• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မေတ္တာနဲ့ညာဏ်ပညာ

လူလိမ်တွေပေါများတဲ့ဒီခေတ်ကြီးထဲမှာဘုရားပေးတဲ့ညာဏ်ပညာလိုအပ်သလို၊အလိမ်ခံရပေါင်းများတော့မေတ္တာပျောက်နေတတ်တာမို့မေတ္တာရှိဖို့လဲအင်မတန်လိုအပ်ပါတယ်။
ညာဏ်ပညာဘဲရှိပြီး မေတ္တာမရှိတဲ့သူတွေဟာခဏခဏသူများကိုသွားလိမ်နေမိတတ်သလို၊
မေတ္တာဘဲရှိပြီးညာဏ်ပညာမရှိတဲ့သူဟာလည်းခဏခဏသူများရဲ့လိမ်လည်တာကိုခံနေရတတ်ပါတယ်။(အထူးသဖြင့်ခရစ်ယာန်တွေဟာအင်မတန်သနားတတ်ကြတာမို့လူလိမ်‌တွေရဲ့အသုံးချခံဖြစ်နေတတ်ပါတယ်)။

တဖက်မှာ“တောင်းသောသူအားပေးကြလော့”ဆိုတဲ့ကျမ်းစကားရှိတဲ့အတွက်၊လိုအပ်နေသူကိုတတ်နိုင်သ‌လောက်ကူညီရမှာခရစ်ယာန်တွေရဲ့တာဝန်ပါ။ဒါပေမယ့်လိမ်ညာတောင်းခံသူတိုင်းကိုပေးဖို့နဲ့လူလိမ်မှန်းသိလျက်နဲ့လိုက်‌လျောပေးခြင်း(လူလိမ်အားပေး)မဖြစ်စေဖို့အရေးကြီးပါတယ်။
သမ္မာကျမ်းစာ(မဿဲ၁၀:၁၆)ထဲမှာတော့“မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့အ​ဆိပ်​ကင်း​လျက်ရှိ​ကြ​လော့။”လို့သွန်သင်ပါတယ်။

ဆိုလိုတာက
မြွေလိုလိမ်မာပါးနပ်စွာ(ညာဏ်ပညာရှိရှိ)ကျင့်ကြံပါတဲ့။ဒါပေမယ့်‌ မြွေလိုလိမ်လည်ကောက်ကျစ်ပြီးအဆိပ်(သူတပါးကိုမကောင်းကြံခြင်း)မရှိစေပါနဲ့တဲ့။ဂျိုးငှက်လိုအဆိပ်ကင်းခြင်း(မေတ္တာတရား)ရှိပါလို့သွန်သင်တာပါ။
ဒါကြောင့်ယနေ့ ခဲယဉ်းဆိုးယုတ်လှတဲ့ကာလမှာဘုရားရဲ့မေတ္တာရှိရသလိုဘုရားပေးတဲ့ညာဏ်ပညာရှိဖို့လဲအင်မတန်လိုအပ်ပါပေတယ်။သူများကိုသွားလိမ်သူမလုပ်မိဖို့လိုသလို၊အလိမ်လဲမခံရအောင်ပညာရှိဖို့လိုပါတယ်။ဒါဟာမေတ္တာနဲ့ညာဏ်ပညာတန်းတူရှိနေခြင်း(မြွေကဲ့လိမ်မာပြီးဂျိုးငှက်ကဲ့သို့အဆိပ်ကင်းခြင်း)ပါဘဲ။

မဿဲ၁၀:၁၆ တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။လူတို့ကို သတိပြုကြ။