အလွန်ဝမ်းမြောက်ဖွယ်ရာသတင်းကောင်း
(1)A.D/B.C ဖြစ်ပေါ်လာပုံ
ကမ္ဘာဦးမှစခုထိတိုင်သမိုင်းတွင်တဲ့သူရဲကောင်းများစွာရှိခဲ့ကြပါတယ်။ဒါပေမဲ့ယေရှုဘုရားလိုအဘယ်သူရှိခဲ့သနည်း?သူ့ရဲ့မွေးဖွားခြင်း(Christmas)ဟာနှစ်ပေါင်း၂၀၂၂တိုင်အောင်ခုထိ(မယုံကြည်သူအပါအ၀င်)လူသားအားလုံးမှအောက်မေ့နေရလေခြင်း!သူ့ရဲ့မွေးဖွားလာရခြင်းမှကမ္ဘာ့ပြက္ခတိန်(A.D 1-2022)ပေါ်ပေါက်လာခဲ့ရလေခြင်း!သူကိုမယုံကြည်ဘူးဆိုသူတွေတောင်သူ့အားဖြင့်ဖြစ်တည်ခဲ့တဲ့ပြက္ခဒိန်ကိုသုံးနေရကြတာပါဘဲ။
ဒါဟာဘုရားသခင်မှလာသောကယ်တင်ခြင်းဟာယေရှုခရစ်အားဖြင့်လူသားအားလုံးအတွက်ဖြစ်တယ်ဆိုတာသက်သေအဖြစ်ယနေ့တိုင်အောင်တည်နေခြင်းဖြစ်ပါသည်။(A.D ဆိုတာလာတင်လိုAnno Domini အဓိပ္ပာယ်ကခရစ်နှစ်။ B.Cဆိုတာ အဂ်လိပ်လိုBefore Christ အဓိပ္ပာယ်ကခရစ်ေတာ်မတိုင်ခင်)။
(2)သခင်ယေရှုမွေးဖွားခြင်း
သမ္မာကျမ်းစာအုပ်မှ၊ရှင်လုကာခရစ်ဝင် အခန်းကြီး၂အခန်းငယ်၁၀မှာပြောထားတာက…
“ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။” …မိတ်ဆွေ၊လူအပေါင်းတို့ဆိုသည်မှာလူမျိုးဘာသာမရွေး၊အဆင့်တန်းမရွေး၊နေရာမရွေး၊အားလုံးအတွက်ကယ်တင်ရှင်မွေးဖွားလာပြီဟုဆိုလိုခြင်းဖြစ်သည်။ဒါကြောင့်ဒီအလွန်ဝမ်းမြောက်ဖွယ်သတင်းသည်မိတ်ဆွေနှင့်လည်းသက်ဆိုင်ပါသည်။
(3)လမ်းပြသူနှင့်ကယ်တင်သူ
မိတ်ဆွေ၊ဘာသာတရားတိုင်းသည်လမ်းပြသူသာဖြစ်ကြပါသည်။ဘာသာတရားမှကျင့်ခိုင်းသောအကျင့်များကိုအဘယ်သူမှ100%မကျင့်နိုင်ကြပါ။အောင်မှတ်40%တောင်ကျင့်နိုင်သူမရှိပါ။ဒါကြောင့်ဘာသာတရားသည်လူကိုမကယ်နိုင်။သခင်ယေရှုသည်ကယ်တင်ဖို့ရန်လာသောဘုရားဖြစ်သည်။သမ္မာကျမ်းစာအုပ် တိမောသေဩဝါဒစာ ပဋ္ဌမစောင်အခန်းကြီး ၁အခန်းငယ်၁၅ထဲဆိုထားသည်မှာ
” ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ်၏။”
(4)သူနာပြုအသင်းမှအနီရောင်အပေါင်းလက္ခဏာ
လက်ရှိကမ္ဘာပေါ်တွင်ကယ်ဆယ်ရေးတံဆိပ်အနီရောင်ရှိ+လက္ခာဏာတွေ့သည်နှင့်”လာကယ်ပြီ” ဆိုတာအားလုံးသိကြသည်။ဆေးရုံအဆောက်ဦးမှတိုင်ပေါ်တွင်မြွေတကောင်ရစ်ပတ်ထားခြင်းပုံကိုတွေ့ဖူးကြမည်ဟုထင်ပါသည်။ဒါတွေအားလုံးဟာသခင်ယေရှုရဲ့အပြစ်သားများအတွက်လက်ဝါးကားတိုင်မှကယ်တင်ခြင်းကိုနားလည်စေနိုင်ပါသည်။သင့်ဦးနောက်ကလက်မခံနိုင်လျှင်လည်းဤအရာတွေသည်လက်တွေ့တည်ရှိဖြစ်နေသောအရာဖြစ်သည်။
(5)အံ့ဩဘွယ်ကယ်တင်ခြင်း
သခင်ယေရှုမွေးဖွားလာခြင်းသည်လူသားတိုင်းအပြစ်အတွက်အသေခံရန်ဖြစ်သည်။အသေခံပြီးကယ်တင်သွားပြီးသာမက၊သုံးရက်မြောက်သောနေ့တွင်ရှင်ပြန်ထမြောက်ခဲ့ပြီးကောင်းကင်သို့အရှင်လတ်လတ်တက်သွားခဲ့သည်။သခင်ယေရှုကောင်းကင်သွားပြီးနောက်သူ့ကိုယုံကြည်လက်ခံသူတွေအဖို့ဝိညာဉ်တော်ဘုရားကိန်းဝပ်စေခဲ့သည်။ရှေးသမိုင်းမှခုထိသူ့နောက်လိုက်များသူ့ကိုယုံကြည်သူများမှာ အမြင့်ဆုံးရှင်ဘုရင်မှပညာရှင်များအောက်ဆုံးဆင်းရဲမွဲတေသူများစွာပြောင်းလဲလာခြင်းနှင့်ထာဝရအသက်ရရှိခဲ့ကြောင်းသမိုင်းကိုကြည့်လျှင်သက်သေများစွာတွေ့နိုင်မည်ဖြစ်သည်။၁၉၀၁ခုနှစ်မှ၁၉၉၆ခုနှစ်အထိနိုဘယ်လ်ဆုရှင်ပေါင်း၆၃၉ဦးရှိသည့်အနက်ယေရှုဘုရားကိုယုံကြည်သူပေါင်း၅၉၆ဦးရှိခဲ့သည်။
(6)သခင်ယေရှုဘုရားကိုလက်ခံယုံကြည်ခြင်း
ချစ်သောမိတ်ဆွေ၊သမိုင်းထဲမှလူပေါင်းများစွာကိုကယ်တင်ခဲ့သောယေရှုဘုရားဟာယခုသင့်ကိုလည်းကယ်တင်မည်ဖြစ်သည်။ငွေတပြားတချပ်မှကုန်စရာမလိုပါ၊အခြေနေကောင်းနေစရာမလိုပါ၊ဒီကယ်တင်ခြင်းဟာအခမဲ့ကျေးဇူးတော်ဖြစ်ပါတယ်မိတ်ဆွေ!သင်ဘယ်လိုလက်ခံရယူရမလဲ?အကယ်၍သင်ဒီကယ်တင်ခြင်းကိုရယူချင်တယ်ဆိုရင်ဖြင့်အောက်ကဆုတောင်းခြင်းဖြင့်ရယူနိုင်ပါသည်။
ယေရှုဘုရား…
ကျွန်တော်/မ ယေရှုဘုရားကိုအကြွင်းမဲ့ယုံကြည်ပြီ၊ရှိသမျှအပြစ်များကိုဆေးကြောပေးသနားတော်မူပါ၊ကျွန်တော်/မရဲ့နှလုံးသားထဲမှာကိန်းဝပ်တော်မှုပါ၊ဝိညာဉ်တော်နှင့်ထာဝရအသက်ကိုပေးသနားတော်မှုပါ၊ကျွန်တော်/မ ဘဝတခုလုံးဘုရားဆီပုံအပ်ပါတယ်။ကယ်တင်ပေးခဲ့သောကြောင့်ကျေဇူးတင်ပါသည်။ယေရှုနာမဖြင့်ဆုတောင်းပါသည်ဘုရား …အာမင်။
အထက်ပါဆုတောင်းခြင်းကိုစိတ်ပါပါဖြင့်တကယ်ဆုတောင်းခဲ့လျှင်သင်ယုံကြည်သူတယောက်ခုမှစဖြစ်သွားပါပြီ။သခင်ယေရှုအကြောင်းနှင့်ယုံကြည်သူဘယ်လိုအသက်ရှင်ရမလဲဆိုတာပိုမိုသိရှိစေရန်အနီးဆုံးခရစ်ယာန်ဘုရားကျောင်းမှဓမ္မဆရာ/မများကိုအကူညီတောင်းနိုင်ပါသည်။
သခင်ယေရှုအကြောင်းထပ်သိလိုပါကဤမက်စေ့ဘောက်မှဆက်သွယ်လျှင်လည်းရပါသည်။