• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

Halloweenနှင့်ခရစ်ယာန်

halloweenဖြစ်ပေါ်လာရတဲ့အကြောင်းကိုပြောရမယ်ဆိုရင်ခရစ်တော်မမွေးခင်နှစ်ပေါင်းသုံးရာ‌လောက်ကအနောက်‌မြောက်ဥရောပနဲ့အင်္ဂလန်ဖက်ကCeltsလူမျိုးစုကနေစပြောရမှာဖြစ်ပါတယ်။ဒီလူမျိုးစုဟာထူးခြားတဲ့ကိုးကွယ်မှုရှိသူတွေပါ။အထူးသဖြင့်သေမင်းသမန်Samanကိုကိုးကွယ်ကြပါတယ် နှစ်စဉ်နှစ်တိုင်းရဲ့10လပိုင်း 31 ရက်နေ့ဟာနှစ်ဟောင်းကိုကျော်လွန်ပြီးနှစ်သစ်ကိုဝင်တဲ့နေ့ဖြစ်ပါတယ်။တစ်နှစ်တာလုံးသေဆုံးခဲ့တဲ့သူတွေအစားသေမင်းတမန်ကိုပူဇော်ပသကြပြီး၊ခေါင်းဆောင်တွေကသေမင်းဘုရားကိုပုံဆောင်တဲ့လူခေါင်းပုံဖောက်ထားပြီးအထဲမှာမီးထွန်းထားတဲ့မုန်လာဥယူပြီး(jack-o-lanterns)၊တအိမ်ထွက်တအိမ်ဆင်းအစားအသောက်တွေလိုက်တောင်းပါတယ်၊နဂိုကသူတို့စားဖို့ဖြစ်ပေမယ့်နောက်ပိုင်းမှာသေမင်းဘုရားကိုပူဇော်ပသဖို့ဖြစ်လာခဲ့ပါတယ်။အစားအသောက်လာတောင်းတဲ့အခါအကယ်လို့တအိမ်အိမ်ကမပေးခဲ့ဘူးဆိုရင်၊အဲ့ဒီအိမ်ကိုကျိန်စာတိုက်ပါတယ်၊လာမယ့်နှစ်တနှစ်လုံးမှာဒီအိမ်မှာလူ‌သေရမယ်လို့ဟောကိမ်းထုတ်ပါတယ်။အဲ့ဒီလုပ်ထုံးလုပ်နည်းတွေဟာ18-19 ရာစုမှာအမေရိကားထိဂယက်ရိုက်ခဲ့ပြီး၊မုန်လာဥအစားရှာလို့လွယ်တဲ့ဖရုံသီးတွေကိုသုံးပြုလာခဲ့ကြပါတယ်။ဒီကနေ့ထိHalloweenမှာကလေးတွေတအိမ်ထွက်ဆင်းချိုချင်လာ‌တောင်းရာကမပေးရင်ကျိန်စာတိုက်ခဲ့တော့တာပါပဲ။ဒါဟာtrick-or-treat ဆိုတဲ့အဓိပ္ပါယ်ပါ။

Halloweenဆိုတဲ့စကားလုံးဟာ“All Hallow Mas” သေပြီးသောသန့်ရှင်းသူအားလုံးကိုအောက်မေ့သတိရခြင်းလို့လည်းအဓိပ္ပါယ်ရပါတယ်။အဲ့ဒီနေ့ကိုရိုမန်ကာသိုလိပ်တွေကMassတရားပြုလေ့ရှိပါတယ်။ဆိုတော့နဂိုသေမင်းနေ့ကိုဘယ်လိုလုပ်ပြီးHalloweenဆိုတဲ့နာမည်ဖြစ်သွားရတာလဲ?ဖြစ်ရပ်ကဒီလိုပါတဲ့…ရောမဘုရင်ကွန်စတင်တိုင်းခရစ်ယာန်ဖြစ်ပြီးနောက်တနိုင်ငံလုံးခရစ်ယာန်နိုင်ငံဖြစ်ပြောင်းလဲတဲ့အခါမှာနောင်တမရဘဲကောင်းကျိုးတစ်ခုခုကြောင့်ဘာသာထဲကိုဝင်လာတဲ့သူအအမြောက်အများရှိခဲ့ပါတယ်၊တကယ်ယုံကြည်တဲ့သူမဟုတ်ဘဲအပေါ်ယံသာယုံကြည်တဲ့ဘာသာဝင်တွေဟာသူတို့ရဲ့လုပ်နေကျဓ‌လေ့တွေကိုအသင်းတော်ထဲသယ်လာပါတော့တယ်။ဒါ့ကြောင့်အသင်းတော်ထဲကခေါင်းဆောင်တချို့ဟာဒါတွေကိုမလွန်ဆန်နိုင်တဲ့အတွက်ကြောင့်ဒီဓလေ့တွေကိုခရစ်ယာန်မူပြုခဲ့ပေးကြပါတယ်။ဒီထဲမှာ10လပိုင်း31ရက်နေ့(‌သေမင်းနေ့)အပါဝင်ပဲဖြစ်ပါတယ်။ခရစ်ယာန်မူပြုတာကောင်းပေမယ့်Halloweenရဲ့ကြောက်စရာအယူတွေမပြောင်းလဲနိုင်တဲ့အပြင်ဒီကနေ့ထိပိုဆိုးဝါးလာတာတွေ့ရပါတယ်။

၈ရာစုမှာရောမပုပ်ရဟန်းမင်းကြီးက‌နေ၁၁လပိုင်း ၁ရက်နေ့ကိုသန့်ရှင်းသူများနေ့(All Saints’ Day)ဆိုပြီးအသင်းတော်ထဲကမာတုရအားလုံးကိုအောက်မေ့ဖို့ကြေညာခဲ့ပါတယ်။အသင်းတော်ထဲမှာအဲဒီနေ့မရောက်ခင်တညကနေစတင်ဖို့ပြုလုပ်ခဲ့ကြပါတယ်။ဒီလိုနဲ့နောက်ပိုင်းAll Saint’s Day ကနေAll Hallows Day(All Hallows Evening)ဖြစ်လာပါတယ်။Hallowsဆိုတာသန့်ရှင်း‌သောEveningကိုeve(ရှေ့) သို့ een(ည)ဆိုပြီးအတိုရေးလာကြပါတယ်။‌အဓိပ္ပာယ်ကတော့သန့်ရှင်းသူအပေါင်းကိုအောက်မေ့တဲ့နေ့မတိုင်ခင်ရှေ့တညပေါ့။အမှန်တော့ခရစ်ယာန်အနေနဲ့သေပြီးသွားတဲ့သူတွေကိုအောက်မေ့တာဟာအင်မတန်မွန်မြတ်တဲ့အရာဆိုပေမယ့်၊သမ္မာကျမ်းစာနဲ့မကိုက်ညီတဲ့လုပ်ရပ်တွေစုပုံလာတဲ့ဒီအယူတွေကိုတော့အထူးသတိထားရှောင်ရပါမယ်။

ခုခေတ်ချိန်မှာသန့်ရှင်းသူကိုအောက်မေ့ဖို့ဆိုတာထက်တစ္ဆေသရဲတွေကိုအောက်မေ့နေကြပါပြီ။ဒါကြောင့်ယုံကြည်သူတွေအထူးသတိထားရမှာဖြစ်ပါတယ်။ဘုရားသားသမီးတွေဟာစာတန်နဲ့မဆိုင်ပါဘူး၊ဒီလိုပွဲမျိုးတွေကိုရှောင်ရှားသင့်ပါတယ်။ပညာရေးကျောင်းနဲ့ပါတီပွဲတွေကဒီပွဲမျိုးကိုပြုတဲ့အခါမှာမိမိသားသမီးတွေအတွက်အုပ်ထိန်းသူတွေကသက်ဆိုင်ရာကျောင်းအုပ်ကိုမိမိယုံကြည်ချက်ကြောင့်မပါဝင်ဖို့ရှင်းပြခွင့်တောင်းရပါမယ်။မိမိကလေးတွေကိုလည်းသေချာရှင်းပြပြီးမကောင်းဆိုးရွားတွေရဲ့ပုံမဆောင်ကြဖို့ သမ္မာတရားကိုသွန်သင်သင့်ပါတယ်။

ကျမ်းချက်
ကောရိန်သုဩဝါဒစာဒုတိယစောင် ၆:၁၆-၁၇
ကိုယ်ကိုယ်ကိုညစ်ညူးစေခြင်းငှာ၊ နတ်ဝင်သူကိုမမှီဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ဝတ်ပြုရာကျမ်း ၁၉:၃၁
ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင် မိန့်တော်မူသည်ကား၊ သူတို့တွင် ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင် ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။- ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်။-