• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဆင်ခြင်စရာဝိညာဉ်ရေးရာအမှန်နဲ့အမှားများ

ဆရာရဲမင်း

8 月 12, 2025

ဆင်ခြင်စရာဝိညာဉ်ရေးရာအမှန်နဲ့အမှားများ

၁။အမှုတော်အတွက်အလှူခံတာမမှားပါဘူး။
မှားနေတာကအလှူလိုက်ခံပြီးကိုယ်ကျိုးအတွက်အသုံးချနေခြင်းပါ။

၂။ကျန်းမာချမ်းသာစေဖို့ဟောပြောတာမမှားပါဘူး။
မှားနေတာကကျန်းမာနေမှချမ်းသာနေမှယေရှုကိုရသလိုလို၊ရောဂါရှိသူနဲ့ဆင်းရဲသူကယေရှုကိုမရလို့ဆိုတဲ့ ဟောပြောခြင်းကအမှားကြီးပါ။

၃။အနာရောဂါငြိမ်းဖို့ဆုတောင်းပေးတာမမှားပါဘူး။
မှားနေတာကလူတိုင်းကိုဆုဘဲတောင်းပြီးဆေးမကုခိုင်းခြင်းပါ။(ဘုရားဖန်ဆင်းပေးထားတဲ့ဆေးနဲ့ဆေးပညာကိုစာတန်လို့ထင်နေတုန်း)

၄။ဓမ္မသီချင်းအသစ်တွေနဲ့ချီးမွမ်းကိုးကွယ်တာမမှားဘူး။
မှားနေတာကဓမ္မသီချင်းဟောင်းဆိုနေသူကိုဘလိန်းခြင်းပါ။(ဘုရားသခင်ကအတိတ်-ပစ္စုပ္ပန်-အနာဂတ် ကိုအုပ်စိုးတဲ့ဘုရားဆိုတာသိရမယ်)

၅။အခြားသောဘာသာစကားဆုကျေးဇူးရထားပြီးကိုယ့်ဟာကိုယ်‌ပြော(တည်ဆောက်)နေတာမမှားဘူး။မှားနေတာကအများရှေ့မှာအနက်ပြန်သူမရှိဘဲဖရိုဖလဲအော်ဟစ်နေခြင်းပါ။(ဒီဆုကျေးဇူးမရှိရင်ကယ်တင်ခြင်းမရသလိုလိုပြောနေခြင်းကပိုမှားနေတာ)

၆။ဘုရားကျောင်းမှာကခုန်ချီးမွမ်းတာမမှားဘူး။မှားနေတာကစည်းလွတ်ဝါးလွတ်၊ကျားမ မခွဲတက်ခွကျော်နင်းလူးလိမ့်နေခြင်းပါ။(ငြိမ်ငြိမ်လေးဝတ်ပြုတာမမှားသလို၊စည်းကမ်းတကျကခုန်ဝတ်ပြုတာလဲမမှားပါ)

၇။ဒေသနာတိုတိုလေးဟောတာမမှားသလိုဒေသနာအရှည်ကြီးဟောတာလဲမမှားပါဘူး၊‌သူ့နေရာသူချင့်ချိန်ဟောနေဖို့ဘဲလိုတာပါ။မှားနေတာကတိုခြင်းရှည်ခြင်းကိုလိုက်ဘလိန်းနေခြင်းပါ။

၈။အလှပြင်သန့်စင်ပြီးဘုရားကျောင်းသွားတာမမှားဘူး၊မှားနေတာကအပြင်လွန်ပြီးအတိုအပြတ်တွေနဲ့ဆံပင်ရောင်စုံဖြစ်နေခြင်းပါ။(ဘာမှမပြင်ဘဲနံ‌စော်စုတ်ပြတ်သတ်နေလို့လဲမရ)

၉။အ‌ကြောင်းကိစ္စတချို့‌ကြောင့်တစ်ခါတစ်လေဝတ်ပြုစည်းဝေးနောက်ကျတာမမှားပါဘူး၊မှားနေတာကအမြဲလိုလိုနောက်ကျနေပြီးဘုရားဝတ်မပြီးခင်ထထပြန်တတ်ခြင်းပါ။

၁၀။ဝတ်ပြုစည်းဝေးမှာ တခါတလေအိမ်ငိုက်မိတာမမှားပါဘူး၊မှားနေတာကအမြဲလိုလိုအိပ်ငိုက်နေတတ်ခြင်းပါ။(တချို့ဘုရား‌ကျောင်းထဲအိပ်ယုံမကဟောက်သံပါထွက်နေသေး)

၁၁။လမ်းဘေးမှာဧဝံဂေလိဟောတာမမှားသလို၊ဘုရားကျောင်းစင်ပေါ်မှာဧဝံဂေလိဟောတာလဲမမှားဘူး။မှား နေတာကကိုယ်လုပ်တာဘဲမှန်ပြီးအခြားသူလုပ်တာမမှန်သလိုဝေဖန်ပုတ်ခတ်နေခြင်းနဲ့ဂုဏ်ဆာလိုက်လွင့်ပြနေခြင်းပါ။

၁၂။သူများအမှားကိုသမ္မာကျမ်းစာအရ မေတ္တာဖြင့်ဝေဖန်ထောက်ပြခြင်းကမမှားပါဘူး။မှားနေတာကထောက်ပြသူကိုယ်တိုင်က ကျမ်းစာနားမလည်ဘဲ(ပါဆင်နယ်)တိုက်ခိုက်ဆဲဆို‌နေခြင်းပါ။

(သုတ္တံ၁၄:၁၂ လူ​ထင်​သည်​အ​တိုင်း မှန်​သော​လ​က္ခ​ဏာ​ရှိ​သော်​လည်း၊ အ​ဆုံး၌ သေ​ခြင်း​သို့​ပို့​သော​လမ်း​တစ်​မျိုး​ရှိ၏။)
မူရင်း-ဆရာရဲမင်း
(ထိရင်ပြင်ပါ၊အတွေးပေါက်လာရင်ထပ်တိုးရေးထည့်မည်။)