ကျမ်းစာကပြောတဲ့မိန်းမလျှာဆိုတာ
ရှင်မဿဲ၁၉:၁၂မှာပါတဲ့“မိန်းမလျှာ”ဟာအခြောက်မ-လိင်တူ(Gay)ကိုဆိုလိုခြင်းလုံးဝ(လုံးဝ)မဟုတ်ပါ။ကျမ်းစာဘာသာပြန်ခြင်းဆိုင်ရာစကားလုံးသုံးခြင်းမတူတာမို့လိင်တူတွေကိုပြောနေတယ်လို့ထင်ကြရင်မှားပါမယ်။သူ့ရဲဆိုလိုရင်းကိုလိုရင်းတိုရှင်းချပြပါမယ်။
၁။အမိဝမ်းတွင်းကပင်မိန်းမလျှာဖြစ်ကြ၏ဆိုတာ
ကျန်းမာရေးအရလိင်အားချို့တဲ့သူ(အိမ်ထောင်ပြုနိုင်စွမ်းမရှိသူ)ကိုဆိုလိုပါတယ်။ဥပမာမွေးရာပါပန်းသေနေခြင်း၊လိင်မှုပိုင်းဆိုင်ရာမွေးရာပါစွမ်းဆောင်မှုမရှိခြင်း။
၂။သူတစ်ပါးဆုံးမ၍မိန်းမလျှာဖြစ်ကြ၏။ဆိုတာက
လိင်တံဖြတ်ခံထားရတဲ့သူ(သင်းကွပ်ခံထားရသူ)တွေကိုဆိုလိုပါတယ်။ဥပမာတရုတ်နန်းတွင်းဇာတ်ကားထဲကကုန်းကုန်း(မြန်မာလိုမိန်းမစိုး)လိုမျိုးပါ။အရင်ကနန်းတွင်းသမိုင်းမှာတကယ်ရှိခဲ့ကြပါတယ်။သမ္မာဟောင်းကျမ်းစာထဲကဒံယေလနဲ့သူငယ်ချင်းသုံးယောက်လဲမိန်းမစိုးဖြစ်တယ်လို့တချို့ကျမ်းပညာရှင်တွေဆိုကြပါတယ်။
၃။ကောင်းကင်နိုင်ငံတော်အဖို့အလို့ငှာမိမိကိုယ်ကိုဆုံးမ၍မိန်းမလျှာဖြစ်ကြ၏။ဆိုတာက
ကျန်းမာရေးနဲ့လိင်စိတ်ပုံမှန်ရှိပေမယ့်ဘုရားရဲ့အမူတော်မြတ်အတွက်အိမ်ထောင်မပြုဘဲနေကြသူတွေကိုဆိုလိုပါတယ်။ဥပမာရှင်ပေါလုလိုမျိုးပါ။
လိုရင်းဆိုရသော်
မဿဲ၁၉:၁၂ထဲကမိန်းမလျှာဆိုတာ အခြောက်မကိုပြောတာမဟုတ်သလို LGBT တွေကိုပြောနေတာလုံးဝ(လုံးဝ)မဟုတ်ပါ။အိမ်ထောင်မပြုသူ(or)အိမ်ထောင်ပြုနိုင်စွမ်းမရှိသူကိုသာဆိုလိုတာဖြစ်တယ်။နားလည်ပါစေ။
တချို့ဆရာတွေကယနေ့တိုင်အောင်ဒီကျမ်းမှာပြောတဲ့မိန်းမလျှာကို”အခြောက်မ-LGBT”လို့ထင်နေကြတုန်း။
ဆိုတော့ ကျမ်းစာက မိန်းမလျှာ ပြောတိုင်းGayကိုဆိုလိုတာမဟုတ်တော့ဘူးလားဆိုတော့လည်းမဟုတ်ရသေးပါဘူး၊မဿဲ၁၉:၁၂ကလွဲလို့အောက်ပါကျမ်းချက်ထဲကမိန်းမလျှာကတော့Gay(အခြောက်မ)ကိုပြောနေတာပါဘဲ။လေ့လာကြည့်ပါ။တရား၂၃:၁၇၊၃ရာ၁၄:၂၄၊၃ရာ၁၅:၁၂၊၃ရာ၂၂:၄၆၊ယောဘ၃၆:၁၄၊၄ရာ၂၃:၇။
ရှင်မဿဲ၁၉:၁၂လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် သူတစ်ပါးဆုံးမ၍ မိန်းမလျှာ ဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဖို့ အလို့ငှာ မိမိကိုယ်ကိုဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထိုစကားကို ခံယူနိုင်သောသူသည် ခံယူစေဟု မိန့်တော်မူ၏။