ဆင်ခြင်တရားရစေမည့်ပုံဥပမာများ
၁။
အမေတဦးမှ၅နှစ်အရွယ်သားကိုမေးလိုက်သည်”အကယ်လို့အမေနဲ့သားအပြင်သွားခဲ့တယ်ဆိုပါစို့၊သားနဲ့အမေရေဆာတဲ့အခါရေမပါဘူး၊ဒါပေမဲ့သားလွယ်အိတ်ထဲမှာပန်းသီးနှစ်လုံးပါထားရင်၊သားဘယ်လိုလုပ်မလဲ?”
သားလေးကခေါင်းကုပ်စဉ်းစားပြီးမှ“သားပန်းသီးနှစ်လုံးကိုတကိုက်စီကိုက်ပါမယ်”။အမေဖြစ်သူမှမျက်နာညိုးငယ်သွားသည်၊
သားလေးကိုဒီလိုလုပ်တာမကောင်းကြောင်းနဲ့ဘယ်လိုလုပ်သင့်ကြောင်းသွန်သင်ဖို့စိတ်ထဲကနေစဉ်းစားနေတုန်းသားငယ်လေးထပ်ပြောလာသောစကားကြောင့်အမေမှာမျက်ရည်လေးဝဲခဲ့ရပါသည်။သားလေးဆက်ပြောလာသောစကားမှာ“နှစ်လုံးစလုံးကိုက်ကြည့်မှဘယ်တစ်လုံးချိုတယ်ဆိုတာသိမယ်လေ၊ချိုတဲ့အလုံးကိုအမေ့ကိုကြွေးမလို့ပါ” ဟူပင်။
ချစ်သောမိတ်ဆွေ
စကားဆုံးအောင်နားထောင်ပြီးမှအမှုစီရင်ခြင်းဟာပညာတမျိုးပါ။
(ရှင်ယာကုပ်ဩဝါဒစာ ၁:၁၉)သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။
……………………………………………
၂။
ဖခင်ဖြစ်သူမှကားရေဆေးနေစဉ်၊သားလေးမှဂဲလုံးကိုင်ပြီးကားဘောင်တွင်လာခြစ်နေသည်။ဒါကိုဖခင်ကချက်ချင်းအမျက်ထွက်ပြီးတွေ့ရာတုတ်နဲ့ကောက်ကိုင်ရိုက်လိုက်သည်၊ရိုက်လိုက်ပြီးသားလေးလက်လှုပ်မရတော့ဆေးခန်းပို့မှလက်ကျိုးသွားမှန်းသိလိုက်ရသောအခါဖခင်ဖြစ်သူအလွန်နောင်တရမဆုံး၊ပိုပြီးဖခင်ကိုစိတ်နာနောင်တရစေတာက သူ့ကားဘောင်မှာသားလေးခြစ်ခဲ့တဲ့စာသား”အဖေ့ကိုချစ်တယ်”ဟူပင်။
ချစ်သောမိတ်ဆွေ
အမျက်ဒေါသကိုထိန်းနိုင်ခြင်းဟာ
အကျိုးတပါးပါဘဲ။
(သုတ္တံကျမ်း ၁၂:၁၆)မိုက်သောသူ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာအမှုကို ဖုံးတတ်၏။
…………………………………………….
၃။
ခြင်္သေ့ငယ်လေးမှမိခင်ကိုမေးလိုက်သည်မှာ“အမေ၊ပျော်ရွှင်ခြင်းကဘယ်မှာရှိသလဲ?”
မိခင်မှ “ပျော်ရွှင်ခြင်းဆိုတာအမြီးမှာလေ”
ဒါနဲ့ခြင်္သေ့ငယ်လေးကလဲအမြီးကိုမိအောင်ကိုက်နေတော့သတဲ့၊ဒါကိုမိခင်တွေ့တော့ပြုံးလိုက်ပြီး“ ကလေးရယ်၊ပျော်ရွှင်ခြင်းကအမြီးမှာရှိတယ်ဆိုတာအဲလိုနောက်ကြည့်ခိုင်းတာမဟုတ်ပါဘူး၊ရှေ့ကိုသာကြည့်ပြီးကြိုးစားလျှောက်လှမ်းရင်ပျော်ရွှင်ခြင်းကကိုယ့်နောက်ကပ်ပါလာမယ်ဆိုတာပါဘဲ!”။
ချစ်သောမိတ်ဆွေ
နောက်ပြန်လှည့်စိတ်ညစ်နေမဲ့အစား
ရှေ့လျှောက်ဆက်ကြိုးစားရင်အောင်မြင်ပျော်ရွှင်ခြင်းကသင့်နဲ့ကပ်ပါလာပါလိမ့်မယ်။
(ဖိလိပၸိဩဝါဒစာ ၃:၁၃-၁၄)ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း၊ ငါပြုသောအမှုတခုဟူမူကား၊ နောက် ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍၊ ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။
……………………………………
၄။
သားဖြစ်သူမှအမေအိုကြီးကိုမကြွေးမွေးချင်တော့လို့တောနက်ကြီးထဲပိုးသွားပစ်မည်ဟုအကြံရှိလေသည်။ညတညမှာတော့အမေအိုကိုကျောပိုးပြီးတကယ့်တောနက်ကြီးသို့သွားလေပြီ၊တောနက်ကြီးထဲဝင်သွားတာနဲ့အမေအိုမှတလမ်းလုံးပဲဖြူ စေ့တွေကျဲသွားနေသည်ကိုသားကနေသတိပြုမိတော့မေးတာပေါ့“အမေဘာလို့ပဲဖြူ စေ့တွေလိုက်ကျဲနေရသလဲ?”
အမေကလဲ“သားလေးအိမ်ပြန်တဲ့အချိန်လမ်းမမှားဖို့လမ်းမှတ်မိအောင်ပါကွယ်”
ချစ်သောမိတ်ဆွေ
မိဘမေတ္တာဆိုတာသင်မိဘဖြစ်တဲ့အချိန်မှသိရင်အများကြီးနောက်ကျနေပါပြီလေ။
(ဧဖက်ဩဝါဒစာ ၆:၂-၃)မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။