်​ဆုပ်၊ဘူး၌ဆီ​အ​နည်း​ငယ်​သာ​ရှိ၏။ကျွန်​မနှင့်​သား​ငယ်​အ​ဖို့​ဖုတ်၍စား​လို​သော​ငှာ​လည်း​ကောင်း၊စားပြီး​မှသေ​လို​သော​ငှာ​လလည်းကောင်း၊ထင်း​စ​နှစ်​ခု​ကိုယ​ခု​ခွေ​ပါ၏​ဟု ပြန်​ပြော၏။ …ထို​မု​ဆိုး​မ​သည်​သွား၍ ဧ​လိ​ယ​စ​ကား​အ​တိုင်း ပြု​သ​ဖြင့်၊ ဧ​လိ​ယ​နှင့်​တ​ကွ ကိုယ်​တိုင်​မှ​စ၍၊ အိမ်​သား​တို့​သည် အင်​တန်​ကာ​လ​ပတ်​လုံး​စား​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​အ​တိုင်း၊ အိုး၌​ရှိ​သော မုန့်​ညက်​မ​ကုန်၊ ဘူး၌​ရှိ​သော​ဆီ မ​လျော့။)
(လုကာ၂၁:၂-၄ဆင်း​ရဲ​သောမု​ဆိုး​မ​တစ်​ယောက်​သည်လည်း ကြေး​နီ​ဒင်္ဂါး​နှစ်​ပြား သွင်း​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊ငါ​အ​မှန်​ဆို​သည်​ကား၊ထို​ဆင်း​ရဲ​သောမု​ဆိုး​မ​သည်အ​ခြား​သော​သူ​အ​ပေါင်း​တို့​ထက်သာ၍သွင်း​ချ​ပြီ။)

၅။အမှုတော်မြတ်မှာပါဝင်ပေးလှူလိုက်ခြင်းဟာပျက်စီးတတ်တဲ့ခေတ္တအရာကနေမပျက်စီးနိုင်တဲ့ထာဝရနေရာကိုငွေစာရင်း‌‌ရွေ့လိုက်ခြင်းပါဘဲ။
(ရှင်မဿဲခရစ်ဝင်၆:၁၉-၂၀သံ​ချေး၊ပိုး​ရွ​ဖျက်​ဆီး၍သူ​ခိုး​ထွင်း​ဖောက်​ခိုး​ယယူရာမြေ​ကြီး​ပေါ်​မှာဘ​ဏ္ဍာ​ကိုမ​ဆည်း​ပူး​ကြ​နှင့်။သံ​ချေး၊ပိုး​ရွမ​ဖျက်​ဆီး၍သူ​ခိုး​မ​ထွင်း​မ​ဖောက်၊မ​ခိုး​မ​ယူ​ရာ ကောင်း​ကင်​ဘုံ၌ဘ​ဏ္ဍာ​ကိုဆည်း​ပူး​ကြ​လော့။)

၆။ပေးလှူခြင်းဟာကောင်းကြီးတံခါးကိုဖွင့်တဲ့သော့ချက်ဖြစ်ပါတယ်။ပိုပေးလှူလေပိုပြီးပိုလျှံလေပါဘဲ၊ဟာလေလုယာ။
(၂ကော၉:၆အ​နည်း​ငယ်​သော​မျိုး​စေ့​ကို ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​သာ​ရိတ်​ရ​မည်။များ​စွာ​ကြဲ​သော​သူ​သည် များ​စွာ​ရိတ်​ရ​မည်​ဟု မှတ်​ကြ​လော့။)
(မာလခိ၃း၉-၁၀ဆယ်ဘို့တဘို့ရှိသမျှကိုဘဏ္ဍာတိုက်ထဲသို့သွင်း၍၊ ငါ့အိမ်တော်၌စားစရာရှိစေခြင်းငှါ၊ပြုကြလော့။ငါသည်မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ကောင်းကြီးမင်္ဂလာကိုအကုန်အစင်သွန်းလောင်းမည်မသွန်းလောင်း
မည်ကို ထိုသို့စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။)

နိဂုံး
မသိသူကျော်သွား၊သိသူဖော်စားဆိုတဲ့စကားအတိုင်းပါဘဲ၊ပေးလှူမှာနိယာမကိုမသိတဲ့အခါအမှားတွေလုပ်မိရင်းကောင်းကြီးနဲ့လွဲချော်နေခဲ့တာတွေရှိနေတတ်ပါတယ်။ယနေ့ဝေငှချက်လေးအားဖြင့်ပေးလှူမှုမှာအလင်းရပြီးကောင်းကြီးခံရသောသူများဖြစ်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်။ဖတ်ရှုခံယူသူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ၊အာမင်။