နေရာမှန်မှတန်ဖိုးမှန်မည်
အဘိုးဖြစ်သူမှမြေးကိုနာရီတလုံးကမ်းပေးပြီး“ငါ့မြေးဒီနာရီကအဘိုးတို့ဘိုးစဥ်ဘောင်ဆက်လက်ကမ်းလာတဲ့အမွေပါ။အခုမင်းနာရီဆိုင်မှာသွားရောင်းကြည့်၊ဘယ်လောက်ရမလဲလို့”ဟုပြောလိုက်သည်။
မြေးဖြစ်သူမှနာရီဆိုင်သွားပြီးအပြန်အဘိုးကိုစိတ်ပျက်စွာပြောလိုက်တာက“နာရီဆိုင်ဆရာကဒီနာရီအတော်အိုဟောင်းနေပြီမို့ဒေါ်လာ10ဘဲပေးမယ်တဲ့အဘိုးရေ”ဟုပင်။
အဘိုးကလည်းဆက်ပြီးစူပါမားကပ်ဘေးကကော်ဖီဆိုင်မှာသွားရောင်းကြည့်ဖို့ပြောပြန်ပါတယ်။
မြေးဖြစ်သူမှကော်ဖီဆိုင်သွားပြီးအပြန်အဘိုးကိုပြုံးပြီးပြောလိုက်တာက“ကော်ဆိုင်ရှင်ကဒီနာရီကိုသူ့ဆိုင်မှာအမှတ်တရချိတ်ပြထားဖို့ဒေါ်လာ100ပေးမယ်တဲ့အဘိုးရေ”။
အဘိုးဖြစ်သူမှဆက်လက်ပြီးမြို့ထဲကရှေးဟောင်းပစ္စည်းရောင်းဝယ်တဲ့ဆိုင်ကြီးမှာသွားရောင်းကြည့်ဖို့ပြောလိုက်ပြန်ပါတယ်။
မြေးဖြစ်သူမှရှေးဟောင်းပစ္စည်းဆိုင်သွားပြီးအပြန်အဘိုးကိုအံ့သြမင်သက်တဲ့ဟန်နဲ့ပြောလိုက်တာက“ရှေးဟောင်းပစ္စည်းဆိုင်ကဒီနာရီကိုဒေါ်လာ1000ပေးမယ်တဲ့အဘိုးရေ၊ရောင်းလိုက်ရမလား?”။
အဘိုးမှ စိတ်မလောဖို့ပြောကာ၊ဆက်လက်ပြီးမြို့ပြကြီးတခုကပြတိုက်ကြီးတခုဆီသွားပြကြည့်ဖို့ပြန်ပြောလိုက်ပါတယ်။
မြေးဖြစ်သူမှပြတိုက်သွားပြီးအပြန်အဘိုးကိုစကားထစ်ငေါ့ထစ်ငေါ့နဲ့ပြောလိုက်တာက“ပြတိုက်ကဒီနာရီအကိုဒေါ်လာ18000ပေးမယ်တဲ့အဘိုးရေ၊တကယ် ရောင်းချင်ရင်ပြန်လာတိုင်ပင်ပါတဲ့အဆင်ပြေစေရမယ်ပြောတယ်”ဟုဆိုလိုက်သည်။
ဒီချိန်မှအဘိုးဖြစ်သူက
“ငါ့မြေးကိုငါဒီလောက်ထိလုပ်ခိုင်းနေတာငွေလိုလို့နာလိုက်ရောင်းခိုင်း နေတာမဟုတ်ပါဘူးကွယ်၊သင်ခန်းစာတခုဘဲယူစေချင်လို့ပါ”
“ဒီမှာငါ့မြေး၊လူဆိုတာလဲအခုဒီနာရီအတိုင်းပါဘဲ၊နေရာမှန်သွားမှတန်ဖိုးမှန်လာမှာဖြစ်တယ်၊နေရာမမှန်ရင်ကိုယ့်ကိုတန်ဖိုးထားရကောင်းမှန်းဘယ်သူမှသိမှာမဟုတ်သလို၊နေရာမှန်မှာမနေရင်ကိုယ့်တန်ဖိုးလည်းပေါ်လွင်လာမှာမဟုတ်ပါဘူး”။
“မိမိကိုယ်ကိုမှားတဲ့နေရာရပ်နေခြင်း၊တန်ဖိုးမထားတတ်တဲ့သူနဲ့ပေါင်းသင်းနေခြင်း၊အနုတ်လက္ခဏာနဲ့သာတုန့်ပြန်တတ်သူနဲ့ဆက်ဆံနေခြင်းဟာကိုယ်ရဲ့တန်ဖိုးဘယ်လောက်ကြီးမြတ်နေရင်တောင်တစ်ကျပ်မှတန်နေမှာမဟုတ်ပါဘူး”။
ဒါကြောင့်
ကိုယ်ကိုတန်ဖိုးမထားသူတွေရှောင်ပါ၊နေရာမှန်ပါစေ။ဒါဟာအဘိုးရဲ့ဘဝသင်ခန်းစာပါဘဲ။
(ဆာလံ1:1-2မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ )