• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘာသာမဲ့အများဆုံးနိုင်ငံတဲ့လား?

ဆရာရဲမင်း

11 月 14, 2024

ဘာသာမဲ့အများဆုံးနိုင်ငံတဲ့လား?

ခုတလောပို့စ်တခုတက်တက်လာတာမြင်မြင်နေရပါတယ်၊ဘာသာမဲ့တဲ့နိုင်ငံ‌တွေကပိုအေးချမ်းသာယာကြောင်းဆိုပြီးနိုင်ငံတချို့ကိုဥပမာပေးချပြထားတာပါ၊အမှန်တော့ဒီချပြထားတဲ့နိုင်ငံတွေအများစုဟာခရစ်ယာန်နိုင်ငံတွေပါခင်ဗျာ။ယုံကြည်သူခရစ်ယာန်တွေပါရှဲနေကြလို့အဟုတ်ထင်နေမှာစိုးလို့အနည်းငယ်ရှင်းပြချင်ပါတယ်။

၁။ဆွီဒင်ကဘာသာမဲ့၈၅%ရှိတယ်လို့ဆိုထားတာဘယ်ကအချက်အလက်ယူထားလဲမသိပါ။အမှန်တော့ဆွီဒင်နိုင်ငံဟာ၁၂ရာစုကတည်းကခရစ်ယာန်နိုင်ငံအဖြစ်ရပ်တည်နေပါပြီ။ယနေ့ထိဆိုရင်လည်းဆွီဒင်ဟာခရစ်ယာန်ဘာသာအများဆုံးနေထိုင်တဲ့နိုင်ငံပါခင်ဗျာ။ဒါ‌ကြောင့်လည်းအလှူပေးတာများကြပြီးအေးချမ်းကြတာပါ။ဒီမှာလေ့လာကြည့်ပါ။
https://en.wikipedia.org/wiki/Religion\_in\_Sweden

၂။ပို့စ်ထဲမှာဒိန်းမတ်နိုင်ငံကဘာသာမဲ့၈၀%ရှိတယ်လို့ဆိုထားပါတယ်။အမှန်တော့ပြောင်းပြန်ပါ။ဒိန်းမတ်မှာခရစ်ယာန်ဘာသာ၈၀%လောက်တောင်ရှိပါတယ်၊ခရစ်ယာန်နိုင်ငံဖြစ်ပါတယ်ဗျ။ဒီမှာလေ့လာကြည့်ပါ၊
https://en.wikipedia.org/wiki/Religion\_in\_Denmark

၃။နော်ဝေနိုင်ငံကဘာသာမဲ့၇၂တဲ့လား?အမှန်ကနော်ဝေနိုင်ငံဟာခရစ်ယာန်ဘာသာအများဆုံးနိုင်ငံဖြစ်ပါတယ်၊ခရစ်ယာန်ဘာသာဝင်၈၀%နီးပါးရှိပါတယ်ဗျာ၊ဒီမှာဖတ်ကြည့်ပါ
https://en.wikipedia.org/wiki/Religion\_in\_Norway

၄။ဖင်လန်နိုင်ငံလည်းဘာသာမဲ့၇၀နေထိုင်တာမို့အေးချမ်းတာတဲ့လားဗျာ?အမှန်တော့ဖင်လန်နိုင်ငံဟာလည်းခရစ်ယာန်နိုင်ငံပါဗျာ၊ခရစ်ယာန်ဘာသာဝင်၇၀%ဝန်းကျင်ရှိပါတယ်၊ဒီမှာလေ့လာပါ
https://en.wikipedia.org/wiki/Religion\_in\_Finland

၅။ဂျပန်နိုင်ငံကတော့ဘာသာမဲ့အများဆုံးဆိုတာအမှန်ပါဘဲ၊ဒီမှာလေ့လာပါ
https://en.wikipedia.org/wiki/Religion\_in\_Japan

၆။တောင်းကိုးရီးယားကလဲဘာသာမဲ့အများဆုံးဆိုတာအမှန်ပါဘဲဗျာ၊ဒီမှာလေ့လာပါ။https://en.wikipedia.org/wiki/Irreligion\_in\_South\_Korea
ချပြထားတဲ့၆နိုင်ငံထဲမှာရှေ့၄နိုင်ငံကခရစ်ယာန်နိုင်ငံဖြစ်တာသတိထားပါ။ဒါကြောင့်စစ်မှန်စွာဘာသာတရားကိုကိုးကွယ်နေတဲ့နိုင်ငံဟာအေးချမ်းကြတာအမှန်ပါဘဲ။ဘာသာမဲ့မှအေးချမ်းပြီး၊ဘာသာရှိတဲ့နိုင်ငံကစစ်ရေးတင်းမာမှုနဲ့ပဋိပခများတယ်ဆိုတာမမှန်တဲ့အဆိုဖြစ်ကြောင်းသတိပေးလိုက်ရပါတယ်။လိုင်း‌ပေါ်ကစာဖတ်တိုင်းသတိထားပြီးမှဖတ်ပါခံယူပါ၊အမှားကိုခံယူမိရင်ပြဿနာရှိပါတယ်။ကျွန်တော်ခရစ်ယာန်ဘာသာဝင်သင်းအုပ်ဆရာတစ်‌ယောက်ပါ။

မှတ်ချက်၊ကျွန်တော်ရေးတဲ့အချက်အလက်မှားနေခဲ့ရင်‌ ကောမန့်မှာလာထောက်ပြလို့ရပါတယ်ခင်ဗျာ။