အယူလွဲမလွဲစစ်ဆေးဖို့(၁၂)ချက်
၁။သမ္မာကျမ်းစာကိုလွန်ပြီး(ဆန့်ကျင်ပြီး)သွန်သင်သက်သေခံခြင်းသည်အယူလွဲဖြစ်ပါသည်။(ဗျာ၂၂:၁၈-၁၉)
၂။ကျမ်းစာထဲမပါသောအခြားသောဧဝံဂေလိ၊သမ္မာကျမ်းစာကလွဲလို့အခြားကျမ်းစာများထွင်ရေးထားခြင်း၊အခြားကျမ်းဂန်ကိုစံချိန်ထားရှိခြင်းသည်အယူလွဲဖြစ်ပါသည်။(ဂလာတိ၁:၆-၈)
၃။သမ္မာကျမ်းစာနဲ့ဆန့်ကျင်ပြီးအသစ်သောဖွင့်ပြမှုရတယ်ဆိုသူများသည်အယူလွဲဖြစ်ပါသည်။ဝိညာဉ်တော်ဘုရားသည်သမ္မာတရားနှင့်ဆန့်ကျင်သောအရာများဖွင့်ပြမည်မဟုတ်ပါ။(ယော၁၆:၁၃)
၄။မိမိကိုယ်ကိုနောက်ဆုံးသောကာလရဲ့ပရောဖက်(သို့)တမန်တော်ဟုဆိုပြီးသူများသည်အယူလွဲဖြစ်ပါသည်။(မဿဲ၇:၁၅)
၅။မိမိအသင်းတော်အဖွဲ့အစည်းသာအမှန်ကန်ဆုံးဖြစ်ပြီး၊ဒီအသင်းတော်ဝင်မှကယ်တင်ခြင်းရမည်ဆိုသူများသည်အယူလွဲပင်ဖြစ်ပါသည်။(သုတ္တံ၃၀:၁၂)
၆။အကျင့်(ပညတ်တော်)ကျင့်နိုင်မှကယ်တင်ခြင်းရမယ်လို့ခံယူသူများသည်အယူလွဲဖြစ်ပါသည်။(ဧဖက်၂:၈-၉၊ဂလာတိ၂:၁၆)
၇။ပွင့်လင်းမြင်သာမှုမရှိရဲဘဲ၊ပုန်းခိုလျှို့ဝှက်အတုအယောင်နဲ့၊လိမ်နည်းများစွာသုံးပြီး၊နောက်ဆုံးသောကာလအကြောင်းနဲ့အမြဲလိုက်ခြိမ်းခြောက်နေသူအများစုသည်အယူလွဲများပင်ဖြစ်ပါသည်။(ယော၈:၄၄)
၈။ခရစ်တော်ပြန်ကြွလာတဲ့နေ့ရက်ကိုအတိကျဟောပြောနေကြသူများသည်အယူလွဲများဖြစ်ပါသည်။(မဿဲ၂၄:၃၆)
၉။ခရစ်တော်ရဲ့လုပ်ပေးခဲ့ခြင်းသည်မပြည့်စုံသေးလို့အခြားအရာထပ်ပေါင်းလုပ်မှကယ်တင်ခြင်းရမယ်ဆိုသူများသည်အယူလွဲများဖြစ်ပါသည်။(ဟေဗြဲ၁၀:၁၀-၁၄)
၁၀။သုံးပါးတဆူဘုရားသခင်ရဲ့ဖြစ်ခြင်းနဲ့ ယေရှုခရစ်၏လူ၁၀၀%ဘုရား၁၀၀%ကိုလက်မခံသောသူများ(ယေရှုနဲ့ခရစ်တော်မတူဟုသွန်သင်ခြင်း၊ယေရှုဟာခမည်းတော်လိုထာဝရဘုရားမဟုတ်ဘဲဘုရားငယ်သာဖြစ်သည်ဟုသွန်သင်ခြင်း)သည်အယူလွဲများဖြစ်ပါသည်။(မဿဲ၂၈:၁၉၊၁ယော၂:၂၂)
၁၁။မိမိကိုယ်ကိုယေရှုပါလို့ပြောသူများ(သို့မဟုတ်)ယေရှုကငါ့ကိုအကြီးဆုံးအာဏာနေရာပေးထားတာဟုဆိုသူများသည်အယူလွဲများဖြစ်ပါသည်။(လုကာ၂၁:၈)
၁၂။ယေရှုခရစ်တော်ကလွဲပြီးအခြားနည်းလမ်းကနေလည်းကယ်တင်ခြင်းရနိုင်ပါတယ်ဆိုသူများသည်အယူလွဲများဖြစ်ပါသည်။(တမန်၄:၁၂)
စာကြွင်း-
အသင်းတော်သမိုင်းကအခြေခံယုံကြည်ချက်၃မျိုးဖြစ်တဲ့“နိစိန် ယုံကြည်ချက်” (The Nicene Creed) ၊ “တမန်တော်တို့၏ယုံကြည်ချက်” (The Apostles’ Creed)နဲ့၊ “အက်သနေးရှန်းယုံကြည်ချက်” (The Athanasian Creed)ကိုဆန့်ကျင်နေသူများသည်လည်းအယူလွဲများပင်ဖြစ်ပါသည်။
အယူလွဲပလူပျံနေတဲ့ခေတ်ကာလမှာကိုယ်တိုင်သတိထားပြီး၊သင်ချစ်သောယုံကြည်သူများကိုလည်းပို့ပေးလိုက်ပါ။ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။