• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကောင်းသောရှမာရိ

ဆရာရဲမင်း

11 月 14, 2024

ကောင်းသောရှမာရိ

ပြင်သစ်နိုင်ငံကပရဟိတသမားတစ်ဦးဟာရေခဲတောင်ခရီးကို တယောက်ထဲအရဲစွန့်စတင်ထွက်ခွာပါတယ်။ပထမဆုံးအကြိမ်မို့လမ်းခုလတ်မှာအေးခဲခြင်းဒဏ်ကိုမခံစားနိုင်ဘဲအခက်ကြုံလာပါ‌တော့တယ်။ကြိုးစားပြီးခရီးဆက်ပေမယ့် မခံနိုင်တဲ့အဆုံးမူးမေ့လဲကျသွားပါတော့တယ်။
သူနိုးလာတဲ့အခါမှာတော့…
တောင်ပေါ်ခရစ်ယာန်ရွာလေးတရွာမှာပါ။ရေခဲတောင်လမ်းတခုမှာရွာကလူတွေလမ်းကြုံလို့သူ့ကိုကယ်တင်လာတာသူရိပ်မိပါပြီ။ရွာမှာအနားယူရင်းကုသရင်းသက်သာလာတဲ့အခါပြန်ရ‌တော့မှာမို့ ကျေးဇူးဆပ်ဖို့လုပ်ပါတော့သည်။ဒါကြောင့်သူ့ကိုဘယ်သူကယ်တင်ခဲ့လည်းဆိုတာသင်းအုပ်ဆရာကိုရောရွာလူကြီးတွေကိုပါလိုက်မေးပါတော့သည်။
ဒါပေမယ့်ရွာကလူတွေကသူတို့ကိုကျေးဇူးဆပ်ဖို့မလိုကြောင်း၊ဘုရားသခင်ကိုသာ‌ကျေးဇူးတင်ဖို့ပြောပါသည်။ဒါနဲ့သူ့ကိုဘယ်သူကယ်တင်လိုက်ကြောင်းမေးတဲ့အခါမှာတော့သင်းအုပ်ဆရာက
“သမ္မာကျမ်းစာထဲကကောင်းသောရှမာရိဆိုတဲ့လူရဲ့နာမည်သိလားဗျ”
ပရဟိတသမား
“ကျမ်းစာထဲမှာမဖော်ပြထားလို့ကျွန်တော်လည်းမသိရပါဘူးဆရာ”။
သင်းအုပ်ဆရာ
“‌ အေး၊ဒါကြောင့်ငါတို့လည်းနာမည်ပြောစရာလိုပါဘူး၊လူကိုကူညီတာငါတို့နာမည်ရဖို့နဲ့ကျေးဇူးတင်ခံရဖို့မဟုတ်ဘူးလေ၊ဘုရားကိုသာ‌ ကျေးဇူးတင်ပါ”ဟူ၍ပင်။
ပရဟိတသမားလည်းဒီစကားကိုကြားရပြီးနောက်အတော်သင်ခန်းစာရခဲ့ပါသည်။နာမည်ကြီးအောင်နဲ့ ကျေးဇူးတင်ခံရဖို့လုပ်ခဲ့သမျှအ‌ တော်ရှက်မိလေသည်။ဒါနဲ့မိမိနေရပ်ပြန်ပြီး၊ပရဟိတလုပ်တဲ့အခါတိုင်းကျေးဇူးတင်ခံရဖို့နဲ့နာမည်ရဖို့မလုပ်တော့ဘဲ၊ခရစ်တော်ကိုသာပေါ်လွင်ဖို့လုပ်သွားပါတော့သည်။

မိတ်ဆွေ
သင်နှင့်ကျွန်ုပ်ကော
နာမည်ကြီးဖို့နဲ့ကျေးဇူးတင်ချီးမွမ်းခံရဖို့အတွက်ကောင်းမူလုပ်နေတာဘဲလား?ကျမ်းစာထဲကကောင်းသောရှမာရိနာမည်ကိုမိတ်ဆွေကောသိပါသလား?
ဝိညာဉ်တော်အလင်းပေးပါစေ။
ရှင်မဿဲခရစ်ဝင် 6:2‭-‬4 ထို​ကြောင့် သင်​သည် အ​လှူ​ဒါ​န​ကို ပေး​သော​အ​ခါ လျှို့​ဝှက်​သော​သူ တို့​သည် လူ​များ​အ​ချီး​အ​မွမ်း​ကို ခံ​လို၍ ပွဲ​သ​ဘင်​လမ်း​ခ​ရီး၌ မိ​မိ​တို့​ရှေ့​မှာ တံ​ပိုး​ခ​ရာ​မှုတ်​စေ​သည်​နည်း​တူ မ​ပြု​နှင့်။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ရ​ကြ​ပြီ။- သင်​သည် အ​လှူ​ဒါ​န​ကို​ပေး​သော​အ​ခါ ပေး​ကြောင်း​ကို မ​ထင်​ရှား​စေ​ခြင်း​ငှာ၊ လက်​ယာ​လက် ပြု​သည်​အ​မှု​ကို လက်​ဝဲ​လက်​မျှ မ​သိ​စေ​နှင့်။- မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို​ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။