• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အာလဖ၊ဩမေဃဆိုတာဘာလဲ?

ဆရာရဲမင်း

10 月 7, 2024

မေး-အာလဖ၊ ဩမေဃဆိုတာဘာလဲ?

ဖြေ-ဖြေ-အာလဖ နဲ့ ဩမေဃ ဆိုတာ ဂရိအက္ခရာ၂၄ လုံးထဲကအဦးဆုံးတလုံး A(alpha) နဲ့ နောက်ဆုံးတလုံး Ω(omega) ဘဲဖြစ်ပါတယ်။မြန်မာအက္ခရာ က နဲ့ အ (or) အင်္ဂလိပ်လို A နဲ့ Z လိုပါဘဲ။အဓိပ္ပာယ်ကတော့ အဦးဆုံးနဲ့နောက်ဆုံးဖြစ်သလို၊အစနဲ့အဆုံး လို့လည်းသက်ရောက်ပါတယ်။ဗျာဒိတ်ကျမ်းမှာဒီလိုအစအဆုံးနဲ့ပတ်သက်တဲ့ကျမ်းလေးငါးနေရာတွေ့ရမှာဖြစ်ပါတယ်။(ဗျာဒိတ်ကျမ်း ၁:၈၊၁:၁၇၊၂:၈၊ ၂၂:၁၃၊၂၁:၆)

Ye Ming(ပတ္တမြားမြေ)