• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဖြူစင်သောယုံကြည်ခြင်း

ဆရာရဲမင်း

10 月 15, 2024

ဖြူစင်သောယုံကြည်ခြင်း

တခါကရွာတစ်ရွာမှာမိုးမရွာတာကြာပါပြီတဲ့၊အဲဒီရွာကယုံကြည်သူစိုက်ပျိုးရေးတောင်သူတွေစိုးရိမ်နေကြပါတယ်၊ဒါကိုအသင်းတော်ကသင်းအုပ်ဆရာကြားတော့အားလုံးဘုရားကျောင်းမှာစုဝေးပြီး၊မိုးရေတောင်းတဲ့ဆုတောင်းပွဲလုပ်ဖို့စီစဉ်ပါတော့တယ်။
ဒီဆုတောင်းပွဲကြီးမှာအမျိုးသမီးငယ်လေးတဦးကလဲလာပါဝင်ပါတယ်၊ဆုတောင်းစည်းဝေးစတဲ့အခါသင်းအုပ်ဆရာကပလ္လင်ပေါ်တက်ပြီးနူတ်ခွန်းဆက်စကားပြောနေရင်းမှ၊စင်အောက်ကအမျိုးသမီးငယ်လေးကိုလက်ညိုးထိုးပြီး”ဒီသမီးငယ်လေးကျနော့ကိုတကယ်ကိုတုန်လှုပ်စေတယ်”လို့ပြောလိုက်သတဲ့၊ပရိတ်သတ်အားလုံးကလဲဆရာလက်ညိုးထိုးရာကိုကြည့်ကြတာပေါ့…

သင်းအုပ်ဆရာကဆက်ပြီး”ဒီနေ့ကျနော်တို့အားလုံးမိုးရွာပေးဖို့ဘုရားဆီဆုလာတောင်းကြတယ်၊ဒါပေမဲ့အားလုံးထဲမှာဒီသမီးငယ်လေးတဦးဘဲထီးပါလာတယ်”ခေတ္တတိတ်သွားပြီး”ဒီသမီးငယ်ကလွဲလို့၊ကျနော်တို့အားလုံးဘုရားကိုမယုံကြည်ကြဘူး၊စိုးရိမ်နေကြပေမဲ့၊ဆုတောင်းဖို့လာကြပေမဲ့၊ယုံကြည်ခြင်းမရှိကြဘူး”လို့ပြောကြားလိုက်သော်…လူစုကြီးအားလုံးကလဲတကယ်ကိုယ့်အဖြစ်ကိုဆင်ခြင်မိပြီး၊နောင်တရဝန်ခံဆုတောင်းကြပါတော့သတဲ့။
စည်းဝေးတောင်မပြီးသေး၊မိုးကြီးရွာချလာပါတော့တယ်၊အပြန်မှာတော့လူအားလုံးမိုးရေစိုခံရပြီး၊နောင်တမျက်ရည်ကြောင့်ဘဲစိုသွားသလား?ပျော်ရွှင်ခြင်းပီတိမျက်ရည်ကဘဲရောယှက်နေသလားဆိုတာမသိကြတော့ပါ။တစ်ယောက်သောဖြူစင်တဲ့ယုံကြည်ခြင်းရှိသူသမီးငယ်လေးတော့ထီးလေးနဲ့ပေါ့။

ကျမ်းချက်
တဖန်တုံယေရှုက၊သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ဘုရားသခင်ကိုယုံကြည်ကြလော့။ငါ့ကိုလည်းယုံကြည်ကြလော့။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၁)