လုပ်ရမလုပ်ရဆိုင်ရာစံချိန်(၈)ချက်
နိဒါန်း
ယုံကြည်သူတွေအမေးအများဆုံးကဒါစားလို့ရလား?ဒါကောလုပ်လို့ရလား?ဆိုတဲ့မေးခွန်းတွေပါဘဲ။တချို့အရာကကျမ်းစာမှာမလုပ်ရလို့တိတိကျကျသွန်သင်ထားပေမယ့်၊တချို့အရာကျတော့တိကျစွာမသွန်သင်ထားတာမို့လုပ်သင့်မလုပ်သင့်ဒွိဟဖြစ်နေရကြတာပါ။ဒါကြောင့်ယုံကြည်သူတစ်ယောက်အနေနဲ့ဘာလုပ်လုပ်၊ဘာစားစား၊ဘာသောက်သောက်၊ဘာပြောပြော၊ဘယ်အရာတွေကလုပ်ရမလုပ်ရဆိုတာကိုစစ်ဆေးနိုင်ဖို့သမ္မာကျမ်းစာအရစံချိန်(၈)ချက်ကိုတင်ပြပေးလိုက်ပါတယ်။
၁။ဘုရားဘုန်းထင်ရှားစေသလား?
(၁ကော၁၀:၃၁သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကို ပြုသော်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။)
၂။အကျိုးရှိစေသလား?
(စံမီ-၁ကော၁၀:၂၃ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်စေတော့။ ခပ်သိမ်းသောအမှုသည် အကျိုးရှိသည်မဟုတ်။)
၃။သူတပါးကိုတည်ဆောက်ပေးလား?
(စံမီ-၁ကော၁၀:၂၄ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်စေတော့။ ခပ်သိမ်းသောအမှုသည်တည်ဆောက်မြှင့်တင်ပေးသည်မဟုတ်။မည်သူမျှကိုယ်ကျိုးကိုမရှာနှင့်။လူတိုင်းသူတစ်ပါးအကျိုးကိုရှာစေ။)
၄။မလုပ်မရ(ကျွန်)ဖြစ်စေသလား?
အရင့်ထစေတဲ့လုပ်မျိုး၊အလုပ်ဟာဘုရားနေရာအစားထိုးသွားတာမျိုး။(၁ကော၆:၁၂ ငါသည် အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စေတော့။ အဘယ်အမှုအရာ၌မျှ ငါသည်ကျွန်မခံ။)
၅။ဩသပ္ပစိတ်ကြည်လင်နေလား?
(ရောမ၉:၁ ငါ့ကိုယ်ကိုကိုယ်သိသောစိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌ သက်သေခံလျက်၊ ငါသည် မုသားမပါ၊ ခရစ်တော်ရှေ့၌ မှန်ကန်စွာ ပြောသည်ကား)
၆။အစိုးရဥပဒေနဲ့ညှိနေလား?
(ရောမ၁၃:၁-၂အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက် မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာ ဖြစ်သတည်း။ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။)ချွင်းချက်အနေနဲ့သမ္မာတရားကိုဆန့်ကျင်နေတဲ့အမိန့်ကိုမဆိုလိုပါ။
၇။ဘုရားနဲ့ဝေးစေသလား?
(ဟေဗြဲ၁၀:၂၅လူအချို့တို့၏ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစားကြလော့။)
၈။အသက်အန္တာရယ်ရှိသလား?
(မဿဲ၁၆:၂၆လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။)
နိဂုံး
ယုံကြည်သူတိုင်းဒီအချက်(၈)ချက်ကိုစွဲကိုင်ပြီးဘာလုပ်လုပ်ချင့်ချိန်လို့ရပါမယ်။