သမ္မာကျမ်းစာအမေးအဖြေ(၁၀၀)
မေးခွန်းများ
၁။သမ္မာကျမ်းစာ၆၆ကျမ်းထဲမှာ၊အဦးဆုံးရေးသားပြုစုပြီးတဲ့ကျမ်းကဘယ်ကျမ်းလဲ?နောက်ဆုံးပြုစုရေးသားပြီးစီးခဲ့တဲ့ကျမ်းကကော?B.Cနှင့်A.Dအကျဉ်းဖြင့်ဖော်ပြပါ။
၂။သမ္မာကျမ်းစာထဲမှာအသက်အကြီးဆုံးလူကိုဖော်ပြပါ။အသက်ဘယ်နနှစ်ရှိခဲ့သနည်း?
၃။သမ္မာကျမ်းစာထဲမှအတိုဆုံးဆုတောင်းချက်နှင့်အရှည်ဆုံးဆုတောင်းချက်များကိုဆုတောင်းသူနှင့်တကွဖော်ပြပါ။
၄။သမ္မာကျမ်းစာထဲမှာဘယ်သူဧဝံဂေလိလုပ်တာအရှည်ဆုံးလဲ?လူဘယ်လောက်ပြေ ာင်းလဲလာခဲ့သလဲ?အတိုဆုံးဧဝံဂေလိလုပ်ခဲ့သူကကကော?လူဘယ်လောက်ပြောင်းလဲခဲ့သလဲ?
၅။သမ္မာကျမ်းစာမှတ်တမ်းအရကမ္ဘာ့ပထမဆုံးမွေးသောအမွှာပူးကိုဖော်ပြပါ။
၆။သမ္မာကျမ်းစာမှတ်တမ်းအရအဆင်းရဲဆုံးလူနဲ့အချမ်းသာဆုံးလူအမည်ကိုဖော်ပြပါ။
၇။သမ္မာကျမ်းစာမှတ်တမ်းအရ၊သားရတနာအများဆုံးထွန်းကားခဲ့တဲ့ဖခင်နာမည်ကိုဖော်ပြပါ။သူ့မှာသားဘယ်နှစ်ယောက်ရှိခဲ့သနည်း?
၈။သမ္မာကျမ်းစာမှအရပ်အမြင့်ဆုံးလူနှင့်အရပ်အပုဆုံးလူကိုဖော်ပြပါ။
၉။သမ္မာကျမ်းစာထဲမှာလူအမည်အရှည်ဆုံးကိုဖော်ပြပါ။
၁၀။သမ္မာဟောင်းကျမ်းထဲမှာနိမိလက္ခာဏာအများဆုံးပြုခဲ့သူကိုဖော်ပြပါ။သမ္မာသစ်ကျမ်းမှာကောဖော်ပြပါ။?
၁၁။သမ္မာကျမ်းစာမှတ်တမ်းအရ၊ကမ္ဘာ့ပထမဦးဆုံးလူသတ်မှုကိုဖော်ပြပါ။
၁၂။သမ္မာကျမ်းစာမှတ်တမ်းအရ၊အသက်အငယ်ဆုံးသောရှင်ဘုရင်ကိုဖော်ပြပါ။
၁၃။သမ္မာကျမ်းစာမှတ်တမ်းအရ၊ကမ္ဘာ့ပမထဆုံးပြုလုပ်ခဲ့တဲ့အလှမယ်ရွှေးချယ်ပွဲကိုဘယ်မြို့ မှာပြုလုပ်ပြီးဘယ်သူအလှမယ်ဖြစ်သွားခဲ့တယ်ဆိုတာဖော်ပြပါ။
၁၄။ကနဦးအသင်းတော်တွင်ပထမဆုံးသမ္မာတရားအတွက်အသက်ပေးသွားသောသူသည်မည်သူနည်း?
၁၅။ပထမဆုံးသောအမျိုးသမီးပရောဖတ်၏အမည်ကိုဖော်ပြပါ။
၁၆။သမ္မာကျမ်းစာထဲမှခေတ်၇ခေတ်ကိုဖော်ပြပါ။ခုကျွန်တော်တို့လက်ရှိအသက်ရှင်နေတဲ့မျက်မှောက်ကဘာခေတ်ကာလဖြစ်သနည်း?
၁၇။သမ္မာကျမ်းစာထဲမှာအရှည်ဆုံးကျမ်းကိုဖောပြပါ။သူ့မှာအခန်းကြီးပေါင်း၊အခန်းငယ်ပောင်းမည်မျှရှိသနည်း?အတိုဆုံးကျမ်းကိုလည်းဖော်ပြပါ။သူ့မှာကောအခန်းကြီးပေါင်း၊အခန်းငယ်ပောင်းမည်မျှရှိသနည်း?
၁၈။သမ္မာကျမ်းစာတအုပ်လုံးရဲ့အဓိကဇာတ်ကောင်ကမည်သူနည်း?
၁၉။သမ္မာကျမ်းစာအရ၊ အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာတဲ့သူသည်မည်သူနည်း။
၂၀။သမ္မာသစ်ကျမ်းအရသခင်ခရစ်တော်မှအဦးဆုံးပြုလုပ်ခဲ့သောနိမိတ်လက္ခဏာတန်ခိုးတော်ကဘာလဲ?
၂၁။သမ္မာကျမ်းစာမှတ်တမ်းအရ၊ဘုရားသခင်မှလူသားကိုပြောသောပထမဦးဆုံးစကားကိုဖော်ပြပါ?
၂၂။ယေရှု့ခရစ်(လူသားအနေနှင့်)သူ၏ဆွေတော်စဉ်မျိုးတော်ဆက်စာရင်းထဲမှာပါဝင်သောတပါးအမျိုးသမီးသုံးဦးအမည်ကိုဖော်ပြပါ?
၂၃။သမ္မာသစ်ကျမ်းမှတ်တမ်းအရ၊ကောင်းကင်ဖွင့်လှစ်ခြင်းကိုမြင်သောသူသုံးဦးအမည်ကိုဖော်ပြပါ?
၂၄။ဘုရားထံမှာ”သေပါရစေ”လို့တောင်းခံခဲ့သောပရောဖတ်သုံးဦးအမည်ကိုဖော်ပြပါ?
၂၅။ယေရှုခရစ်တော်မှအဘယ်ပုံဥပမာသုံးခုဖြင့်အပြစ်သားနောင်တရပြောင်းလည်းခြင်းတရားကိုဟောခဲ့သနည်း?
၂၆။ယုဒလူမျိုးတွင်၊အဘယ်အရပ်အရာသုံးခုသည်ဘိသိတ်ပေးမှဖြစ်မြောက်သနည်း?
၂၇။သမ္မာကျမ်းစာ၆၆ကျမ်းတွင်”ဘုရားသခင်”နာမမပါရှိသောကျမ်းစာစောင်ကိုဖော်ပြပါ။?
၂၈။ယေရှုခရစ်တော်သည်အဘယ်သူ၏ကိုယ်တွင်းမှနတ်ဆိုး၇ကောင်နင်ထုတ်ခဲ့သနည်း?
၂၉။”ခရစ်ယာန်”ဆိုသောအခေါ်အဝေါ်သည်ဘယ်နေရာကနေစခဲ့သနည်း?
၃၀။ယေရှုခရစ်တော်မွေးဖွားချိန်၊ပညာရှိဘယ်နှစ်ပါးလာဖူးခဲ့သနည်း?ဘာလက်ဆောင်ယူဆောင်ခဲ့သနည်း?
၃၁။ယေရှုအလောင်းမြုပ်နှံဖို့ကိုယ့်အအဖို့လုပ်ထားတဲ့သချိုင်္ငးဂူကိုဖယ်ပေးခဲ့သူသည်မည်သူနည်း?
၃၂။တမန်တော်၁၂ပါးမှအဘယ်သူသစ္စဖောက်ကျဆုံးရှုံးခဲ့ပြီးအဘယ်သူမှသူ့နေရာရခဲ့သနည်း?
၃၃။သမ္မာဟောင်းကျမ်းမှတ်တမ်းအရ”ယဇ်”ငါးမျိုးကိုဖော်ပြပါ။?
၃၄။ယေရှုခရစ်တော်မှရှင်ပြန်ထမြောက်စေခဲ့သောသူသုံးဦး၏အမည်ကိုဖော်ပြပါ။?
၃၅။ဗတ္တိဇံဆရာယောဟန်ပြောခဲ့သောနှစ်ခြင်းသုံးမျိုးကိုဖော်ပြပါ။?
၃၆။သခင်ခရစ်တော်လောကမှာရှိစဉ်၊အသင်းတော်အတွက်ထူခဲ့သောမင်္ဂလာဝတ်နှစ်မျိုးကိုဖော်ပြပါ။
၃၇။သမ္မာကျမ်းစာ၆၆အုပ်ထဲတွင်၊အမျိုးသမီးအမည်ဖြင့်ကျမ်းအမည်ပေးထားသောကျမ်းကိုဖော်ပြပါ။
၃၈။သမ္မာကျမ်းစာအရ၊သေခြင်းမခံရဘဲခေါ်ဆောင်ခြင်းခံရသူမည်မျှရှိသနည်း၊ဖော်ပြပါ?
၃၉။သမ္မာကျမ်းစာမှတ်တမ်းအရ၊ခရစ်တော်ယေရှုဘယ်နနှစ်ဧဝံဂေလိဟောခဲ့သနည်း?
၄၀။သမ္မာကျမ်းစာထဲမှာအကြီးမားဆုံးနဲ့အထွက်အထိပ်ဖြစ်ဆုံးပညတ်ကိုဖော်ပြပါ။
၄၁။အာဒံနှင့်ဧဝဆိုတဲ့နာမည်ကိုဘယ်သူတွေကမှည့်ပေးခဲ့သနည်း?
၄၂။သမ္မာကျမ်းစာသည်ဘယ်နှစ်ကျမ်းပေါင်းချုပ်ထားသနည်း?
၄၃။ဓမ္မဟောင်းဘယ်နှကျမ်းရှိသနည်း?ဓမ္မသစ်ဘယ်နှကျမ်းရှိသနည်း?
၄၄။ဓမ္မဟောင်းအခန်းကြီးပေါင်းနှင့်ဓမ္မသစ်အခန်းကြီးပေါင်းအသီးသီးကိုဖော်ပြပါ။
၄၅။သမ္မာကျမ်းစာထဲမှဒုတိယအရှည်ဆုံးကျမ်းကိုဖော်ပြပါ။
၄၆။ဘုရားသခင်ကကဣသရေလလူကိုအီဂျစ်ပြည်ကနေခေါ်ထွက်ဖို့ဘယ်သူ့ကိုစေခိုင်းခဲ့သနည်း?ဣသရေလလူတွေကိုခါနာန်ပြည်ထဲထိခေါ်ဝင်စေဖို့ကောဘယ်သူ့ကိုခိုင်းခဲ့သနည်း?
၄၇။ဘုရားသခင်ကဘယ်သူရဲ့မျိုးဆက်တွေဟာကောင်းကင်ကကြယ်နဲ့ပင်လယ်ကမြေမုန့်လိုများပြားမယ်လို့ဂတိတော်ပေးခဲ့တာလဲ?
၄၈။ကျမ်းစာရေးသူများထဲမှတပါးအမျိုးသားလဲဖြစ်ဆရာဝန်လဲဖြစ်တဲ့သူရဲ့နာမည်ကိုဖော်ပြပါ။
၄၉။သခင်ယေရှုရှင်ပြန်ထမြောက်ပြီးဘယ်သူကအဦးဆုံးမြင်ခဲ့ရသနည်း?
၅၀။ဧဝံဂေလိကြောင့်ပထမဦးဆုံးအသေခံသွားသောတမန်တော်ကိုဖော်ပြပါ။
၅၁။သမ္မာကျမ်းစာထဲမှယစ်ပရောဟိတ်လဲဖြစ်၊ပရောဖတ်လဲဖြစ်၊တရားသူကြီးလဲဖြစ်တဲ့သူကိုဖော်ပြပါ။
၅၂။ဣသရေလနိုင်ငံဘယ်မင်းလက်ထဲနှစ်ပိုင်းကွဲပြီးနှစ်နိုင်ငံဖြစ်ခဲ့ရသနည်း?
၅၃။သမ္မာဟောင်းကျမ်းထဲမှာဣသရေလနိုင်ငံဘယ်လူမျိုးလက်ထဲကျဆုံးခဲ့သနည်း?
၅၄။သမ္မာဟောင်းကျမ်းထဲမှာယုဒနိုင်ငံဘယ်နိုင်ငံလက်ထဲကျဆုံးခဲ့သနည်း?
၅၅။ဘယ်ပရောဖတ်ကယေရှုခရစ်တော်ဟာအပျိုကညာမှမွေးလာမယ်ဆိုပြီးဟောခဲ့သနည်း?
၅၆။အဘယ်ပရောဖတ်ကခရစ်တော်ဟာဗက်လင်မြို့မှာမွေးလိမ့်မယ်လိ့ုကြိုတင်ဟောခဲ့သနည်း?
၅၇။ယေရှုခရစ်တော်ဟောခဲ့သောပုံဥပမာအားလုံးထဲမှ
တခုတည်းသောလူနာမည်ကိုဖော်ပြပါ။
၅၈။ယေရှုခရစ်တော်၏ဆွေတော်စဉ်မျိုးတော်ဆက်ရေးမှတ်ထားသောသမ္မာသစ်ကျမ်းနှစ်ကျမ်းကိုဖော်ပြပါ။
၅၉။အာမင် ဆိုတဲ့စကားလုံးအများဆုံးပါဝင်သောကျမ်းကိုဖော်ပြပါ။
၆၀။သမ္မာကျမ်းစာမှတခုတည်းသောလောင်းကစားလုပ်ခြင်းကိုဖော်ပြပါ။
၆၁။ယေရှုကိုယ်တိုင်ရွှေးကောက်ခဲ့သောတမန်တော်ဘယ်နှပါးရှိခဲဩနည်း?
၆၂။ရှင်ပေါလုရဲ့ယုံကြည်ခြင်း(ဝိညာဉ်ရေးရာ)ထဲကသားသုံးယောက်ကိုဖော်ပြပါ။
၆၃။သမ္မာကျမ်းစာထဲကဘယ်သူတွေကရှင်ပြန်ထမြောက်ခြင်း၊ကောင်းကင်တမန်နဲ့စာတန်စတာတွေရှိကြောင်းကိုမယုံကြသလဲ?
၆၄။ရွှေပညတ်ကိုဖော်ပြပါ။
၆၅။သမ္မာကျမ်းစာထဲအသက်အကြီးဆုံးမှကလေးရသူကိုဖော်ပြပါ။အသက်ဘယ်လောက်မှကလေးရသနည်း?
၆၆။သမ္မာကျမ်းစာထဲမှာဘယ်သူကတုတ်ချွန်လေးတခုထဲနဲ့ရန်သူ၆၀၀ကိုသတ်နိုင်ခဲ့သလဲ?
၆၇။ဆုကျေးဇူးရှိသမျှထဲတွင်အမွန်မြတ်ဆုံးဆုကျေးဇူးကိုဖော်ပြပါ။
၆၈။ဘုရားသခင်ကိုယ်တိုင်သြင်္ဂိုဟ်ပေးခြင်းခဲရတဲ့သူကိုဖော်ပြပါ။
၆၉။လေဝိလူတွေဘယ်အသက်ရွယ်ကစပြီးတဲတော်အမှုစထမ်းရွက်ရသနည်း?ဘယ်အသက်ရွယ်မှာရပ်နားပြီးအစောင့်ဖြစ်ရသနည်း?
၇၀။သမ္မာကျမ်းစာမှာအဘယ်ပရောဖတ်နှင့်တမန်တော်တွေဟာဘုရားတန်ခိုးအားဖြင့်သေသူကိုရှင်စေခဲ့သနည်း?
၇၁။ဟာလေလုယာ၊အာမင်၊ဧမာနွေလ အနက်အဓိပ္ပာယ်ကိုဖော်ပြပါ။
၇၂။ရှင်ပေါလု၏မွေးရပ်မြို့အမည်၊နေထိုင်သောလမ်းအမည်နှင့်ဣသရေလ၁၂မျိုးထဲကပေါလုဟာဘယ်အနွယ်ဝင်ဖြစ်ကြောင်းကိုဖော်ပြပါ။
၇၃။ကြီးမားတဲ့ယုံကြည်ခြင်းရှိကြောင်းယေရှု၏ပြောဆိုခြင်းခံခဲ့ရသူနှစ်ဦးကိုဖော်ပြပါ။
၇၄။သမ္မာကျမ်းစာထဲမှာငွေကိုတပ်မက်ရယူလိုက်လို့နူနာစွဲသွားသူကိုဖော်ပြပါ။
၇၅။အီဂျစ်ပြည်ကနေထွက်လာတဲ့ဣသရေလလူမျိုးအားလုံးထဲမှခါနာန်ပြည်ထိဝင်ခဲ့ရတဲ့သူနှစ်ဦးကိုဖော်ပြပါ။
၇၆။နောဧမိသားစုသင်္ဘောထဲမှာဘယ်လောက်ကြာနေခဲ့ရသနည်း?(ဖြေရှင်းချက်ပေးရန်)
၇၇။သမ္မာကျမ်းစာမှပထမဦးဆုံးသောကယ်ရိုအဖွဲ့(ယေရှုမွေးဖွားတဲ့သတင်းကောင်းဝေငှသူများ)အားဖော်ပြပါ။
၇၈။တမန်တော်၁၂ပါးထဲမှဘဏ္ဌာထိန်းကိုဖော်ပြပါ။
၇၉။ပဲဟင်းတစ်ခွက်နဲ့သားကြီးအရာကိုရောင်းလိုက်သူမည်သူနည်း?
၈၀။သမ္မာကျမ်းစာထဲမှဘုရားသခင်ရွှေးကောက်ခဲ့သောဣသရေလလူမျိုးရဲ့ပထမဦးဆုံးသောတရားသူကြီးနှင့်နောက်ဆုံးသောတရားသူကြီးများကိုဖော်ပြပါ။
၈၁။ယေရှုဆိုသောနာမည်ရဲ့အဓိပ္ပာယ်ကိုဖော်ပြပါ။
၈၂။ဣသရေလလူမျိုးတို့၏ဘိုးဘေးသုံးဦးအမည်ကိုဖော်ပြပါ။
၈၃။သမ္မာကျမ်းစာကိုဘယ်ဘာသာသုံးမျိုးနှင့်ရေးသားခဲ့သနည်း?
၈၄။ယေဟောဝါယိရေဆိုတဲ့အနက်အဓိပ္ပာယ်ကိုဖော်ပြပါ။
၈၅။ယေဟောဝါရှာလုံဆိုတဲ့အနက်အဓိပ္ပာယ်ကိုဖော်ပြပါ။
၈၆။ဣသရေလ၁၂မျိုးဖခင်ယာကုပ်ဟာသူ့ဦးရီးလာဗန်အိမ်မှာဘယ်နနှစ်နေခဲ့သနည်း?
၈၇။ယေရိခေါမြို့မှပြောင်းလဲလာတဲ့ပြည်တန်ဆာမရာခပ်ဟာနောက်ပိုင်းဘယ်သူနဲ့အိမ်ထောင်ကျခဲ့ပြီးမေရှိယရဲ့ဆွေစဉ်မျိုးဆက်စာရင်းထဲပါဝင်ခွင့်ရခဲ့သနည်း?
၈၈။နိုင်ငံရေးအဖွဲ့စည်းဖြစ်တဲ့ကာနနိတ်ထဲကလူတယောက်နဲ့စည်ပင်သာယာအဖွဲ့ဖြစ်တဲ့အခွန်ခံကနေတမန်တော်ဖြစ်လာကြသူကိုဖော်ပြပါ။
၈၉။တပါးအမျိုးသားဖြစ်ပေမဲ့ဧဝံဂေလိကြောင့်အရေဖျားလှီးခဲ့သူကိုဖော်ပြပါ။
၉၀။သခင်ယေရှေုမွေးရပ်ဇာတိနှင့်ကြီးပြင်လာသောနေရာကိုဖော်ပြပါ။
၉၁။ယေရှုခရစ်တော်တရားစဟောချိန်ဟောခဲ့တဲ့ပထမဦးဆုံးတရားစကားတခွန်းကိုဖော်ပြပါ။
၉၂။ရှင်ပေါလုဗတ္တိဇံနှစ်ခြင်းခံခဲ့ပါသလား?ဘယ်သူကသူ့ကိုနှစ်ခြင်းခံပေးခဲ့သနည်း?
၉၃။ဘုရားသခင်ကဘယ်သူ့ကိုအသုံးပြုပြီးဣသရေလလူတွေကိုအီဂျစ်ပြည်ကနေခေါ်ထွက်ခဲ့သလဲ?ဘယ်သူ့ကိုအသုံးပြုပြီးဣသရေလလူတွေကိုခါနန်ပြည်ထဲခေါ်ဝင်စေခဲ့သလဲ?
၉၄။”သမ္မာတရားကဘာလဲ”လို့မေးပြီးအဖြေမလိုချင်တဲ့လူကိုဖော်ပြပါ။
၉၅။သင်၏ဘုရားသခင်ကိုမစုံစမ်းရလို့ဆိုထားပေမယ့်၊တခုတည်းသောဘုရားကိုစုံစမ်းလို့ရတဲ့အရာကဘာလဲ?
၉၆။အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝနေသောသူသည်အဘယ်သူနည်း?
၉၇။လူသားများဘာသာစကားတမျိုးထဲကနေအဘယ်အမှုကြောင့်ဘာသာစကားကွဲပြားသွားရကြသနည်း?
၉၈။ကမ္ဘာ့ပထမဦးဆုံးမိန်းမ၂ယောက်ယူသောသူကိုဖော်ပြပါ။
၉၉။အပြစ်ရဲ့အခကဘာလဲ?အပြစ်ရဲ့တန်ခိုးကဘာလဲ?
၁၀၀။ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။…ဤကျမ်းချက်သည်မည်သည့်ကျမ်း၌ရှိသနည်း?အခန်းကြီးအခန်းငယ်ကိုဖော်ပြပါ။
အဖြေလိုချင်သူများအောက်ကအဖြေပို့စ်မှာဖွင့်ကြည့်ပါ
https://www.facebook.com/358607444822394/posts/820125515337249/
Ye Ming(ပတ္တမြားမြေ)