ယုံကြည်သူနှင့်အချစ်သီချင်း
ယုံကြည်သူတွေသမီးရည်းစားအချစ်နဲ့သက်ဆိုင်တဲ့သီချင်းဆိုလို့ရမရ၊နားထောင်သင့်မသင့်ဆိုပြီးမေးသူများလာတော့လိုရင်းတိုရှင်းဖြေပါ့မယ်။
အဖြေက
သီချင်းစာသားနဲ့နောက်ခံဖြစ်ပေါ်လာပုံပေါ်မူတည်ပြီးဆိုသင့်မဆိုသင့်၊နားထောင်သင့်မသင့်ဆိုတာခွဲခြားရပါမယ်။
၁။သီချင်းစာသားကသမ္မာကျမ်းစာဘောင်ကျော်လွန်ဆန့်ကျင်နေရင်မဆိုသင့်ပါ။ဥပမာငါ့ကိုယ်ငါသတ်သေချင်တယ်တို့၊ဝဠ်ကြွေးရှိခဲ့ရင်လည်းကြေပါစေဘာညာ…
၂။ဒါပေမယ့်သမီးရည်းစားအိမ်ထောင်အချစ်ကိုလက်တွေ့ကျကျဖော်ကျူးရေးစပ်ထားတာမျိုးကိုတော့ဆိုလို့ရ၊နားထောင်လို့ရပါတယ်။ဘာကြောင့်လည်းဆိုတော့ဒီအချစ်ကလည်းအာဒံဧဝကစပြီးဘုရားပေးထားတာမို့ပါ။ရိုးသားသန့်ရှင်းတဲ့သမီးရည်းစားအချစ်နဲ့တလင်တမယားအဖြစ်ထူထောင်ထားတဲ့အိမ်ထောင်ရေးလိင်မှုဟာသန့်ရှင်းပြီးဘုရားကလူကိုပေးထားတဲ့လက်ဆောင်ပါ။အပြစ်လုံးဝ(လုံးဝ)မဟုတ်ရပါ။အကယ်၍သင့်မှာသမီးရည်းစားအချစ်မရှိတာမျိုး၊အိမ်ထောင်မပြုတာမျိုးဆိုရင်တော့မပြောလိုပါဘူး။
ဒီလိုလေးတွေးကြည့်ပါ
သမီးရည်းစားအိမ်ထောင်အချစ်ကစာတန်ကလာတာလား?သမီးရည်းစားအချစ်ကအပြစ်လား?
သေချာစဉ်းစားရင်သမီးရည်းစားအိမ်ထောင်ချစ်ကအပြစ်မဟုတ်သလိုစာတန်ဆီကလာတာလည်းမဟုတ်ပါ။ဘုရားသခင်ကနေလူတွေအတွက်ပြင်ဆင်ထားပေးတဲ့အချစ်မျိုးပါ။(အပြစ်လို့ပြောရင်အိမ်ထောင်ကျနေတဲ့အမှုတော်ဆောင်အကုန်အပြစ်ကျူးလွန်နေတာပါဘဲ)။သမ္မာကျမ်းစာထဲကရှောလုမုန်သီချင်းတောင်သမီးရည်းစားအချစ်ကိုအထူးအလေးပေးရေးပြီးဘုရားအချစ်ကိုပေါ်လွင်စေခဲ့တာသတိရပါ။တနည်းအားဖြင့်ကျမ်းစာကဘုရားသခင်ရဲ့အချစ်ကိုဖော်ပြတဲ့အခါမှာအိမ်ထောင်ရေးအချစ်နဲ့ဥပမာပေးပြီးဖော်ပြလေ့ရှိပါတယ်။လူ တွေကသာဒီဘုရားပေးတဲ့သမီးရည်းစားအချစ်ကိုအလွဲသုံးစားလုပ်ပြီးအပြစ်ဖြစ်နေကြတာများတာပါ။
အမှန်တော့လူတိုင်းမိမိအိမ်ထောင်ဖက်ကိုချစ်တဲ့အချစ်ဟာအာဂ္ဂါပေဆိုတဲ့ဘုရားအချစ်နဲ့မဟုတ်ဘဲ၊သမီးရည်းစားဆိုတဲ့အိမ်ထောင်ရေးအချစ်နဲ့ပါ။မတူညီတာကခရစ်ယာန်အိမ်ထောင်မှာဘုရားအချစ်ဆိုတဲ့အဂ္ဂါပေနဲ့ပြန်လည်တည်ဆောက်ယူရတာလေးပါ။ဒါဆိုရင်ဒီသမီးရည်းစားအချစ်ကိုအရှိတိုင်းဖော်ကျူးထားတဲ့သီချင်းတွေကကောအပြစ်လား?မဟုတ်ရပါ၊အချစ်ကိုလက်တွေ့ကျကျဖော်ကျူးထားတာကဆိုလို့ရသလိုနားထောင်လို့လည်းရပါတယ်။တချို့သံစဉ်တွေကနားဝင်ချိုလှသလို၊တချို့စာသား တွေကကိုယ့်ရဲ့လက်တွေ့ခံစားနေရတဲ့ခံစားချက်နဲ့ထပ်တူကျ နေတော့ပိုပြီးသီဆိုဖော်ပြချင်လာတာပါ။ဒါပေမယ့်သီချင်းစာသားကယုံကြည်မှုနဲ့သမ္မာကျမ်းစာဘောင်ကျော်လွန်သွားရင်တော့သတိထားရပါမယ်။
ဘာနဲ့တူလည်းဆိုတော့
ယုံကြည်သူအမျိုးသမီးတွေအလှပြင်သင့်သလား?ရွေငွေတန်ဆာဆင်မြန်းသင့်သလား၊ယုံကြည်သူတွေဖုန်းဂိမ်းဆော့သင့်သလား?ဗွီဒီယိုကြည့်သင့်သလား?အပျင်းပြေကျားကွက်ရွေ့သင့်သလား?လက်ဝှေ့ပွဲကြည့်သင့်သလားဆိုတာမျိုးနဲ့တူပါတယ်။အမှန်ကလိုအပ်လို့အတော်အသင့်လုပ်တာကျမ်းစာဘောင်မကျော်သလိုလုပ်လို့ရပါတယ်၊ဒီအရာတွေကြောင့်ဝိညာဉ်ရေးရာထိခိုက်လာပြီးလောကီဆန်လွန်သွားရင်တော့သတိထားရပါမယ်။
ယုံကြည်သူတွေကကယ်တင်ခြင်းရသွားပြီးသန့်ရှင်းသောသူဆိုပေမယ့်မသေသေးပါဘူး၊လောကထဲအသက်ရှင်နေပါသေးတယ်၊ထိတွေ့နေရပါသေးတယ်၊ဒီလောကထဲကတချို့(တချို့)အရာတွေနဲ့မလွတ်ကင်းနိုင်ပါဘူး၊ဒီအရာတွေကဘုရားမနှစ်သက်တာလည်းမဟုတ်ပါဘူး၊စားဝတ်နေရေး၊အချစ်ရေးကိစ္စကိုကလောကအရာတွေပါဘဲ၊ဒါပေမယ့်လုပ်နေရပါတယ်။ဘုရားကလူတွေကိုလုပ်ဖို့ဖန်ဆင်းပေးထားလို့ပါ(အပြစ်ကလွဲလို့)။
ဒါပေမယ့်ဒီအရာတွေကြောင့်
ဘုရားကိုမေ့စေတယ်၊
ဘုရားကိုကျောခိုင်းသွားစေတယ်
သူတပါးထိမိလဲစရာဖြစ်စေတယ်
လွန်ကဲနေတယ်ဆိုရင်ရှောင်ရပါမယ်။ခေတ်ရေစီးကျောင်းကိုသမ္မာကျမ်းစာစံနူန်းနဲ့အသက်ရှင်ပါ။ဒါမှအစွန်းမရောက်သလို၊လွတ်လပ်လွန်ပြီးအပြစ်လုပ်မိတော့မှာမဟုတ်ပါ။
သမီးရည်းစားအချစ်ရှိသူတိုင်းသမ္မာကျမ်းစာဘောင်ကနေသမီးရည်းစားအချစ်သီချင်းဆိုနိုင်ကြပါစေ။ဒီခေတ္တအချစ်သီချင်းထက်ဘုရားသခင်ကိုချီးမွမ်းတဲ့သီချင်းကိုပိုပြီးဆိုနိုင်ကြပါစေ။အာမင်။
(ရှောလမုန်သီချင်း4:9-10ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏မျက်စိတစ်ကြည့်၊ လည်ပင်းတစ်လှည့်ဖြင့် ငါနှလုံးကို လုယူပြီ။ ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်၏မေတ္တာသည် အလွန်ချိုပေ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက် အထူးသဖြင့် ကောင်းပေ၏။ သင်းထုံသော နံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ၏။)…ရှောလုမုန်သီချင်းအစအဆုံးဖတ်ရန်။