• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာထဲမှအရက်ဆိုင်ရာသွန်သင်ချက်(၁၀)ချက်

သမ္မာကျမ်းစာထဲမှအရက်ဆိုင်ရာသွန်သင်ချက်(၁၀)ချက်

၁။အရက်သောက်ခြင်းကအမှားလုပ်မိ‌စေနိုင်ပါတယ်။
(သုတ္တံ၂၀:၁ စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ်၏။ ထိုသို့သောအားဖြင့် မှားယွင်းသောသူသည် ပညာမရှိ။)

၂။အရက်ကိုစွဲသောက်ခြင်းကကျန်းမာရေးဆိုးရွားစွာထိခိုက်စေပါတယ်။
သုတ္တံ၂၃:၃၁-၃၂ ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။ နောက်ဆုံး၌ မြွေကဲ့သို့ ကိုက်တတ်၏။ မြွေဆိုးကဲ့သို့ နာစေတတ်၏။

၃။မူးယစ်ခြင်းကသမ္မာသတိရှိခြင်းကိုပျက်စေပါတယ်။
ရှင်လုကာ၂၁:၃၄ သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။

၄။အရက်ကလူကိုအရင့်စွဲစေပြီးချီ‌နှောင်စေပါတယ်။
တိတုဩဝါဒစာ၂:၃ MSBU
…စပျစ်ဝိုင်(အရက်)၏ကျေးကျွန်ဖြစ်သောသူမဟုတ်ဘဲ ကောင်းမြတ်သောအရာကိုသင်ပေးသောသူများဖြစ်ကြရန် ဟောပြောလော့။

၅။အရက်သမားနှင့်အဖော်မပြုနှင့်(အရက်သမားဖြစ်မှာစိုးလို့ပါ)။
၁ကော၅:၁၁ ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သောသူသည် မတရားသော မေထုန်၌မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်းမှစ၍၊ ထိုသို့သောအမှုကို ပြုသောသူနှင့် မပေါင်းဖော်ရသည်သာမက၊ ထိုသူနှင့်အတူ စားသောက်ခြင်းကိစ္စကိုမျှမပြုရဟု ငါရေးထား၍ ပညတ်၏။

၆။ယစ်မှုးခြင်းဟာဝိညာဉ်တော်ပြည့်ဝခြင်းနဲ့ဆန့်ကျင်နေတာမို့အရက်သောက်စားရင်းဝိညာဉ်တော်ပြည့်ဝလို့မရပါ။
ဧဖက်၅:၁၈ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။

၇။ယုံကြည်ပြီးနောက်အရက်ယစ်မူးခြင်းမပြုတော့နှင့်။
၁ပေ၄:၃သာသနာပလူတို့၏ အလိုသို့လိုက်၍၊ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း၌ ကျင်လည်၍၊ ငါတို့လွန်စေပြီးသော အသက်ကာလသည် ငါတို့အား လောက်ပေ၏။-

၈။မပြောင်းလဲဘဲအမြဲအရက်မူးနေသူများကယ်တင်ခြင်းမရပါ။
ဂလာတိ၅:၂၁ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။

၉။ပွဲတော်မင်္ဂလာကဝိုင်ဘဲဆိုပြီးသောက်ကျူးရင်အပြစ်ရှိမည်။
၁ကော၁၁:၂၁ အကြောင်းမူကား၊ သင်တို့သည် စားကြသည်တွင် ကိုယ်စီကိုယ်စီ မိမိအစာကိုအရင်ယူ၍၊ တချို့ကား ဆာမွတ်လျက်၊ တချို့ကား စားသောက်ကြူးလျက်ရှိကြ၏။

၁၀။အရက်ဆိုတာကျန်းမာရေးအတွက်ဆေးအဖြစ်သုံးလို့ရတယ်ဆိုပေမဲ့၊သူတပါးအတွက်ထိမိ၍လဲကျစရာမဖြစ်စေသင့်ပါ။
၁တိ ၅:၂၃ သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှာလည်းကောင်း၊ မကြာမကြာခံရသော ရောဂါကြောင့်လည်းကောင်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်းငယ်ကို သုံးလော့။
ရှင်လုကာ၁၀:၃၄ ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့် စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်မှာ တင်၍ ဇရပ်တစ်ခုသို့ ဆောင်သွားပြုစုလေ၏။
၁ကော ၈:၉ သို့သော်လည်း၊ သင်တို့အခွင့်ကို အားနည်းသောသူတို့၌ ထိမိ၍လဲစရာအကြောင်း မဖြစ်စေခြင်းငှာ သတိပြုကြလော့။

နိဂုံး
အရက်ဆိုတာသုံးတတ်ရင်‌ဆေး-မသုံးတတ်ရင်‌ဘေးဖြစ်ပါတယ်(ဆာလံ၁၀၄:၁၄-၁၅၊ဒေသနာ၃:၁၃၊၉:၇)။ကျမ်းစာအရအရက်သောက်မိတာနဲ့အပြစ်မဖြစ်ပေမဲ့၊အရက်မူးယစ်ခြင်းကအပြစ်ဖြစ်စေတာမို့ယုံကြည်သူများသတိပြုဆင်ခြင်နိုင်ဖို့ရေးသားလိူက်ပါတယ်။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။