ကျေးဇူးတော်ချီးမွမ်းခြင်းတန်ခိုး
“ဘုရားသခင်ရဲ့ ကျေးဇူးတော်ဘဲ”ဆိုတဲ့စကားကိုအမြဲတမ်းပြောပြောနေတတ်တဲ့အမှုတော်ဆောင်တစ်ဦးရှိပါတယ်။ဒါကိုမကြားချင်တဲ့သူကတော့ခရစ်ယာန်တွေကိုအလွန်မုန်းတဲ့နယ်မြေခံရဲမှူးချုပ်ကြီးပါ။
တနေ့မှာတော့
ရဲမှူးကြီးဟာ“ဒီလောက်ယေရှုယေရှုနဲ့ကျေးဇူးတော်ချီးမွမ်းချင်နေတာငါလုပ်ပြမယ်၊ချီးမွမ်းနိုင်သေးလားကြည့်ကြတာပေါ့”ဆိုပြီး၊အဲဒီအမှုတော်ဆောင်ကိုအပြစ်မရှိဘဲပုဒ်မတခုတပ်ပြီးဖမ်းဆီးထောင်ချလိုက်ပါသတဲ့။
လူလွတ်ပြီးစောင့်ကြည့်ခိုင်းတယ်၊ဒီဆရာကိုကြည့်ထားသူဘာပြောအုံးမလဲပေါ့။ဒါနဲ့အဲဒီအမှုတော်ဆောင်ကထောင်ထဲမှာညအိပ်ယာဝင်တဲ့အခါဘယ်လိုဆုတောင်းလဲဆိုတော့“ကျေးဇူးတော်ချီးမွမ်းတယ်ကိုယ်တော်၊ကျွန်တော်ကိုဒီလိုနေရာမှာအေးအေးဆေးဆေးကျမ်းစာဖတ်ဆုတောင်းခွင့်ရစေလို့၊ဧဝံဂေလိလုပ်ဖို့ငွေကုန်လူပန်းနဲ့အဝေးကြီးသွားစရာမလိုဘဲအနီးကပ်လူတွေပို့ပေးလို့ကျေးဇူးတင်တယ်”ဆိုပြီးပေါ့။
ဒါကိုရဲမူးသိသွားတော့သူ့ကျမ်းစာအုပ်ကိုသိမ်းလိုက်တယ်၊ပြီးတော့ပြန်စောင့်ကြည့်တယ်။ဒီချိန်မှာလည်းဒီအမှုတော်ဆောင်က“ကိုယ်တော်ကျေးဇူးတင်တယ်၊ကျမ်းစာမရှိ တော့မှကိုယ်တော့်စကားဘယ်လောက်အရေးကြီးကြောင်းသိခွင့်ရတယ်၊အခုကျမ်းစာကိုအလွတ်ကျတ်မှတ်ခွင့်ရလို့”ဆိုပြီးဆုတောင်းချီးမွမ်းနေပြန်သတဲ့။
ရဲမှူးကြီးကစိတ်တိုလာပြီး
ဒီလောက်ကျေးဇူးတော်ချီးမွမ်းချင်တာသူ့ကိုသေမိန့်ပေးလိုက်ပါ၊ငိုမလားရီမလား စောင့်ကြည့်ရတာပေါ့ဆိုပြီးလူလွတ်ပြီးပြောခိုင်းလိုက်သတဲ့။
သေရမယ့်သတင်းကိုကြားတဲ့အမှုတော်ဆောင်ဟာအဲဒီချိန်မှာဒူး ထောက်ပြီး“ကိုယ်တော်ကျေးဇူးတင်ပါတယ်၊ဒီလောက်အစောကြီးကျနော့ကိုကောင်းကင်တက်ဖို့လာခေါ်မယ်မထင်ထားဘူး၊ရင်ခုန်လိုက်တာကိုယ်တော်ရယ်”ဆိုပြီး ကျေးဇူးတော်ချီးမွမ်းနေပြန်သတဲ့။
ရဲမှူးချုပ်ကဒီစကားကိုကြားလိုက်ချိန်မှာတော့အတော်အံ့ဩသွားပါတော့သည်။သူ့ကိုလွတ်ပေးပြီးသူယုံကြည်နေတဲ့ယေရှုအကြောင်းကိုစိတ်ဝင်စား ကြောင်း၊အသင်းတော်သို့လာလိုကြောင်းပြောပါတော့တယ်။
တနှစ်အကြာမှာရဲမှူးချုပ်ဟာ
အင်မတန်ကိုင်းရှိုင်းတဲ့ခရစ်ယာန်တယောက်ဖြစ်လာပါတော့သတဲ့။
မိတ်ဆွေ
အရာရာ၌ကျေးဇူးတော်ချီးမွမ်းခြင်းဟာဘုရားဘုန်းတော်ထင်ရှားသလိုဧဝံဂေလိအတွက်ပုံသက်သေဖြစ်နိုင်တယ်ဆိုမမေ့ပါနှင့်။ဘုရားသခင်ဟာအအရာရာကိုအုပ်စိုး နေတယ်လို့သင်ယုံကြည်ရင်သင့်မှာကြုံလာသမျှအရာရာ၌ကျေးဇူးတော်ချီးမွမ်းလိုက်ပါ။ဟာလေလုယာ၊အာမင်။
(၁သက်၅:၁၈အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။)