နောက်ဆုံးသောကာလနှင့်အဆုံးသတ်ချိန်
နိဒါန်း
စစ်ပွဲတွေဖြစ်လာပြီ၊ငလျင်လှုပ်တာများလာပြီ၊ရောဂါတွေဆက်တိုက်ဖြစ်နေပြီဆိုရင်နောက်ဆုံးသောကာလ ရောက်ပြီလားဆိုပြီး လူတွေ စိုးရိမ်တတ်ကြ ပါတယ်။ ဒါပေမယ့်ဒါတွေဟာရှေ့ခေတ်အဆက်ဆက်မှာလဲရှိခဲ့ဖူးတာမို့နောက်ဆုံးသောကာလရောက်မရောက်ဒွိဟဖြစ်နေတတ်ပြန်ပါတယ်။ ဒါကိုရှင်းရှင်းလင်းလင်းသိဖို့ခရစ်တော်ကိုယ်တိုင်ဟောကြားခဲ့တဲ့စကားတွေကိုတခွန်းချင်းလေ့လာခံယူကြပါမယ်။
၁။ခရစ်တော်အတုပေါ်လာမယ်(သို့သော်လည်းအဆုံးသည်မဖြစ်သေး။)
ရှင်မဿဲ၂၄:၅အများသောသူတို့က၊ငါသည်ခရစ်တော်ဖြစ်၏ဟုဆိုလျက်၊ငါ၏အယောင်ကိုဆောင်၍ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
၂။စစ်တိုက်ခြင်းတွေရှိလာမယ် (သို့သော်လည်းအဆုံးသည်မဖြစ်သေး။)
ရှင်မဿဲ၂၄:၆ သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကိုလည်းကောင်း၊စစ်တိုက်အံ့သောသတင်းစကားကိုလည်းကောင်းကြားရကြလိမ့်မည်။သို့သော်လည်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။
၃။လူတစ်မျိုးနှင့်တစ်မျိုးတစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ပြုမယ် (သို့သော်လည်းအဆုံးသည်မဖြစ်သေး။)
ရှင်မဿဲ၂၄:၇ လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ဘက်ပြုကြလိမ့်မည်။
၄။စီးပွားရေးကျပြီးအစာခေါင်းပါးလာမယ် (သို့သော်လည်းအဆုံးသည်မဖြစ်သေး။)
ရှင်မဿဲ၂၄:၇ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း…။
၅။ကပ်ရောဂါအမျိုးမျိုးပေါ်လာမယ် (သို့သော်လည်းအဆုံးသည်မဖြစ်သေး။)
ရှင်မဿဲ၂၄:၇ အရပ်ရပ်တို့၌ ကာလနာများပြားခြင်း…။
၆။မြေငလျင်ကြီးလှုပ်တာများလာမယ် (သို့သော်လည်းအဆုံးသည်မဖြစ်သေး။)
ရှင်မဿဲ၂၄:၇မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်။ထိုအမှုအရာတို့သည်ဒုက္ခဆင်းရဲခြင်း၏အစအဦးပင်ဖြစ်သတည်း။
၇။ခရစ်ယာန်တွေညှင်းဆဲခံရလာမယ် (သို့သော်လည်းအဆုံးသည်မဖြစ်သေး။)
ရှင်မဿဲ၂၄:၈ထိုကာလ၌လူများတို့သည်သင်တို့ကိုညှဉ်းဆဲခြင်း၊အသေသတ်ခြင်းကိုခံစေခြင်းငှာအပ်နှံကြလိမ့်မည်။ငါ၏နာမကြောင့်လည်းခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။
၈။မေတ္တာမဲ့ပြီးအချင်းချင်းမုန်းလာမယ် (သို့သော်လည်းအဆုံးသည်မဖြစ်သေး။)
ရှင်မဿဲ၂၄:၉-၁၂ ထိုကာလ၌လူများတို့သည်သင်တို့ကိုညှဉ်းဆဲခြင်း၊အသေသတ်ခြင်းကိုခံစေခြင်းငှာအပ်နှံကြလိမ့်မည်။ငါ၏နာမကြောင့်လည်းခပ်သိမ်းသောလူမျိုးတို့သည်သင်တို့ကိုမုန်းကြလိမ့်မည်။ထိုကာလ၌အများသောသူတို့သည်ဖောက်ပြန်ခြင်းသို့ရောက်၍၊အချင်းချင်းတစ်ယောက်ကိုတစ်ယောက်အပ်ကြလိမ့်မည်။အချင်းချင်းမုန်းကြလိမ့်မည်။…မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။
၉။မိစ္ဆာပရောဖက်ပေါ်လာပြီးလူကိုလှည့်ဖြားလာမယ် (သို့သော်လည်းအဆုံးသည်မဖြစ်သေး။)
ရှင်မဿဲ၂၄:၁၁ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
၁၀။မတရားသောအမှုပိုပိုများလာမယ် (သို့သော်လည်းအဆုံးသည်မဖြစ်သေး။)
ရှင်မဿဲ၂၄:၉-၁၃ မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည်ခေါင်းပါးလိမ့်မည်။
လူတွေအားလုံး ဧဝံဂေလိကြားရပြီးမှသာ(အဆုံးသည်ဖြစ်လတ္တံ့)
ရှင်မဿဲ၂၄:၉-၁၄ လူမျိုးအပေါင်းတို့အားသက်သေ ဖြစ်မည်အကြောင်း နိုင်ငံတော်
နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။