မေး-ဟာလေလုယာ(hallelujah) ဆိုတာဘာလဲ?
ဖြေ-ဟာလေလုယာဆိုတာကလဲဟီဘရူး(Hebrew)ဘာသာစကားပါ။စကားစုနှစ်ခု(ဟာလေလု+ယာ)ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ “ဟာလေလု”ဆိုတာချီးမွမ်းကြလော(အများကိုပြောခြင်းဖြစ်တဲ့အတွက်လူမျိုးအပေါင်းတို့ချီးမွမ်း
ကြလော)လို့အဓိပ္ပာယ်သက်ရောက်ပါတယ်၊”ယာ”ဆိုတာကတော့ဘုရားနာမ(ယာဝေးYHWH)အတိုကောက်ပါ။ ဒီတော့”ဟာလေလုယာ”ဆိုတာလူမျိုးအပေါင်းတို့ထာဝရဘုရားကိုချီးမွမ်းကြလော(ချီးမွမ်းကြမယ်)လို့အဓိပ္ပာယ်ဘဲဖြစ်ပါတယ်။ဒါကြောင့်ဘယ်သူဘယ်ဝါဘယ်ချိန်မှာဟာလေလုယာပြောနေရင်ဘုရားကိုချီးမွမ်းကြလောလို့ပြောနေတယ်ဆိုတာသတိရပါ။နောက်ပြီးနှုတ်ကဟာလေလုယာပြောနေတာထက်လက်တွေ့မှာတကယ်ချီးမွမ်းနေတဲ့အသက်တာကိုဘုရားလိုလားပါတယ်။
Ye Ming(ပတ္တမြားမြေ)
收起