အကျင့်လော၊ကျေးဇူးတော်လော
၁။သမ္မာကျမ်းစာအရလောကကြီးမှာလူကောင်းတစ်ယောက်မှမရှိပါ။ဘုရားတောင်းဆိုတဲ့အကျင့်ကိုကျင့်နိုင်သူတယောက်မျှမရှိပါ။ဒါကြောင့်လူတိုင်းမိမိတို့ရဲ့မကောင်းမှုအကျင့်ကြောင့်စီရင်ခြင်းခံရပါမည်။
(ရောမ၃:၁၀-၁၂ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။- နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသောသူမရှိ။- လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တစ်ယောက်မျှမရှိ။)
၂။လူတွေရဲ့အကျင့်ကြောင့်သေချာပေါက်ငရဲကျရမှာကိုဘုရားသခင်သိနေပါတယ်။ဒါပေမဲ့သူဖန်ဆင်းထားတဲ့လူတွေကိုသူသိပ်ချစ်တဲ့အတွက်၊အကျင့်ကြောင့်ကိုယ်စီငရဲကျတော့မဲ့သူတွေကိုကယ်တင်ခြင်းလမ်းတခုပြင်ဆင်ပေးထားခဲ့ပါတယ်။
(ယော၃:၁၆ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။)
၃။မိမိအကျင့်ဆိုးတွေကြောင့်စီရင်ခြင်းခံရပြီးငရဲမုချကျရတော့မဲ့သူတွေဟာယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံလိုက်ဝာာနဲ့ကယ်တင်ခြင်းရပါပြီ။ကိုယ်လုပ်ခဲ့တဲ့အကျင့်ဆိုးတွေကြောင့်အပြစ်ပေးစီရင်ခြင်းခံစရာမလိုတော့ပါ။ဒီကယ်တင်ခြင်းကိုလက်မခံသူတိုင်းကတော့မိမိရဲ့အကျင့်အတိုင်းအပြစ်ပေးစီရင်ခြင်းခံရပါမည်။
(ယော၃:၁၈သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏။)
၄။။ကယ်တင်ခြင်းဟာအကျင့် ကြောင့်မရနိုင်တာမို့၊မကျင့်နိုင်သူကိုကယ်တင်ဖို့ယေရှုခရစ်လာပြီးအသေခံခဲ့တာပါ။ဒါကြောင့်ကျင့်နိုင်မှကယ်တင်ခြင်းရမယ်ဆိုသူဟာအယူလွဲပါ။စစ်မှန်သောသမ္မာတရားဟာယုံကြည်လို့ကျေးဇူးတော်ကြောင့်သာကယ်တင်ခြင်းရတာပါ။
(ဧဖက်၂:၈-၉ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။)
၅။သင်ကျင့်နိုင်လို့ထာဝရအသက်ရတယ်ခံယူရင်ယေရှုခရစ်တောင်လာပြီးအသေခံစရာမလိုတော့ပါ။ခရစ်တော်သင့်အတွက်သေခံသွားတာအချည်းနီးဖြစ်သွားပါပြီ။
(ဂလာတိ၂:၂၁ဘုရားသခင်၏ကျေးဇူးတော်ကိုငါမပယ်။ပညတ်တရားကိုအမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင်ခရစ်တော်သည်အချည်းနှီး အသေခံတော်မူပြီ။)
၆။ငါကောင်းနိုင်လို့ထာဝရအသက်ရတာပါကွာလို့ခံယူသူနဲ့အဲ့ဒီလိုသွန်သင်နေသူတွေဟာခရစ်တော်ပြုပေးခဲ့တဲ့ကယ်တင်ခြင်းကျေးဇူးတရား၌မတည်သောသူတွေသာဖြစ်ပါတယ်။
(ဂလာတိ ၅:၄ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူး တရား၌မတည်၊ ရွေ့လျော့ကြပြီ။)
၇။စီရင်ခြင်းမှာလူတွေရဲ့အကျင့်နဲ့စီရင်တယ်လို့ကျမ်းစာမှာဖော်ပြတယ်၊ဒါဆိုရင်အကျင့်ကောင်းနိုင်မှထာဝရအသက်ရမှာလားလို့မေးလာသူရှိပါတယ်။
စီရင်ခြင်းမှာလူတွေရဲ့အကျင့်နဲ့စီရင်အပြစ်ပေးမှာမှန်ပါတယ်။ဒါမှလည်းတရားမျှတမှုရှိမှာပါ၊မဟုတ်ရင်တချို့လူတွေကငါအကျင့်ကောင်းရက်သားနဲ့ယေရှုကိုမယုံလို့ငရဲသွားရတာမတရားဘူး(မင်းတို့ယေရှုကအတ္တကြီးလိုက်တာ)လို့ ပြောနိုင်ပါတယ်။
အမှန်ကယေရှုကိုမယုံကြည်လို့အကျင့်ဆိုးတဲ့အပြစ်ရှိသွားဝာာမဟုတ်ပါဘူး။လူတွေမှာနဂိုကတည်းကအကျင့်ဆိုးအပြစ်လုပ်နေတာကိုမှကယ်တင်ပေးမဲ့သူကိုလက်မခံလို့သာအကျင့်အတိုင်းစီရင်ခံရတာဖြစ်ပါတယ်။ဒါကြောင့်မယုံကြည်သူတိုင်းဟာမိမိအကျင့်ဆိုးကြောင့်စီရင်ခံရမှာပါ။ယုံကြည်သူတွေကတော့ကယ်တင်ရှင်ကိုလက်ခံခဲ့လို့နဂိုအကျင့်မကောင်းခဲ့ပေမယ့်အပြစ်ပေးစီရင်ခံခြင်းကလွတ်မြောက်ကြပါလိမ့်မည်။ဒါကြောင့်ကယ်တင်ခြင်းရပြီးတခါတလေအားနည်းမှုကြောင့်(တခါတလေအားနည်းမှု)အကျင့်မကောင်းခဲ့တာရှိလို့စီရင်ခံရမှာကြောက်စရာမလိုပါ။စီရင်ခြင်းကသင့်အကျင့်ကိုကြည့်ပေမယ်ယေရှုအသွေးနဲ့သင်စင်ကြယ်သွားပြီမို့သင်စီရင်ခြင်းကလွတ်မြောက်ပါပြီ။အာမင်။
(ရောမ၁၀:၄ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။)
(ယော၅:၂၄ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ၊သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။)
၈။ဒါဆိုရင်ယေရှုကိုယုံကြည်ပြီးရင်လဲအပြစ်အားရပါးရလုပ်လို့ရပြီလား?မဟုတ်ရပါမိတ်ဆွေ၊စစ်မှန်တဲ့ယုံကြည်သူဟာအပြစ်ကိုမုန်းပြီးပြောင်းလဲတဲ့အသက်တာရှိသူဖြစ်ရပါတယ်။ကယ်တင်ခြင်းရထားမရထားဆိုတာအပြစ်ကိုမုန်းခြင်းမမုန်းခြင်းကသက်သေထူနေပါလိမ့်မည်။
(ရောမ၆:၁-၄ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော်ပွားများစေခြင်းငှာ အပြစ်တရားကို ကျင့်၍ နေရမည်လော။ထိုသို့မနေရ။ အပြစ်တရားမှ စုတေ့သောသူတို့သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။- ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့်သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။)
ကယ်တင်ခြင်းဟာဆုံးရှုံးနိုင်တယ်(သို့မဟုတ်)မဆုံးရှုံးနိုင်ဘူးဆိုတာနှစ်ဖက်လုံးအယူလွဲကြတာမဟုတ်ပေမဲ့၊ကယ်တင်ခြင်းဟာအကျင့်ပါမှပြည့်စုံမယ်တို့၊ကယ်တင်ခြင်းဟာအကျင့်ကြောင့်ရတာတို့ခံယူဟောပြောခြင်းဟာအယူလွဲ(အယူလွဲ)ဖြစ်သွားပါပြီ။သတိထားပါ။