မေး-ခရစ်ယာန်ဆိုတာဘာလဲ?
ဖြေ-ခရစ်ဆိုတာChristဆိုတဲ့ဘိသိတ်ခံသူခရစ်တော်ကိုဆိုလိုပါတယ်၊ယာန်ဆိုတာကတော့လိုက်တုသူ၊နောက်လိုက်သူလို့အဓိပ္ပာယ်သက်ရောက်ပါမယ်။ဒါကြောင့်လိုရင်းတိုရှင်းပြောရရင်ခရစ်ယာန်ဆိုတာသခင်ယေရှုကို ခရစ်တော်အဖြစ်ယုံကြည်သက်ဝင်သူ (သို့) သခင်ယေရှု၏သွန်သင် သောတရားကို လိုက်လျှောက်သောသူ ” ဖြစ်ပါတယ်။
ကျမ်းစာထဲမှာတော့ခရစ်ယာန်ဆိုတဲ့အခေါ်ဝေါ်နဲ့ပတ်သက်ပြီးသုံးနေရာဖော်ပြထားပါတယ် (တ၊ ၁၁း၂၆၊ ၂၆း၂၈၊ ၁ပေ၊ ၄း၁၆)။တနည်းပြောရရင်ခရစ်ယာန်ဆိုတာယေရှုမှည့်ပေးခဲ့တာမဟုတ်သလိုဂုဏ်ယူစွာနဲ့ယုံကြည်သူတွေကစည်းဝေးထိုင်ဆုံးဖြတ်ပြီးခံယူခဲ့တာလဲမဟုတ်ပါဘူး။တကယ်တော့ခရစ်ယာန်ဆိုတာတချိန်ကယေရှုနောက်လိုက်တွေအန္တိအုတ်မြို့မှာနေထိုင်ကြတဲ့အခါ၊ပြောဆိုနေထိုင်မှုအကုန်ယေရှုလိုဖြစ်နေကြလို့သူတို့ကို “ ခရစ်ယာန်များ “ ဆိုပြီးအဲဒီမြို့ကလူတွေသရော်ပြီးခေါ်ဆိုခဲ့ရာကနေစတင်လာတာဖြစ်ပါတယ်။ဥပမာပေးရရင်အရက်အင်မတန်ကြိုက်သူကိုအရက်သမားလို့ခေါ်သလိုပေါ့ဗျာ။ဒါကြောင့်ယနေ့သိထားရမှာကခရစ်ယာန်ဆိုတာဘာသာဝင်ဖြစ်တာမဖြစ်တာနဲ့မဆိုင်သလိုနှစ်ခြင်းခံခြင်းမခံခြင်းနဲ့လဲသိပ်မဆိုင်ပါ၊အဓိကကတော့မိမိလုပ်ရာကိုင်ရာအသက်ရှင်ရာမှာယေရှုလိုအသက်ရှင်နေထိုင်ခြင်းကဘဲခရစ်ယာန်စစ်ကြောင်းပြောလို့ရပါမယ်။
Ye Ming(ပတ္တမြားမြေ)