ဘာသာစကားအရလူကိုဘုရားလို့ခေါ်လို့ရသလား?
ကိုးကွယ်ခံဘုရားမဟုတ်၊ဖန်ဆင်းရှင်ဘုရားမဟုတ်၊သာမန်စီရင်ခွင့်ရှိသူကိုဘာသာစကားအရ၊ကျမ်းစာထဲမှာလူကိုဘုရားလို့ခေါ်ခွင့်ပေးထားကြောင်းရှင်းပြထားတဲ့Videoကိုမိတ်ဆွေတချို့ပို့လာလို့ကြည့်မိပါတယ်။ဒါကိုလူတော်တော်များများဒွိဟဖြစ်နေပြီးကျနော်ကိုလာမေးကြတာမို့လူတိုင်းလေ့လာနိုင်ရန်အနည်းငယ်ချပြပါမယ်။အဓိကပြောချင်တာကလူဟာလူပါ၊ဘုရားငယ်မဟုတ်သလိုဘုရားလို့လည်းခေါ်ခွင့်မပြုထားပါဘူး။
၁။ဘုရားသခင်ကလူတချို့ကိုဘုရားလို့(ကိုးကွယ်ခံမဟုတ်) ခေါ်ဆိုထားတာကျမ်းစာထဲပါတာမှန်ပါတယ်။ဒါပေမဲ့ဖန်ဆင်းရှင်ဘုရားကဘဲလူတချို့(တရားသူကြီး)ကိုဘုရားလို့ခေါ်တာ၊သတ်မှတ်တာပါ။လူတိုင်းကိုမခေါ်ထားသလိုမင်းတို့အချင်းချင်းဘုရားလို့ခေါ်လို့ရပြီဆိုတာမျိုးမဖော်ပြထားပါ။၊အထူးသဖြင့်ယုံကြည်သူဖြစ်မှဘုရား(ကိုးကွယ်ခံဘုရားမဟုတ်)ဖြစ်သွားတဲ့အဓိပ္ပာယ်မပါဝင်ဘူးဆိုတာသတိပြုပါ။ဘာလို့လည်းဆိုတော့ကျမ်းစာထဲမှာယုံကြည်သူဖြစ်မှဘုရား(စီရင်ပိုင်ခွင့်ရှိသူ)ဖြစ်သွားတာမျိုးမဟုတ်ရပါဘူး။မယုံကြည်သေးသူကိုလည်းဘုရားသခင်ကဘုရား(စီရင်ခွင့်ရှိသူ)လို့သတ်မှတ်ထားတာသတိပြုပါ။ပိုပြီးသတိပြုရမှာကဖန်ဆင်းရှင်ဘုရားဖက်ကသာသူ့အာဏာအခွင့်နဲ့လူတချို့ကိုခေါ်ဆိုတာဖြစ်ပြီး၊လူလူချင်းဘုရားခေါ်လို့ရပြီလို့မသက်ရောက်ပါ။ဒါကြောင့်ဘုရား(စီရင်ခွင့်ရှိသူ)ဆိုတဲ့အသုံးအနူန်းအရကြည့်ရင်တောင်ဖန်ဆင်းရှင်ဘုရားသခင်ဖက်ကသာလူတချို့ကိုဘုရားလို့သုံးထားတာဘဲရှိပြီး၊လူဖက်က(အထူးသဖြင့်ယုံကြည်သူဖက်က)မိမိကိုယ်ကိုယ်”ငါတို့ကဘုရားပါ”လို့သမုတ်တဲ့ကျမ်းချက်မျိုးရှာမတွေ့ပါ။ဒါကြောင့်လူကိုဘုရားလို့သုံးတဲ့အခါဖန်ဆင်းရှင်ဘုရားကလွဲလို့လူဖက်ကသုံးလို့မရကြောင်းမသင့်တော်ကြောင်းဖော်ပြချင်ပါတယ်။
၂။လူလူချင်းဘုရားလို့သတ်မှတ်ခေါ်ဆိုတာမျိုးကိုကျမ်းစာမှာမတွေ့ရပါဘူး။အကယ်၍လူလူချင်းဘုရားလို့(ဘာသာစကားအရ) ခေါ်ခွင့်ပြုခဲ့ရင် တမန်တော်အပါအဝင် ခေတ်အဆက်ဆက်ယုံကြည်သူတွေသုံးခဲ့ကြပါလိမ့်မယ်။ ဒါပေမဲ့အမှန်မှာတော့တမန်တော်တွေက တောင်ငါတို့တွေကဘုရားခန့်အပ်ထားတဲ့စီရင်ခွင့်ရှိသူမို့ဘုရားတွေပါဘဲလို့တစ်ကြိမ်တစ်ခါမှ(အရိက်အမြွတ်တောင်မပါ)မသွန်သင်သလိုမသုံးနူန်းထားပါဘူး။အကယ်၍ဘာသာစကားအရလူတွေကိုဘုရားလို့ခေါ်လို့ရရင်(အထူးသဖြင့်ယုံကြည်သူတွေကိုဘုရားလို့ခေါ်လို့ရရင်)၊တမန်တော်တွေကသူတို့ကိုယ်သူတို့ဘုရားလို့ခေါ်ခံကြပါလိမ့်မယ်။ဒါပေမဲ့လက်တွေ့မှာတမန်တော်တွေကိုယ်တိုင်သူတို့ဟာလူတွေသာဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ဥပမာ
(က)ပေတရုကိုယ်တိုင်သူဟာဘုရားမဟုတ်ကြောင်း၊လူသာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။
(တမန်တော် 10:25-26 ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ ပျပ်ဝပ်လျက် ကိုးကွယ်လေ၏။ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။
(ခ)ပေါလုနဲ့ဗာနဗတို့ကသူတို့ဟာဘုရားမဟုတ်ကြောင်း၊လူသာဖြစ်ကြောင်းဟောပြောခဲ့ပါတယ်။
တမန်တော် 14:11-15 ပေါလုပြုသောအမှုကိုမြင်သော လူအစုအဝေးတို့က၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည်တကားဟု လုကောနိဘာသာစကားအားဖြင့် အသံကိုလွှင့်၍ ဆိုကြ၏။ပေါလုသည်သာ၍ ဟောပြောသောကြောင့် သူ့ကို ဟေရမေဟူ၍လည်းကောင်း၊ ဗာနဗကို ဇုသဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ၏။… ပေါလုက…အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။)
အကယ်၍လူကိုဘုရားခေါ်ခွင့်ရရင်အထက်ပါကျမ်းချက်ထဲမှာတမန်တော်တွေက”ငါတို့ကကိုးကွယ်ခံဘုရားတော့မဟုတ်ဘူးစီရင်ခွင့်ရှိတဲ့ဘုရားတော့ဟုတ်တယ်”လို့ဖြေရှင်းပါလိမ့်မယ်။ဒါပေမဲ့ကျမ်းစာအရအဲလိုမပြောခဲ့ကြပါဘူး။
၃။အကယ်၍လူတွေကိုကိုးကွယ်ခံဘုရားမဟုတ်ဘဲသာမန်ဘုရားငယ်လို့ခေါ်လို့ရတယ်လို့ခံယူရင်ဘာတွေဖြစ်လာနိုင်မလဲ?
(၁)။ဆုတောင်းနေသူကဘုရားလို့ရွက်ဆိုတမ်းတလိုက်တိုင်းမှာလူကိုတောင်းနေသလိုဖြစ်သွားနိုင်ပါတယ်။
(၂)။ဖန်ဆင်းရှင်ဘုရားသခင်နဲ့နေရာတန်းတူချိတ်သလိုရှုပ်ထွေးသွားနိုင်ပါတယ်။
(၃)။ဘာသာခြားတွေသူတို့ဘာသာရေးခေါင်းဆောင်ကိုခေါ်သလိုဘုရားဘုရားဆိုပြီးရောသမမွေဖြစ်သွားနိုင်ပါတယ်။
(၄)။ချီးမွမ်းသီချင်းဆိုတဲ့အခါဘုရားလို့စာသားပါလာရင်လူကိုပြောနေသလား?ဖန်ဆင်းရှင်ကိုပြောနေသလားဝေခွဲမရရှုပ်ထွေးသွားနိုင်ပါတယ်။
(၅)ဘုရားလို့အခေါ်ခံရတဲ့လူတွေကဘဝင်မြင့်သွားပြီးစာတန်စိတ်ဝင်သွားနိုင်ပါတယ်။
ဒါကြောင့်ကျမ်းစာအရ
လူဟာလူသာဖြစ်ပါတယ်၊ကိုးကွယ်ခံမဟုတ်တဲ့တရားစီရင်ခွင့်ရှိတဲ့ဘုရားတွေလို့ပြောရင်လဲသုံးလို့မရပါဘူး။ရှုပ်ထွေးစရာဖြစ်ကုန်ပါလိမ့်မယ်။ဥပမာဦးကျော်ကြီးဘုရား-ဒေါ်မိငယ်ဘုရား-ကိုသားကြီးဘုရား-မဖြူဖြူဘုရား လို့ခေါ်ကြရင်ရှုပ်ထွေးကုန်ပါလိမ့်မယ်။
(သင်တို့သည်ဘုရားများဖြစ်ကြ၏ဆိုတဲ့ကျမ်းချက်ကိုဖြေရှင်းတဲ့စာ ကောမန့်မှာဖတ်ပါ။)
ဝိညာဉ်တော်အ