ရေကိုဘုရားဖန်ဆင်းခဲ့ပါသလား
ကမ္ဘာဦးကျမ်းထဲကဖန်ဆင်းခြင်းထဲမှာရေကိုဖန်ဆင်းခဲ့တာမတွေ့ရဘူးဆိုပြီးလူတချို့ကဒီမေးခွန်းထုတ်လာကြပါတယ်။ဒါကြောင့်ရေကိုဘုရားဖန်ဆင်းခဲ့ကြောင်းကျမ်းချက်တချို့ချပြပါရစေ။
၁။ရေဟာအလိုလိုရှိ နေခဲ့တာမဟုတ်ဘဲ၊ဖန်ဆင်းရကြောင်းဒီကျမ်းချက်ကဖော်ပြပါတယ်။
သုတ္တံ၈:၂၄ နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မီ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။
၂။ပရောဖက်ယောနကရေကိုဘုရားဖန်ဆင်းကြောင်းယုံကြည်စွာဖော်ပြခဲ့ပါတယ်။
ယောန၁:၉ ငါသည် ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ်၏ဟုဆိုလျှင်၊
၃။တမန်တော်တွေလည်းရေကိုဘုရားဖန်ဆင်းကြောင်းယုံကြည်ခဲ့ကြပါတယ်။
တမန်၁၄:၁၅ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။(စံမီ)
၄။ဗျာဒိတ်ကျမ်းရေးတဲ့တမန်တော်ရှင်ယောဟန်လဲရေကိုဘုရားဖန်ဆင်းကြောင်းအတည်ပြုထားပါတယ်။
ဗျာ၁၄:၇ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။
၅။ဖန်ဆင်းခြင်းနဲ့ကင်းလွတ်တဲ့အရာတခုမှမရှိ ကြောင်းဒီကျမ်းချက်ကဖော်ပြပါတယ်။
ယော၁:၃ နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။