ယုန်ရဲ့အဖြစ်
ယုန်တကောင်ဟာခုန်ဆွရင်း
ခြေထောက်မှာအဆူးဆူးသွားပါတယ်။ဒဏ်ရာကသေးသေးလေးဆိုပေမယ့်သွေးထွက်လာပြီးနာနေတယ်။ဒါကိုသူကြည့်ပြီးစိတ်ဓာတ်ကျနာကျင်နေရပါတယ်။ငါကံဆိုးလှချည်လားဆိုတဲ့စိတ်နဲ့စိတ်ညစ်သွားတာပါ။
နောက်တနေ့မှာ
ယုန်လေးဟာမျောက်ကိုတွေ့တော့
“စိတ်ညစ်လိုက်တာကိုမျောက်ရယ်၊ငါ့ခြေထောက်ဆူးဆူးခံရလို့”ဆိုပြီးပြောပြရှာပါတယ်၊ဒီလိုနဲ့ကိုမျောက်လည်းသနားကြောင်းပြောပြီးပြန်သွားတယ်။
နောက်တနေ့
ယုန်လေးကဆင်ကြီးကိုတွေ့လည်းထိုနည်းသူစိတ်ညစ်ကြောင်းပြောပါတယ်၊
နောက်တနေ့
ယုန်လေးကနွားကိုတွေ့လည်းထိုနည်းသူဖြစ်ပျက်ခဲ့တဲ့အပေါ်စိတ်ညစ်ကြောင်းပြောပြန်ပါတယ်။
နောက်တနေ့
နောက်တနေ့
နောက်တနေ့
ရက်တိုင်းဒီလိုစိတ်ညစ်ကြောင်းဘဲပြောရင်းပြောရင်းယုန်လေးစိတ်ညစ်ပြီးသေသွားပါတော့တယ်။
………………………….………………..
သင့်ဘဝမှာလဲယုန်လေးလိုဘဲမေ့မရတဲ့စိတ်ညစ်စရာတွေကြုံခဲ့ကောင်းကြုံခဲ့နိုင်တယ်။ဒါပေမယ့်အဲဒီစိတ်ညစ်စရာတွေကိုသာတွေးခေါ်စဉ်းစားပြီးစိတ်ပျက်စွာအသက်ရှင်နေရင်သင့်အတွက်ဘာအကျိုးမှမရှိပါဘူး။
သုတ္တံကျမ်း17:22စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။