• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အမြဲလုပ်ရမဲ့ဧဝံဂေလိအလုပ်

ဆရာရဲမင်း

11 月 20, 2024

အမြဲလုပ်ရမဲ့ဧဝံဂေလိအလုပ်

၁။တိုင်းပြည်အခြေအနေမကောင်းဘူးဧဝံဂေလိမလုပ်နဲ့အုံးလို့ပြောရအောင်၊ နေ့တိုင်း‌သေပြီးငရဲသွားနေတဲ့လူတွေကတိုင်းပြည်အခြေအနေကောင်းတဲ့အထိ‌‌သင့်ကိုစောင့်နေနိုင်မှာမဟုတ်ဘူး။ဒါကြောင့်ရတဲ့နည်းနဲ့ဧဝံဂေလိလုပ်ပါ။

၂။စစ်ပွဲဖြစ်နေတယ်ဧဝံဂေလိမလုပ်ကြနဲ့ပြောရအောင်၊စစ်ပွဲကြောင့်သေနေတဲ့စစ်သားတွေနဲ့ပြည်သူတွေကငြိမ်းချမ်းရေးရတဲ့အထိအသက်ရှင်နေသေးဖို့မသေချာဘူး။သူတို့‌‌တွေဘုရားမသိဘဲသေရင်ငရဲဘဲ။ဒါကြောင့်ရတဲ့နည်းလမ်းနဲ့ဧဝံဂေလိကိုသူတို့ကြားမိ‌အောင်လုပ်ပါ။

၃။ဧဝံဂေလိကိုဒီနေရာမလုပ်နဲ့ဟိုနေရာမလုပ်နဲ့လို့ပြောရအောင်၊အဲဒီနေရာမှာနေတဲ့လူတွေဘုရားကိုမသိဘဲသေရင်ငရဲကျမှာသင်သတိပြုမိပါရဲ့လား?ဒါကြောင့်ရတဲ့နည်းနဲ့ဧဝံဂေလိလုပ်ပါ။
ဒီ‌လိုပြောလိုက်လို့အန္တရာယ်ရှိနေရင်လဲရူးရူးမူးမူးတိုးဝင်ပါလို့မဆိုလိုဘူး၊သူနည်းဗျူဟာနဲ့သူထိုးဖောက်ဖို့ကိုပြောတာပါ။
ဧဝံဂေ လိ ကို
ဘယ်လိုအခြေနေမှာဘဲဖြစ်ဖြစ်၊
ဘယ်နေရာဘယ်ဒေသမှာဘဲဖြစ်ဖြစ်၊
ဘယ်လိုလူမျိုးဘာသာတွေမှာဘဲဖြစ်ဖြစ်၊
သူ့နေရာ၊သူ့ဒေသ၊သူ့ဘာသာနဲ့သင့်တော်တဲ့ပုံစံနည်းဗျူဟာကိုအသုံးပြုပြီး၊လုပ်ကိုလုပ်ပါ။ဧဝံဂေလိလုပ်ခြင်းဆိုတာလုပ်လဲရမလုပ်လဲရတဲ့အလုပ်မျိုးမဟုတ်ဘူး၊လူအသက်ကိုကယ်တင်နေတဲ့အလုပ်မို့အချိန်ရှိရှိမရှိရှိ၊အားအားမအားအားပုံစံအမျိုးမျိုးနဲ့အမြဲလုပ်နေရတာပါ။ဒီနှစ်မှာဒီနည်းမရရင်နောက်တနည်းနဲ့ထိုးဖောက်ပါ၊နောက်တနည်းမရရင်နောက်တနည်း… နောက်တနည်းပေါ့။

ဒါကြောင့်ကိုယ်တိုင်မလုပ်နိုင်ရင်တောင်လုပ်နေသူကိုလိုက်မဝေဖန်မတိုက်ခိုက်မိပါစေနဲ့။လူအား၊ငွေအား၊အချိန်အား၊ညာဏ်ပညာအားနဲ့ကူညီပါဝင်ပါ။
နောက်တခုကဧဝံဂေလိလုပ်နေသူကိုယ်တိုင်လဲ
ငါကတော့ဒါတွေလုပ်နိုင်ပြီဆိုပြီးကိုယ့်လိုမလုပ်နိုင်သူကိုလိုက်အထင်မသေးမိလိုက်ပါနဲ့။ငါငါငါဆိုပြီးမဝါကြွားမိပါ‌စေနဲ့။လူတိုင်းကိုသူ့နေရာနဲ့သူဘုရားအသုံးပြုနေတာသိထားပါ။ကိုယ်သာကိုယ့်တာဝန်ကိုယ်ကျေရင်ရပါပြီ။

ကျမ်းချက်
‭‭၂ တိမောသေ‬ ‭4:2‬ ‭ နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။
‭‭၁ ကောရိန္သု‬ ‭9:16‬ ‭ ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ရုံ​ပြု​လျှင် ဝါ​ကြွား​ခြင်း အ​ကြောင်း​မ​ရှိ​သေး။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မ​ဟော​ဘဲ​မ​နေ​နိုင်။ မ​ဟော​ဘဲ​နေ​လျှင် အ​မင်္ဂ​လာ​ရှိ၏။