ဘုရားသခင်ကိုယုံကြည်ကိုးစားပါ
သင့်ကိုယ်သင်သိတာထက်
ဘုရားကသင့်ကိုပိုသိတယ်။
ဒါကြောင့်ဘုရားကိုယုံကြည်ကိုးစားပါ။
သင့်ကိုယ်သင်နားလည်တာထက်
ဘုရားကသင့်ကိုပိုနားလည်တယ်။
ဒါကြောင့်ဘုရားကိုယုံကြည်ကိုးစားပါ။
သင့်လိုအပ်ချက်ကိုသင်မြင်တာထက်
ဘုရားကသင့်လိုအပ်ချက်ကိုပိုသိမြင်တယ်။
ဒါကြောင့်ဘုရားကိုယုံကြည်ကိုးစားပါ။
သင့်ကိုယ်သင်ချစ်တာထက်
ဘုရားကသင့်ကိုပိုချစ်တယ်။
ဒါကြောင့်ဘုရားကိုယုံကြည်ကိုးစားပါ။
သုတ္တံ၃:၅-၆ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။