• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ပရောဖက်စစ်တွေဟောမှားတတ်လား?

ဆရာရဲမင်း

11 月 20, 2024

ပရောဖက်စစ်တွေဟောမှားတတ်လား?

ရှင်းရှင်းဖြေရရင်ပရောဖက်စစ်ကမဟောမှားတတ်သလို၊မဟောမှားနိုင်ပါဘူး။ဘာလို့လည်းဆိုတော့သူ့စကားကိုသူပြောနေတာမဟုတ်ဘဲဘုရားစကားကိုသာပြောလို့ဖြစ်ပါတယ်။
ဒါပေမဲ့ကျမ်းစာထဲမှာပရောဖက်စစ်တွေလည်းပြောမှားတာဘဲမဟုတ်လားလို့မေးသူရှိနိုင်ပါတယ်?

ဥပမာ
‌ပရောဖက်ယောန (ယောန၃:၁-၄)
ရက်၄၀ကြာရင်နိနဝေမြို့ပျက်ဆီးရမယ်။
တကယ်တမ်းမပျက်ခဲ့ဘူး။
ပရောဖက်ဟေရှာယ(၄ရာ၂၀:၁-၇)
ဟေဇကိမင်းသေရမယ်။
တကယ်တမ်းမသေခဲ့ဘူး။
ဒီကိစ္စဘယ်လိုခံယူရမလဲ?အဖြေကရှင်းပါတယ်-
လူတွေနောင်တရလာလို့၊လူတွေပြောင်းလဲပြီးဘုရားဆီတိုးဝင်ကြလို့ဘုရားသခင်ကသနားဂရုဏာပြန်ပေးတာလို့ခံယူရပါမယ်။
ဘုရားသခင်နောင်တရတော်မူ၏ဆိုတာနဲ့တူပါတယ်။ဘုရားကနောင်တရတတ်လားလို့မေးရင်မရတတ်ပါဘူး၊ဘုရားနောင်တရတယ်ဆိုတာလူတွေလိုမသိဘဲမှားခဲ့လို့မဟုတ်ဘဲသူ့ရဲ့သနားဂရုဏာပေးခြင်းကိုဖော်ပြတာဖြစ်ပါတယ်။

ထို့အတူပါဘဲ
သမ္မာကျမ်းစာက
အပြစ်လုပ်သူအကုန်ငရဲသွားရမယ်လို့ကြိုတင်ဟောထားပေမဲ့၊တကယ်တမ်းတော့နောင်တရပြီးယေရှုကိုယုံကြည်လာသူတွေငရဲမသွားရတော့ဘူး။ဘုရားစကားကမတည်မြဲလို့လား?မဟုတ်ရပါ၊လူတွေနောင်တရလို့ဘုရားရဲ့သနားဂရုဏာသက်ရောက်လာခြင်းသာဖြစ်ပါတယ်။

အဲတော့ဒါကိုယူပြီး
ယနေ့ပရောဖက်ဆိုသူတွေဟောမှားရင်လဲလက်ခံရမယ်လို့ခံယူလို့မရပါ။ဟောထားတဲ့အတိုင်းဖြစ်မလာရင်ပရောဖက်အတုပါဘဲ(တရား၁၈:၂၂)။အကယ်၍ပရောဖက်စစ်ကလဲမှားတတ်လို့ခံယူရင်ဖြင့်ဘုရားလဲမှားတတ်တယ်လို့သက်ရောက်သွားပါမယ်၊ဘာလို့လည်းဆိုတော့ပရောဖက်စစ်ပြောတဲ့စကားကဘုရားစကားမို့ပါ။ဒါကြောင့်သတိပြုပြီးပြောဆိုခံယူသင့်ပါတယ်။

ဒီလိုအခြေအနေတခုတော့ရှိတာသိထားရပါမယ်၊
အပြစ်‌ပေးခြင်းဆိုင်ရာမှာပါ။တဖက်လူ(နဂိုကလူဆိုးကနေ)နောင်တရပြောင်းလဲလာရင်တော့ဘုရားစကားပြောင်းနိုင်ပါတယ်။လူတွေရဲ့နောင်တကြောင့်ဘုရားအပြစ်ပေးမယ်ဆိုတာရုပ်သိမ်းသွားနိုင်တဲ့သဘောမှာရှိပါတယ်။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။