• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေရှုတိဗက်မသွားခဲ့ကြောင်းသက်သေ(၅)ချက်

ဆရာရဲမင်း

11 月 19, 2024

ယေရှုတိဗက်မသွားခဲ့ကြောင်းသက်သေ(၅)ချက်

မယုံကြည်သူဗုဒ္ဓဘာသာမိတ်ဆွေတချို့နဲ့ဘုန်းကြီးတချို့ကယေရှုခရစ်တော်ဟာ၁၂ကနေ၃၀ထိ(၁၈နှစ်လုံး)တိဗက်မှာဗုဒ္ဓစာသင်ယူခဲ့ကြောင်းလာစွတ်စွဲကြတာကို၊လိုရင်းအချက်(၅)ချက်နဲ့စုစည်းဖြေရှင်းပါရစေ။

၁။သမ္မာကျမ်းစာသက်သေ
(၁)ရှင်မဿဲခရစ် ဝင်၂:၂၃ မှာခရစ်တော်ဟာ“နာဇရက်အမည်ရှိသောမြို့သို့ ရောက်၍ အမြဲနေလေ၏။”လို့ဖော်ပြပါတယ်။သတိပြုပါ“အမြဲနေလေ၏။”ဒါဟာ ယေရှုဘယ်မှမသွားခဲ့တော့ကြောင်းသက်သေပါ။
(၂)ရှင်လုကာခရစ်ဝင်၄:၁၆မှာ“ကြီးထွားတော်မူရာနာဇရက်မြို့သို့ ရောက်ပြန်လျှင်၊…”လို့ဖော်ပြပါတယ်။သတိပြုပါ“ကြီးထွားရာနာဇရက်မြို့”ဆိုလိုချင်တာကယေရှုကြီးထွားလာခဲ့တာအစ္စ‌ရေးနိုင်ငံက၊နာဇရက်မြို့မှာဆိုတာသက်သေပါ။ဘယ်မှမသွားခဲ့ပါ။
(၃)ရှင်လုကာခရစ်ဝင်၂:၄၅မှာ“ယေ​ရှု​သည် တစ်​ဆယ်​နှစ်​နှစ်​ရှိ​သော​အ​ခါ ပ​သ​ခါ​ပွဲ​ထုံး​စံ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​သို့ တက်​ကြ၍”လို့‌ ဖော်ပြပြီး၊အငယ်၅၁မှာ“ထို​နောက်ယေ​ရှု​သည်မိ​ဘ​တို့​နှင့်​အ​တူ​သွား​သ​ဖြင့် နာ​ဇ​ရက်​မြို့​သို့​ရောက်၍ သူ​တို့​စ​ကား​ကို နား​ထောင်​လျက် နေ​လေ၏။” ၊“ယေ​ရှု​သည်​လည်း အ​စဉ်​အ​တိုင်း​ကြီး၍ ပ​ညာ​တိုး​ပွား​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့​ရှေ့​မှာ မျက်​နှာ​ရ​တော်​မူ၏။”လို့‌ ဖော်ပြပါတယ်။ဒါကဘာကိုသက်သေထူနေလဲဆိုတော့ယေရှုအသက်၁၂အရွယ်မှာပဿခါပွဲတက်ပြီးမိဘ‌နဲ့အတူနာဇရက်မြို့ကိုပြန်‌ နေထိုင်ခဲ့ကြောင်းပါ၊၁၂နှစ်အရွယ်မှာဘယ်မှမသွားခဲ့ကြောင်းသက်သေပါ။
(၄)ရှင်မဿဲ၁၃:၅၅နဲ့ရှင်မာကု၆:၃မှာယေရှုခရစ်တော်ကိုလူတွေက“လက်သမားသားဆိုတာသိကြသလို၊သူကိုယ်တိုင်လက်သမားလုပ်ခဲ့ကြောင်း”သိနှင့်ပြီးသားမို့၊ယေရှု၁၂-၃၀ထိ၁၈နှစ်လုံးသားကြီးတာဝန်ကိုကျေပွန်ထမ်းရွက်ခဲ့ကြောင်း၊ဘယ်မှခရီးမထွက်ခဲ့ကြောင်းသက်သေထူနေပါတယ်။ပညတ်(တောလည်ရာ၄:၂-၃)အတိုင်းအသက်၃၀မှတရားစဟောတာဖြစ်ပါတယ်။

၂။လမ်းပန်းဆက်သွယ်‌ရေးသက်သေ
ဣသရေလ(အစ္စရေး)နိုင်ငံပါလယ်စတိုင်းနဲ့တိဗက်ပြည်ရဲ့အကွာအဝေးဟာမိုင်ပေါင်းလေးထောင်မကဝေးပါတယ်လို့ဆိုထားပါတယ်။ယေရှုခရစ်ရဲ့ခေတ်ကာလမှာကားဆိုင်ကယ်တွေမပြောနဲ့စက်ဘီးတောင်မပေါ်သေးပါဘူး၊ဒါကြောင့်အဲလောက်ဝေးတဲ့နေရာကို၁၂နှစ်ရွယ်ကလေးကအချိန်တိုအတွင်းသွားရအောင်မဖြစ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။

၃။စက္ကူမပေါ်သေးခြင်းသက်သေ
ယေရှုဟာတိဘက်မှာဗုဒ္ဓတရားသွားခံယူတယ်လို့စွပ်စွဲသူဟာတချိန်ထဲမှာယေရှုဟာသူသင်ယူခဲ့တဲ့ဗုဒ္ဓတရားအတွေ့အကြုံကိုဟေဗြဲဘာသာနဲ့စက္ကူအရွက်(၁၀၀)ပေါ်မှတ်တမ်းတင်ခဲ့ကြောင်းစွပ်စွဲထားပါသေးတယ်။အမှန်တော့ယေရှုအသက်ရှင်တဲ့(AD 4-33)ခေတ်ကာလမှာစက္ကူစာရွက်ဆိုတာမပေါ်ပေါက်သေးကြောင်း၊AD100ကျော်-200လောက်မှစက္ကူတီထွင်ပေါ်ပေါက်လာကြောင်းသမိုင်းအထောက်အထား
https://reurl.cc/VRqKDn
အရသိရပါမယ်။ ယ‌နေ့ထိလည်းယေရှုရေးခဲ့ပါတယ်ဆိုတဲ့ဗုဒ္ဓတရားစာလက်‌ရေးမူဆိုတာဘယ်သူမှမတွေ့ဖူးကြပါဘူး။တကယ်မရှိလို့ဖြစ်ပါတယ်။ဒါကဘာကိုသက်သေထူနေလဲဆိုတော့ယေရှုတိဘက်သွားပြီးဗုဒ္ဓတရားသင်ယူခဲ့တာလုံးဝမဖြစ်နိုင်ကြောင်းသက်သေနောက်တခုပါ။

၄။တိဗက်ဗုဒ္ဓဘာသာစရောက်ခြင်းသက်သေ
တိဗက်မှာ(အစောဆုံး)ဗုဒ္ဓဘာသာစတင်ရောက်ရှိခြင်းဟာAD600ကျော်မှဖြစ်ကြောင်း၊AD800‌ လောက်မှတိဗက်မှာဗုဒ္ဓဘာသာဟာအဓိကဘာသာဖြစ်လာခဲ့ကြောင်းသမိုင်းအထောက်အထား
https://reurl.cc/zr70M6
အရတွေ့ရပါတယ်။
သခင်ယေရှုခရစ်တော်ကတော့AD1ဝန်းကျင်မှာမွေးပြီးAD33ဝန်းကျင်အထိအသက်ရှင်ခဲ့သူပါ။ဒါကဘာကိုသက်သေထူနေလဲဆိုတော့ယေရှုကတိဗက်ကိုသွားပြီးဗုဒ္ဓတရားခံယူရအောင်ယေရှုခေတ်ရဲ့တိဗက်မှာဗုဒ္ဓတရားတောင်မရောက်သေးပါဘူး၊ယေရှုခေတ်ပြီးမှနှစ်ပေါင်း600ကျော်မှသာတိဗက်မှာဗုဒ္ဓဘာသာစတင်ရောက်ရှိတာပါ။ဒါကြောင့်ယေရှုတိဗက်သွားပြီးဗုဒ္ဓတရားခံယူခဲ့တယ်ဆိုတာလုံးဝမဖြစ်နိုင်ပါ။

၅။ဗုဒ္ဓနှင်ခရစ်တော်လမ်းစဉ်မတူခြင်းသက်သေ
အကယ်၍ယေရှုခရစ်ကိုဗုဒ္ဓတရားခံယူပြီးပြန်သင်ပေးနေတဲ့သူလို့ပြောရင်ဗုဒ္ဓဘာသာတွေယေရှုကိုအရိမေတ္တယျဘုရားဆိုပြီးကိုးကွယ်နေရကြပါလိမ့်မည်။အမှန်မှာထို့သို့မဟုတ်ကြောင်းထင်ရှားလှပါတယ်။ဗုဒ္ဓရဲ့နိဗာန်လမ်းစဉ်ဟာကယ်တင်ရှင်ဝါဒမဟုတ်ဘဲကိုယ့်အားကိုယ်ကိုးမှရတာမျိုးပါ။ခရစ်တော်ရဲ့ ကောင်းကင်ဘုံရောက်ရာလမ်းစဉ်ကတော့လူတွေမကျင့်နိုင်လို့သူလာကယ်တင်ပေးခြင်းဖြစ်ပါတယ်။ဒါကသံတလမ်းပြဒါးတလမ်းပါ။ မေတ္တာတရားကတူညီသလိုနဲ့အဓိကကျတဲ့အကျွတ်တရားဩဝါဒမတူညီကြပါဘူး၊ဒါဟာယေရှုခရစ်တော်ဗုဒ္ဓတရားမခံယူခဲ့ကြောင်း၊ဘာတိဗက်မှလဲမသွားခဲ့ကြောင်းသက်သေနောက်ထပ်တခုပါဘဲ။