ဗိမာန်တော်ထဲကဖုန်းသံများ(သို့)ဘုရားကျောင်းကိုဓားပြတွင်းဖြစ်စေသူများ
Byဆရာရဲမင်း
တချိန်ကဗိမာန်တော်မှာ
အဝေးကလာတဲ့ဘာသာဝင်တွေအဆင်ပြေစေဖို့
သိုးနွားရောင်းပေးသူနဲ့ငွေလဲကောင်တာတွေရှိခဲ့တယ်။
နောက်တော့အဆင်ပြေဖို့ဆိုတာထက်စီးပွားရေးသောင်းကြမ်းလာကြပြီးဗိမာန်တော်ထဲကကိုးကွယ်ခြင်းကိုနှောက်ယှက်လာတဲ့အထိဖြစ်လာတာမို့၊ယေရှုခရစ်တော်ကဒီလိုလူတွေကိုဗိမာန်တော်ကနေမောင်းထုတ်ပစ်ခဲ့တယ်။
ယနေ့ခေတ်ဘုရားကျောင်းထဲမှာ
ဝတ်ပြုခြင်းမှာအဆင်ပြေစေဖို့တချို့ကဖုန်းတွေသုံးလာကြတယ်။သုံးရင်းသုံးရင်းနဲ့ဘုရားကျောင်းထဲမှာဖုန်းသံတွေဆူညံပွတ်လောရိုက်လာတယ်။တချို့ဆိုပေါ်တင်ကြီးဖုန်းပြောနေသေးတယ်။ဘုရားကျောင်းထဲကအခြားဝတ်ပြုသူတွေကိုအတော်အနှောက်အယှက်ပေးလာတာမို့ယေရှုခရစ်တော်သာရှိရင်ဒီလူတွေကိုမောင်းထုတ်ပစ်မှာအသေအချာပါဘဲ။
တချိန်ကဗိမာန်တော်မှာသိုးနွားသံနဲ့ငွေလဲသံတွေဆူညံပြီးကိုးကွယ်သူတွေကိုနှောက်ယှက်ဖြစ်စေခဲ့တယ်။ယနေ့ဘုရားကျောင်းမှာဖုန်းသံတွေဆူညံပလူပျံခြင်းကလည်းကိုးကွယ်သူတွေကိုအနှောက်ယှက်ပေးနေတယ်။
သတိထား၊ယေရှုခရစ်မောင်းထုတ်လိမ့်မယ်။
ဖုန်းသုံးတာတန်ဆေးလွန်ဘေးပါဘဲ။
ဖုန်းမသုံးဘဲဝတ်ပြုနိုင်ရင်အကောင်းဆုံးပါ။
မဖြစ်မနေအသုံးပြုချင်ပါကဖုန်းအသံနဲအင်တာနက်တွေပိတ်ပြီး၊ဓမ္မသီချင်း-ကျမ်းစာ-မှတ်စု ဒါတွေကိုသာအသုံးပြုသင့်ပါတယ်။တပတ်လုံးမှဝတ်ပြုချိန်2နာရီလေးမှာတောင်ဖုန်းမဆော့ဘဲမနေနိုင်ရင်ဘုရားကျောင်းတောင်မလာသင့်ပါ။
ရှင်မဿဲ 21:13 ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။
နားရှိသောသူမည်သည်ကားကြားပါစေ။
မူရင်း-ဆရာရဲမင်း