ငါကယ်တင်ခြင်းမရသေးတာလား
သူခိုးတယောက်ဟာ၊နောင်တရပြောင်းလဲပြီးယေရှုခရစ်တော်ကိုလက်ခံယုံကြည်လာခဲ့ပါတယ်။ယုံကြည်သူဖြစ်ပြီးနောက်အသက်တာပြောင်းလဲပြီးပျော်ရွှင်ငြိမ်သက်ခြင်းကိုလည်းခံစားနေရပါပြီ။
ဒါပေမယ့် တရက်သောညမှာ
သင်းအုပ်ဆရာကသူ့အိမ်လာရောက်လည်ပတ်ဆုတောင်းပေးတဲ့အခါ၊သူတယောက်ထဲအိမ်မှာထိုင်ငိုနေတာကိုသင်းအုပ်ဆရာမြင်လိုက်ရပါတယ်။
ဆရာကစိတ်ပူသွားပြီး
“ဘာဖြစ်သွားလို့လဲသားရယ်”?
သူခိုးကနေပြောင်းလဲလာတဲ့ယုံကြည်သူမှမျက်ရည်ဖြင့်ခေါင်းမော့ပြီး
“ဆရာ၊ကျွန်တော်ကယ်တင်ခြင်းမရသေးဘူးထင်တယ်ဗျာ”
ဆရာ- “ဟာ…ဘာလို့လဲ”?
ယုံကြည်သူ-“ကျွန်တော်ယုံကြည်သူဖြစ်ပြီး နောက်မခိုးတော့ဘူးလို့ဆုံးဖြတ်ဆုတောင်းထားတာ၊ဒီနေ့ပြန်ခိုးမိပြီဆရာရေ”….။
ငိုရင်းပြောသည်။
ဆရာ-“ဒါဆိုရင်ဆရာမေးမယ်၊မင်းကယေရှုကိုမယုံကြည်ခင်ပစ္စည်းခိုးယူလိုက်ရတာပျော်လား?မခိုးလိုက်ရတာပျော်လား?”
ယုံကြည်သူ“ပစ္စည်းမခိုးလိုက်ရရင်မပျော်ဘူး၊ခိုးရမှပျော်တာပါဆရာ”
ဆရာ-“ဒါဆိုရင်အခုလက်ရှိမင်းကပစ္စည်းခိုးလိုက်ရတာကိုဘာလို့မပျော်ဘဲငိုနေရတာလဲ”?
ယုံကြည်သူ-“……..”
ဆရာ-“အဲဒါဘဲသားရယ်၊ယုံကြည်သူဖြစ်လာရင်ဝိညာဥ်တော်ရရှိတဲ့အတွက်အပြစ်ကိုမုန်းတတ်လာတယ်လေ၊အပြစ်လုပ်ရင်မျက်ရည်ကျတဲ့အထိမပျော်တော့ဘူး၊ဒါကယ်တင်ခြင်းရနေတဲ့သက်သေပါဘဲ”။
ဒီချိန်မှယုံကြည်သူနားလည်သွားပါတော့သည်၊မိမိအပြစ်ကိုဝန်ချတောင်းပန်ရင်းရှေ့လျှောက်ပိုသန့်ရှင်းအောင်ဝိညာဥ် တော်ဘုရားတို့ထိမှုဖြင့်အသက်ရှင်သွားရပေအုံးမည်။
ချစ်မိတ်ဆွေ
ယုံကြည်သူလည်းအားနည်းပြီးအပြစ်ပြုမိနိုင်ပါတယ်။ဒါပေမယ့်မ ပြောင်းလဲခင်နဲ့မတူညီတာကအပြစ်ကိုမုန်းတတ်လာခြင်းပါဘဲ။ဝိညာဥ် တော်ရရှိနေတဲ့သူတယောက်ကအပြစ်ထဲမပျော်မွေ့နိုင်ပါဘူး။ဒါကြောင့်သေချာပြောလို့ရတာတခုကသင်အပြစ်လုပ်တိုင်းပျော်နေတယ်ဆိုရင်သင်ဟာကယ်တင်ခြင်းမရသေးသောသူဖြစ်ပါလိမ့်မည်။ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။
ယော၁၆:၈ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်။