ကောင်းကင်ရောက်ရင်…
ဘုရားသင့်ကိုဘာမေးမလဲ?
ဘာကိုမမေးဘူးလဲ?
၁။ဘုရားကသင့်ကို…
ဘယ်လောက်ချမ်းသာခဲ့လဲမေးမှာမဟုတ်ဘူး၊
ဘယ်လောက်ပေးကမ်းခဲ့သလဲဆိုတာမေးမှာပါ။
၂။ဘုရားကသင့်ကို…
ပညာဘယ်လာက်ရှိခဲ့လဲမေးမှာမဟုတ်ဘူး၊
ချစ်ခြင်းမေတ္တာဘယ်လောက်ရှိခဲ့လဲမေးမှာပါ။
၃။ဘုရားကသင့်ကို…
အလုပ်ဘယ်လောက်လုပ်ခဲ့လဲမေးမှာမဟုတ်ဘူး၊
ဘုရားပေါ်သစ္စာဘယ်လောက်ရှိခဲ့လဲမေးမှာပါ။
၄။ဘုရားကသင့်ကို…
တရားဘယ်လောက်ဟောခဲ့လဲမေးမှာမဟုတ်ဘူး၊
တရားနဲ့ဘယ်လောက်အသက်ရှင်ခဲ့သလဲမေးမှာပါ။
၅။ဘုရားကသင့်ကို…
ဆုကျေးဇူးဘယ်လောက်ရှိခဲ့လဲမေးမှာမဟုတ်ဘူး။
ဆုကျေးဇူးနဲ့ဘယ်လောက်ပါဝင်ခဲ့သလဲမေးမှာပါ။
၆။ဘုရားကသင့်ကို…
သူငယ်ချင်းကောင်းဘယ်လောက်ရှိခဲ့လဲမေးမှာမဟုတ်ဘူး၊
ကိုယ်တိုင်ကသူများရဲ့သူငယ်ချင်းကောင်းဖြစ်ခဲ့လားမေးမှာပါ။
၇။ဘုရားကသင့်ကို…
အဆင့်မြင့်အစားစာတွေဘယ်လောက်စားခဲ့လဲမေးမှာမဟုတ်ဘူး၊
ငတ်မွတ်နေတဲ့သူတွေကိုဘယ်လောက်ကျွေးမွေးခဲ့လဲမေးမှာပါ။
၈။ဘုရားကသင့်ကို…
ကောင်းမူဘယ်လောက်လှူခဲ့လဲဘဲမေးမှာမဟုတ်ဘူး၊
မကောင်းမှ ုမှာဘယ်လောက်ဖြုန်းခဲ့သလဲမေးမှာပါ။
၉။ဘုရားကသင့်ကို…
အမျက်ဒေါသဘယ်နှကြိမ်ထွက်ခဲ့သလဲမေးမှာမဟုတ်ဘူး၊
အမျက်ဒေါသကြောင့်ဘယ်နှစ်ကြိမ်အပြစ်လုပ်ခဲ့သလဲမေးမှာပါ။
၁၀။ဘုရားကသင့်ကို…
ခရစ်ယာန်ဘာသာရဲ့ဘယ်အဖွဲ့ဝင်လဲလို့မေးမှာမဟုတ်ဘူး၊
ယေရှုဘုရားကိုယုံကြည်လက်ခံခဲ့သလားမေးမှာပါ။
Ye Ming(ပတ္တမြားမြေ)