• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဓမ္မဟောင်းကလူတွေဘယ်လိုကယ်တင်ခြင်းရကြလဲ

ဆရာရဲမင်း

11 月 20, 2024

ဓမ္မဟောင်းကလူတွေဘယ်လိုကယ်တင်ခြင်းရကြလဲ

သမ္မာကျမ်းစာ(ယော၁:၁၂နဲ့ဧဖက်၂:၈-၉၊တမန်၄:၁၂၊တမန်၁၆:၃၁)အရလူတစ်ယောက်ကယ်တင်ခြင်းရဖို့လမ်းတစ်လမ်းဘဲရှိပါတယ်။အဲဒါကတော့ယေရှုခရစ်ကိုယုံကြည်လက်ခံခြင်းပါ။တနည်းအားဖြင့်ဓမ္မဟောင်းဓမ္မသစ်အားလုံးယုံကြည်ခြင်းကြောင့်ဖြောင့်မတ်ခြင်းသို့ရောက်တာပါ၊အကျင့်အားဖြင့်ဘယ်တုန်းကမှဖြောင့်မတ်ခြင်းမရောက်နိုင်ခဲ့ဖူးပါ။
ဒါပေမဲ့ယေရှုတောင်မမွေးသေးနဲ့ဓမ္မဟောင်းခေတ်ကလူတွေဘယ်လိုနည်းနဲ့ကယ်တင်ခြင်းရခဲ့တာလဲ?အချက်၅ချက်နဲ့ရှင်းပြပါမယ်။

၁။လူတချို့ကဓမ္မ‌ ဟောင်းကလူတွေဟာပညတ်တရားအားဖြင့်ကယ်တင်ခြင်းရတယ်လို့ လွဲမှားစွာဟောပြောကြပါတယ်။အမှန်ကပညတ်တရားကြောင့်ဖြောင့်မတ်သူတစ်ယောက်မှမရှိကြောင်းကျမ်းစာ(ဂလာတိ၃:၁၁-၁၃၊ရောမ၃:၂၀)မှာအတိအလင်းဖော်ပြထားပြီးသားပါ။

၂။ဓမ္မဟောင်းကကယ်တင်ခြင်းရရာလမ်းဟာပညတ်တရားအားဖြင့်မဟုတ်ဘူးဆိုရင်၊ဘာအားဖြင့်ဖြစ်မလဲ?
အဖြေကတော့ယုံကြည်ခြင်းအားဖြင့်ဖြစ်ပါတယ်။ဟုတ်ပါတယ်၊ဓမ္မဟောင်းဖြစ်ပါစေ၊ဓမ္မသစ်ဖြစ်ပါစေယေရှုကိုယုံကြည်မှကယ်တင်ခြင်းရမှာပါ။ဒါကြောင့်ရှင်ပေါလုကရောမ၄:၃မှာအာဗြံဟံဟာယုံကြည်ခြင်းကြောင့်ဖြောင့်မတ်ရာရောက်တယ်လို့ပြေားထားတာပါ။

၃။ဓမ္မဟောင်းခေတ်ကာလမှာယေရှုခရစ်တော်‌မမွေးသေးဘူးဘယ်လိုနဲ့ယေရှုကိုယုံကြည်ကြတာလဲဆိုတော့၊ မေရှိယလာမယ်၊ကယ်တင်ရှင်လာကယ်တင်မယ်ဆိုတာကိုကြိုယုံကြည်ရတာပါ။ဘုရားသခင်ကဟိုးကမ္ဘာဦးကျမ်း၃:၁၅ကစပြီး၊ပရောဖက်အဆက်ဆက်အားဖြင့်ဒီမေရှိယကတိတော်ကိုအကြိမ်ကြိမ်ကြားစေခဲ့တာပါ။ဒါကိုမမြင်ရသေးပေမဲ့ကြားသိရခြင်းအားဖြင့်ကြိုယုံကြည်ရတာပါ၊ဒါကြောင့်(ယော၈:၅၆)မှာအာဗြံဟံဟာယေရှုကိုမြော်လင့်ယုံကြည်နေသူဖြစ်ကြောင်းယေရှုပြောခဲ့သလို၊
လုကာ၁၀:၂၃-၂၄မှာလဲဓမ္မဟောင်းကလူ တွေဟာ တပည့် တော်တို့လိုမြင်ချင်ရင် တောင်မမြင်ခဲ့ရ ကြောင်းယေရှုပြောခဲ့ပါတယ်။(ဟေဗြဲ၁၁:၂)မှာလည်းဓမ္မဟောင်းကလူတွေက‌ မေရှိယကိုမမြင်ခဲ့ရပေမဲ့မြော်လင့်ပြီးယုံကြည်ခဲ့ကြကြောင်းချီးကျူးထားပါတယ်။

၄။နောက်ပြီး(ဂလာတိ၃:၈)မှာဘုရားသခင်ကအာဗြံဟံကိုဧဝံဂေလိ(သတင်းကောင်း-‌မေရှိယအကြောင်း)ဟောခဲ့ကြောင်းဖော်ပြပါတယ်။ဟေဗြဲ၄:၂မှာလည်း ငါတို့သည်ဝမ်း‌မြောက်စရာသတင်း(ဧဝံဂေလိ-ယေရှုအကြောင်း)ကိုထိုသူတို့ကဲ့သို့(ဓမ္မဟောင်းကလူကဲ့သို့)ကြားရပြီလို့ဖော်ပြသလို၊ဂလာတိ၃:၂၄မှာလည်းပညတ်တရားဟာခရစ်တော်ကိုညွန်ပြနေတာဖြစ်ကြောင်းဖော်ပြပါတယ်။
နောက်ဆုံးဟေဗြဲ၁၁မှာဓမ္မဟောင်းကယုံကြည်ခြင်းသူရဲကောင်းအကြောင်းမှတ်တမ်းတင်တဲ့အခါ၊ဒီယုံကြည်ခြင်းသူရဲကောင်းတွေဟာကတိတော်နဲ့စပ်ဆိုင်တဲ့မေရှိယကိုမမြင်ခဲ့ရပေမဲ့၊မြော်လင့်ပြီးယုံကြည်ရင်းသေဆုံးခဲ့ရကြောင်းဖော်ပြထားပါတယ်။

၆။ဟေဗြဲ 9:15 မှာခရစ်တော်အသေခံတာကျမ်းဟောင်းကလူတွေအတွက်လဲပါတယ်ဆိုတာဖော်ပြပါတယ်။
(ဟေဗြဲ 9:15 ထို​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​လက်​ထက်၌ ပြစ်​မှား​သော​အ​ပြစ်​ကို​လည်း လွတ်​စေ​ခြင်း​ငှာ၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သည် ဖြစ်၍၊ ခေါ်​တော်​မူ​သော သူ​တို့​သည် က​တိ​တော်​နှင့်​ယှဉ်​သော ထာ​ဝ​ရ​အ​မွေ​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထို​သ​ခင်​သည် ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​ဖြစ်​တော်​မူ၏။)

၅။နိဂုံးချုပ်ပြီးပြောရရင်
ဓမ္မဟောင်းကလူတွေကမဖြစ်သေးတဲ့(သူတို့နဲ့နှစ်ပေါင်း ထောင်ချီဝေးနေသေးတဲ့)မေရှိယကိုကြိုတင်ယုံကြည်ခဲ့ကြရတာပါ။ဒါမှကယ်တင်ခြင်းရမှာဖြစ်တယ်။အလားတူယနေ့ဓမ္မသစ်ကလူတွေလည်းဘဲ၊ယေရှုခရစ်ကိုမမြင်ဖူးကြဘူး၊ယေရှုခရစ်လူ့ဇာတိခံပြီးနောက်ပိုင်း(ကျွန်တော်တို့နဲ့နှစ်‌ပေါင်း၂ထောင်လောက်ကြာခဲ့ပြီဖြစ်တဲ့)ကယ်တင်ရှင်ကိုယုံကြည်ရတာပါ။ဒါမှကယ်တင်ခြင်းရမှာဖြစ်တယ်။

တမန်တော်၄:၁၂ထို​သ​ခင်၏ နာ​မ​တော်​မှ​တစ်​ပါး ငါ​တို့​ကို ကယ်​တင်​နိုင်​သော နာ​မ​တစ်​စုံ​တစ်​ခု​မျှ ကောင်း​ကင်​အောက် လူ​တို့​တွင် မ​ပေါ်​မ​ရှိ​ဟု ပေ​တ​ရု​သည် ထို​သူ​တို့​အား မြွက်​ဆို၏။