လက်ခုပ်သံနဲ့ဘုရားကောင်းကြီး
ရှင်မဿဲခရစ်ဝင် 6:2-4
ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူ တို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။- သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။
အလှူပေးတာကိုလူရှေ့သူရှေ့ချပြချင်ရင်လက်ခုပ်သံဘဲရမယ်။အဲဒါကျမ်းစာကပြောတဲ့“ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ”ဆိုတဲ့အဓိပ္ပာယ်ဘဲ။ငရဲကျလောက်တဲ့အပြစ်တော့မရှိပေမယ့်၊ကျမ်းစာထဲကပြောတဲ့အလှူတော့မဟုတ်မှန်းသိသာသွားမယ်။ ပေါ်ပင်လုပ်တာကိုဘုရားမမြင်ဘူးလို့ဆိုလိုတာမဟုတ်ဘူး၊တမင်မကြည့်ချင်တာဘုရားက။
မပေါ်မလွင်ပေးလှူရင်၊လူတွေမသိကြပေမယ့်၊လက်ခုပ်သံနဲ့နာမည်ကောင်းမရပေမယ့်၊ဘုရားရဲ့ကောင်းကြီးအပြည့်ရမယ်။ဒါဟာကျမ်းစာထဲက“မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။”ဆိုတဲ့အဓိပ္ပာယ်ဘဲ။
အလှူပေးတိုင်းသင်သူများရဲ့ချီးမွမ်းတဲ့လက်ခုပ်သံယူမလား?ဘုရားကောင်းကြီးယူမလား?လူမြင်ဖို့ဘဲလုပ်မလား?ဘုရားမြင်ဖို့လုပ်မလား?သင်ကိုယ်တိုင်ရွှေးချယ်နိုင်ပါတယ်။
မှတ်ချက်။
တချို့တဆင့်ခံပေးလှူရတဲ့အခြေနေမျိုးမှာပုံရိုက်မှတ်တမ်းတင်ဖို့ရှိနိုင်ပါတယ်။ ပေါ်ပင်ဝါကြွားဖို့တော့မဟုတ်ပါ။အဓိကတော့လူရှေ့ချပြချင်တဲ့စိတ်နဲ့လက်ခုပ်သံလိုချင်တဲ့စိတ်ကိုသတိပေးတာပါ။ပေးလှူခံရသူက ကျေးဇူးတင်ကြောင်းပုံတွေဖော်ပြလာရင်တောင်ဘုရားကိုဘဲကျေးဇူးတင်ဖို့ပြောပေးသင့်ပါတယ်။