လိုချင်တာနဲ့လိုအပ်တာ
“အဖေ၊သားမုတ်ဆိတ်မွေးတွေထွက်နေပြီ၊မုတ်ဆိတ်ရိတ်တဲ့စက်ဝယ်ပေးပါလားဗျာ”
သားကြီးဖြစ်သူမှအဖေကိုလိုအပ်တဲ့အရာတောင်းလိုက်လေသည်။
အဖေဖြစ်သူမှဘာမှပြန်မပြောဘဲသားကြီးအတွက်ချက်ချင်းဘဲလိုအပ်သည့်မုတ်ဆိတ်ရိတ်စက်သွားဝယ်ပေးလိုက်ပါသည်။
ဒီအရာအားလုံးကိုအစအဆုံးကြားမြင်နေသူကတော့သမီးငယ်ပင်ဖြစ်သည်။
တရက်မှာတော့
သမီးငယ်ကအဖေအမေဆီလာပြီးသူ့အကိုလိုမျိုးမုတ်ဆိတ်မွေးရိတ်စက်လိုချင်ကြောင်းတောင်းခံပါတော့သည်။သိုပေမယ့်သမီးငယ်မည်မျှပင်သနားခံပြီးတောင်းဆိုနေကာမူမိဘနှစ်ပါးမှမဝယ်ပေးဖြစ်ခဲ့ချေ။သမီးငယ်မှာမုတ်ဆိတ်မထွက်တတ်တဲ့အတွက်ဒီစက်မလိုအပ်ကြောင်း၊အကိုကြီးနဲ့သမီးနဲ့မတူကြောင်းသေချာရှင်းပြမှသမီးငယ်လည်းသဘောပေါက်သွားပါတော့သည်။
…………………………………………
အလားတူပင်
ယနေ့ကျွန်တော်တို့သိထားရမည်မှာဘုရားသခင်သည်ဖခင်တဦးလိုပင်ဖြစ်ပါသည်၊သူ့သားသမီးလိုအပ်တာကိုအမြန်ဆုံးနဲ့အကောင်းဆုံးပြင်ဆင်ပေးပါလိမ့်မည်၊သို့ပေမယ့်လိုအပ်တာမဟုတ်ဘဲလိုချင်တာကိုဇွတ်တောင်းနေရင်တော့ရက်ရှည်အစာရှောင်ဆုတောင်းနေလည်းရမှာမဟုတ်ပါ။ကျွန်တော်တို့အတွက်မလိုအပ်လို့ဖြစ်ပါသည်။
ရောမ 8:26 ထိုမှတစ်ပါး၊ ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။