ခွင့်လွတ်မှာမို့အပြစ်လုပ်လို့ရပြီလား
အိမ်ဘေးကယုံကြည်ခါစခရစ်ယာန်တဦးသင်းအုပ်ဆရာအိမ်လာလည်ပါသည်။
ဘုရားသခင်ရဲ့ခွင့်လွတ်ပေးခြင်းနဲ့အပြစ်ဆက်လုပ်နေခြင်းကိုဆွေးနွေးဖြစ်ကြသည်။တပည့်ဖြစ်သူကနားမလည်ဖြစ်နေသည်။ဘုရားသခင်ကခွင့်လွတ်ပေးနေရင်အပြစ်ကိုအားရပါးရလုပ်လို့ရပြီထင်တယ်ဟုဆရာအားမေးလာသည်။ဆရာလည်းတတ်နိုင်သလောက်ဖြေပေးပေမယ့်အားရကျေနပ်ခြင်းမရှိဘဲပြန်သွားပါသည်။
တပတ်ကြာပြီးနောက်
“ဆရာရေ၊ကျွန်တော်ထင်းခွဲရင်းလက်မှာဓားထိမိတယ်၊သွေးကမတိတ်နိုင်ဘဲဖြစ်နေလို့ဆရာ့ဆီပြေးလာတာ”
သွေးသံရဲရဲဖြင့် ယုံကြည်ကာစခရစ်ယာန်တဦးမှသင်းအုပ်ဆရာအိမ်လာအကူညီတောင်းပါသည်။
သင်းအုပ်ဆရာကလည်းအခြားအသင်းသားဆရာဝန်ပါမောက္ခကြီးမှသူ့ကို ပေးထားသောဆေးယူပြီးအမြန်ထည့်ပေးရှာပါသည်။သွေးတိတ်ပြီးတရက်နှစ်ရက်နှင့်ပျောက်သွားပါတော့သည်။ဒဏ်ရာပျောက်သွားတဲ့အသင်းသားလည်းဆရာ့ဆေးအင်မတန်းစွမ်းကြောင်းတတွပ်တွပ်ပြောဆိုချီးမွမ်းနေလေတော့သည်။
ဒီချိန်မှာသင်းအုပ်ဆရာကဝိညာဉ်တော်ဖွင့်ပြမှုခံရမှုကြောင့်အဲဒီအသင်းသားကိုရှင်းပြပါသည်။
“အခုဒီလောက်ကောင်းတဲ့ဆေး၊အနာပေါ်ထည့်တာနဲ့ပျောက်တဲ့ဆေးရှိပြီဆိုတော့ ရှေလျှောက်မင်းလက်ကိုသွေးထွက်အောင်၊အနာတရဖြစ် အောင်သွားလုပ်လို့ရပြီနော်”ဟုပြောလိုက်သည်။
“ဟာ…ဆရာရယ်၊ဆေးရှိတိုင်းမိမိကိုယ်ကိုဘယ်သူမှအနာတရတော့အဖြစ်မခံနိုင်ပါဘူးနော်”ဟုပြန်ဖြေသည်။
ဒီချိန်မှသင်းအုပ်ဆရာက
“အေးမှန်တယ်ကွဲ့၊ဒီလိုပါဘဲ၊အပြစ်တွေကိုအမြဲခွင့်လွတ်ပေးနိုင်တဲ့ကျေးဇူးတရားရှိနေတယ်ဆိုပြီး၊ဘယ်ခရစ်ယာန်မှအပြစ်ကိုတမင်တကာလိုက်မလုပ်နေဘူးတပည့်ရေ”ဟုအလင်းပေးလိုက်သည်။ဒီချိန်မှဘဲတပည့်ဖြစ်သူဟာလက်တွေ့ထိထိမိမိနားလည်သဘောပေါက်သွားပါတော့သည်။
၁ယော၂:၁ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။