လိင်တူဆက်ဆံခြင်းနဲ့ပတ်သက်ပြီးခရစ်ယာန်အမေးဖြေ
၁။Gay တွေကလူမဟုတ်ဘူးလား?လူလူချင်းချစ်တာအပြစ်လား?
ဖြေ။ ။Gay ကလည်းလူမို့လို့ယေရှုဘုရားသူတို့ကိုချစ်တာပေါ့၊ချစ်လို့လည်းပြောင်းလည်းစေချင်တာပါ။လူလူချင်းချစ်တာအပြစ်မဟုတ်၊သို့ပေမဲ့နေရာတော့မှားလို့မရပါ။ကိုယ့်အမေကိုချစ်တယ်ယူမယ်ဆိုတဲ့သတင်းကြားဖူးမှာပါ။လူလူချင်းချစ်ခွင့်ပေးရမည်လော။မရပါ။တိရိစ္ဆာန်တောင်အထီးချင်းမတက်၊အမချင်းမဖွန်။ဒါကြောင့်လိင်တူဆက်ဆံချစ်နေတာကအပြစ်ပါ။
၂။ လိင်တူဆက်ဆံတဲ့အပြစ်နဲ့တခြားအပြစ်ဘယ်ဟာကြီးတာလည်း?အတူတူဘဲဆိုရင် အဲဒီလက်ညိုးထိုးပြောနေတဲ့သူတွေကကောတခြားအပြစ်မရှိတော့ဘူးလား?ဘာပြောပိုင်ခွင့်ရှိသေးလို့လည်း?
ဖြေ။ ။ကယ်တင်ခြင်းနဲ့ပတ်သက်ပြီးအပြစ်မှာအသေးကြီးမရှိပါ။ဒါပေမဲ့အပြစ်အသေးကြီးကစီရင်ခြင်းမှာခွဲလိမ့်မယ်လို့ကျမ်းစာဗျာဒိတ်ကျမ်း20:12-13မှာဖော်ပြပါတယ်။လူတိုင်းအပြစ်ရှိပါတယ်၊ဒါကြောင့်ဘယ်သူကဘယ်သူ့ကိုမှပြောလို့မရပါဘူး။ခုပြောတာကကျမ်းစာအရပြောတာပါ။လူတိုင်းကကိုယ်လုပ်နေတာအပြစ်ဆိုတာသိနေရင်ပြောင်းလည်းဖို့လိုပါတယ်။လူကပြောပိုင်ခွင့်မရှိပေမဲ့ကျမ်းစာအားဖြင့်ပြောလို့ရပါတယ်။
၃။ Gay ကဖြစ်ခြင်လို့ဖြစ်တာမဟုတ်ဘူးလေ၊ဘယ်လိုမှပြောင်းလည်းလို့လည်းမရဘူး၊ဒါငါ့အပြစ်လား?
ဖြေ။ ။ မဿဲ၁၉း၂၆ မှာကြည့်ပါ။လူကမဖြစ်နိုင်ဘူးမလုပ်နိုင်ဘူးဆိုပေမဲ့၊ဘုရားဆီမှာမဖြစ်နိုင်တာမရှိပါ။ယေရှုကိုဧကန်အမှန်လက်ခံရရှိပြီးလူတယောက်က၂ကော ၅း၁၇ မှာပြောသလိုအသစ်ပြုပြင်ခြင်းခံစားရမှာပါ။ယေရှုကိုယုံကြည်လက်ခံပြီးဆက်မပြင်ရင်တော့ကိုယ့်အပြစ်ပါ။
၄။နိုင်ငံခြားမှာGayတွေကိုဘုရားကျောင်းမှာလက်ထက်ခွင့်ပေးပြီးဆရာတော်ကြီးတွေကိုယ်တိုင်လုပ်ပေးနေတာကကော?
ဖြေ။ ။ ဒီလူတွေကမသိတာမဟုတ်၊သိလျက်တမင်အပြစ်လုပ်နေတာပါ။ဒါကြောင့်ဘုရားစီရင်မယ်လို့ကျမ်းစာကပါပြီးသားပါ။ကျမ်းစာဖတ်ရင်သိနိုင်ပါတယ်။
ဝတ်ပြုရာကျမ်း ၁၈:၂၂မိန်းမနှင့် ပေါင်းဖော်သကဲ့သို့ ယောကျာ်းချင်းမပေါင်းဖော်ရ။ ရွံရှာဖွယ်အမှုဖြစ်၏။
တရားသူကြီးမှတ်စာ ၁၉:၂၂-၂၅ထိုသို့ ပျော်မွေ့လျက်နေကြသောအခါ၊ ထိုမြို့သား အဓမ္မလူအချို့တို့သည် အိမ်ကိုဝိုင်း၍ တံခါးကိုရိုက်ကြ၏။ အိမ်ရှင် လူအိုကိုလည်းခေါ်၍၊ သင့်အိမ်သို့ ဝင်သောယောကျာ်းနှင့် ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍၊ ထုတ်ခဲ့လော့ဟု ဆိုကြ၏အိမ်ရှင်သည်လည်း ထွက်၍၊ ညီအစ်ကိုတို့၊ ဆိုးသောအမှုကို မပြုပါနှင့်။ ဤသူသည် အကျွန်ုပ်အိမ်၌ တည်းခိုသောသူဖြစ်၍ အဓမ္မမပြုကြပါနှင့်။အကျွန်ုပ်၌ သမီးကညာရှိပါ၏။ သူ၏ မယားငယ်လည်းရှိပါ၏။ သူတို့ကို ထုတ်၍ပေးပါမည်။ သူတို့ကို ရှုတ်ချကြပါ။ အလိုရှိသည်အတိုင်း ပြုကြပါ။ ဤယောကျာ်း၌ ဤမျှလောက်ဆိုးသောအမှုကို မပြုပါနှင့်ဟု တောင်းပန်သော်လည်း၊သူတို့သည် နားမထောင်သောကြောင့်၊ လေဝိလူသည် မိမိမယားငယ်ကို ထုတ်အပ်သဖြင့်၊ သူတို့သည် တစ်ညလုံးအဓမ္မပြု၍ နံနက်တိုင်အောင်ရှုတ်ချပြီးမှ အာရုဏ်တက်မှ လွှတ်လိုက်ကြ၏။
ဓမ္မရာဇဝင် တတိယစောင် ၁၄:၂၄ယုဒပြည်၌ ယောကျာ်းအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ၍၊ ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဖွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည်တကား။
ရောမဩဝါဒစာ ၁:၂၆ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ၏။
ရောမဩဝါဒစာ ၁:၂၇ထိုအတူ၊ ယောကျာ်းတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်းကိလေ သာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောကျာ်းချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၆:၉မတရားသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြ သလော။ အလွဲမယူကြနှင့်။ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောကျာ်းချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊
တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၁:၉ဘုရားတရားကို မရိုမသေပြုသောသူ၊ မိဘကိုညှဉ်းဆဲသောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ယောကျာ်းချင်းမေထုန်ကိုပြုသောသူ၊ လူကိုခိုးသွားသောသူ၊ မုသာစကားကိုသုံးသောသူ၊
ရှင်ယုဒဩဝါဒစာ ၁:၇ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့်ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။
ရှဲလိုလျှင်မူရင်လင့်နှိပ်ပါ