မိခင်မေတ္တာ
သားဖြစ်သူမှအမေအိုကြီးကိုမကြွေးမွေးချင်တော့လို့၊တောနက်ကြီးထဲပိုးသွားပြီးတိတ်တိတ်လေးစွန့်ပစ်မည်ဟုအကြံရှိလေသည်။
တကယ်လဲညတညမှာတော့
အမေအိုကိုကျောပိုးပြီး
တကယ့်တောနက်ကြီးသို့သွားလေပြီ။
တောနက်ကြီးထဲဝင်သွားတာနဲ့အမေအိုမှတလမ်းလုံး“ပဲဖြူစေ့”တွေကျဲသွားနေသည်ကိုသားကနေသတိပြုမိသည်။
“အမေဘာလို့ ပဲဖြူစေ့တွေလိုက်ကျဲနေတာလဲ?”သားမှမေးသည်။
အမေမှ“သားလေးအိမ်ပြန်တဲ့အချိန်လမ်းမမှားဖို့လမ်းမှတ်မိအောင်ပါကွယ်”ဟုပင်။
…………………ပြီး…………………….
ချစ်သောမိတ်ဆွေ
မိခင်မေတ္တာဆိုတာ သားသမီးတွေသူ့ကိုသေစေဖို့/စွန့်ပစ်ဖို့လုပ်နေခဲ့ရင်တောင်သားသမီးအတွက်ပေးဆပ်နေတဲ့သူပါ။သင်မိဘဖြစ်တဲ့အချိန်မှဒါတွေသိရင်အများကြီးနောက်ကျနေပါပြီလေ။
(ဧဖက် ဩဝါဒစာ ၆:၂-၃)မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။