အရေးကြီးဆုံးအရာ
“ဆန်မရှိလို့ထာဝရဘုရားကိုတအိတ်အောက်တောင်းရင်ကောင်းကင်ကချပေးမှာလား?”ဘုရားမဲ့ဝါဒလူငယ်လေးတယောက်မှခရစ်ယာန်ယာန်ဆရာတယောက်ကိုမေးလိုက်ခြင်းဖြစ်သည်။
ဆရာမှ။ ။”ဒီနေ့မင်းသမ္မတကိုတွေ့ခွင့်ရခဲ့ရင်ဆန်တအိတ်အရင်တောင်းမှာလား?”
လူငယ်လေးမှ။ ။”Noပါ၊ရင်းနီးမှုအရင်ယူထားမယ်၊ပြီးရင်အရေးကြီးတာတွေတင်ပြရမယ်။
ဆရာမှ။ ။”ဒါဘဲပေါ့ကွာ၊ဒီနေ့မင်းသမ္မတထက်အများကြီးမြတ်တဲ့ဘုရားကိုထိတွေ့တာနဲ့မင်းဆန်တအိတ်ဘဲတောင်းနေရင်နစ်နာမှာပေါ့ဟ”၊ဆန်ထက်အရေးကြီးတာမင်းအရင်တောင်းလိမ့်မယ်။
လူငယ်မှ။ ။”ဆန်ထက်အရေးကြီးတာကဘာလဲ”?
ဆရာ။ ။”အပြစ်လွတ်ခြင်း၊ကယ်တင်ခြင်းနဲ့၊အတွင်းစိတ်ပြောင်းလဲခြင်းပေါ့။နောက်မှတခြားအရာတွေတောင်းမှာပေါ့ကွာ။”
ချစ်သောမိတ်ဆွေ
သင့်အသက်တာမှာအပြစ်လွတ်ခြင်း၊ကယ်တင်ခြင်းခံစားရပြီးလား?ဒီဘဝမှာအမွန်မြတ်ဆုံးကယေရှုခရစ်တော်ကိုရရှိခဲ့ခြင်းဘဲဖြစ်ပါတယ်။ဟာလေလုယာ၊အာမင်။
ဖိ3:8-10 ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။- ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။- ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။