ပညာမမဲ့နှင့်စည်းကမ်းရှိပါ။
မြင်မကောင်းကြားမကောင်းယေရှုနာမဖြင့်ငွေပွားနေတာတွေအဓိကတော့ဆရာတွေလွဲတယ်ဆိုတာထက်၊နောက်လိုက်တဲ့သူတွေပညာမဲ့လာကြတာဖြစ်ပါတယ်။သမ္မာတရားပညာနည်းနည်းလေးရှိရင်ဒါကိုလိုက်ယုံနေကြမှာမဟုတ်တော့ပါဘူး။အလိမ်မခံရအောင်သမ္မာတရားအမြဲနှလုံးသွင်းထားကြပါ။
(ဟောရှေ၄:၆ငါ့လူတို့သည် ပညာနည်းသောကြောင့်ဆုံးရှုံးကြ၏။)
ဝိညာဉ်တော်တို့ထိလို့ဆိုပြီးရုပ်ပျက်ဆင်းပျက်နဲ့ကျားမ မရွေးမြေပေါ်လူးလိမ့်၊အရှက်ပေါ်နေမှန်းမသိဖြစ်နေကြတာဟာ၊သန့်ရှင်းတဲ့ဝိညာဉ်တော်တော့မဖြစ်နိုင်ပါဘူး၊မသန့်ရှင်းတဲ့ညစ်ညူးတဲ့ဝိညာဉ်ဘဲဖြစ်မှာပါ။ဘာလို့လဲဆိုတော့ဝိညာဉ်တော်ဘုရားဟာလူတွေကိုဖရိုဖလဲ၊ရုန်းရင်းခတ်မှုမဖြစ်စေပါဘူး။
(၁ကော၁၄:၃၃ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။ သန့်ရှင်းသူတို့၏ အသင်းတော်အပေါင်းတို့၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။)
အခြားသောဘာသာစကားနဲ့ပက်သက်လာရင်သာမန်ဆုကျေးဇူးတခုသာဖြစ်တယ်ဆိုတာနားလည်ဖို့အင်မတန်အရေးကြီးပါတယ်။ နောက်တခုပိုအရေးကြီးတာကဒီဆုကျေးဇူးဟာအများရှေ့မှာအနက်ပြန်သူမရှိဘဲစည်းကမ်းမဲ့စွာတစ်ယောက်တပေါက်မပြောရဘူးဆိုတာကျမ်းစာမှာအတိအလင်းဖော်ပြပြီးဖြစ်ပါတယ်။ဒါကိုမှနားမလည်ဘဲအသင်းတော်တခုလုံးအကုန်ရှုပ်ထွေးအောင်အော်ဟစ်သောင်းကျန်းနေကြတာဟာဝိညာဉ်ဆုကျေးဇူးတော့မဖြစ်နိုင်ပါ။စာတန်ရဲ့လက်နက်တခုသာဖြစ်မှာပါ။
(၁ကော၁၄:၃၉-၄၀အခြားသော ဘာသာစကားဖြင့် ဟောပြောခြင်းအမှုတို့ကိုလည်း မမြစ်တားကြနှင့်။ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့။)
ခါးတော့ခါးတယ်၊မခံယူနိုင်ရင်ကျော်သွားလို့ရပါတယ်။ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။