• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အယူလွဲကိုထောက်ပြဖို့လိုအပ်ခြင်း

ဆရာရဲမင်း

11 月 14, 2024

အယူလွဲကိုထောက်ပြဖို့လိုအပ်ခြင်း

တချို့ကမေတ္တာနဲ့လာပြောကြတယ်၊ဆရာရေသူများကိုမတိုက်ခိုက်ဘဲမှန်တာဘဲပြောပါလားတဲ့။
ဟုတ်ကဲ့၊အယူလွဲ‌တွေကိုတကူးတကဖော်ထုတ်နေသူတော့မဟုတ်ပါဘူး၊မှန်တာပြောရင်းမှားတာကိုကြုံလာရင်ထောက်ပြတာ‌လေးပါ။ကျမ်းစာကအဲလိုဘဲသွန်သင်လို့ပါ။

၁။လွဲမှားနေတဲ့ဖာရိရှဲနဲ့ကျမ်းပြုစရာတွေကိုရှောင်ဖို့ယေရှုကိုယ်တိုင်လူအများရှေ့မှာ(ခရစ်ဝင်ကျမ်းမှာ)ပွင့်ပွင့်လင်းလင်းအကြိမ်ကြိမ်သတိပေးထားပါတယ်။ ယေရှုကမေတ္တာမရှိလို့မဟုတ်၊ဖာရိရှဲတွေကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။

၂။တမန်တော်တွေလည်းသူတို့ရဲ့စာစောင်တွေထဲမှာပညတ်တရားကိုဦးထိပ်ထားကြတဲ့ဂျူးပညတ်ဆရာတွေကိုအထူးထောက်ပြခဲ့ပါတယ်(ဥပမာ၂ပေ2:1 )။ဒီမှာအမျိုးအစားကိုရှင်းလင်းအောင်အမည်တပ်ထားတာတွေ့ရမှာပါ။တမန်တော်တွေကမေတ္တာမရှိလို့မဟုတ်၊လူကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။

၃။သမ္မာတရားလမ်းလွဲပြီး‌ဟောပြော‌နေတဲ့ဟု​မေ​နဲ​နှင့်​ဖိ​လက်ဆိုသူတွေကိုသတိထားဖို့၂တိ၂:၁၇-၁၈မှာပေါလုကတိမောသေကို(လွဲ‌နေသူရဲ့နာမည်ကိုတပ်ပြီး)အတိအလင်းချပြထားပါတယ်။
ပေါလုကမေတ္တာမရှိလို့မဟုတ်၊လူကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။

၄။တရားစကားကိုဆန့်ကျင်တဲ့
ပန်း​တဥ်း​သ​မား​အာ​လေ​ဇ​န္ဒြု​ကိုသတိထားရှောင်ဖို့ရှင်ပေါလုကတိမောသေကို
၂တိ4:14‭-‬15 မှာပွင့်ပွင့်လင်းလင်း(နာမည်တပ်ပြီး)သတိပေးထားခဲ့ပါတယ်။
ပေါလုကမေတ္တာမရှိလို့မဟုတ်၊လူကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။

၅။အယူလွဲသွားတဲ့ဟု​မေ​နဲ​နှင့်အာ​လေ​ဇ​နန္ဒြုကိုအသင်းတော်ကနေထုတ်ပယ်လိုက်ကြောင်း(နာမည်တပ်ပြီး)၁တိ၁:၁၉-၂၀မှာလူတိုင်းသတိထားလို့ရအောင်ချပြခဲ့ပါတယ်။ပေါလုကမေတ္တာမရှိလို့မဟုတ်၊လူကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။

၆။ဗျာဒိတ်ကျမ်းထဲကပေရဂံအသင်းတော်ကိုစာရေးပေးတဲ့အခါ(ဗာလမ်နဲ့နိ‌ကောလတို့ရဲ့အယူဝါဒမျိုး)ကိုရှောင်ဖို့နဲ့အဲဒီအယူလွဲကိုခံယူ‌နေသူတွေနောင်တရကြဖို့နာမည်တပ်ပြီးသတိပေးထားပါတယ်။ဘုရားကကမေတ္တာမရှိလို့မဟုတ်၊လူကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။

၇။ဗျာဒိတ်ကျမ်းထဲကသွာတိရအသင်းတော်ကိုစာရေးပေးတဲ့အခါ၊ပရောဖက်မယေဇဗေလရဲ့မိစ္ဆာအယူဝါဒမျိုးနဲ့အသင်းတော်ထဲပြည့်နေလို့သတိပေးခံရပါတယ်။ဒီမှာလည်းရှင်းလင်း‌အောင်အမည်တပ်ပြီးသတိပေးထားတာပါ။ဘုရားကကမေတ္တာမရှိလို့မဟုတ်၊လူကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။
ယနေ့ခရစ်ယာန်လောကမှာလည်းအယူလွဲပေါင်းမြောက်များစွာရှိနေပါတယ်။အယူလွဲကိုတကူးတကလိုက်ဖော်ထုတ်ဖို့မလိုအပ်‌ပေမယ့်၊ကြုံလာတဲ့အခါရဲရဲဝံ့ဝံ့ထောက်ပြရဲဖို့လိုပါတယ်။အယူလွဲနေသူကိုနောင်တရ‌စေဖို့ဆိုတာထက်ယုံကြည်သူတွေလမ်းမလွဲအောင်ကျမ်းစာကအဓိကသတိပေးထားတာပါ။ဒါကြောင့်လိုအပ်ရင်နာမည်ပါတပ်ပြီးသတိပေးချပြရပါမယ်။စစ်မှန်တဲ့ဘုရားလူတွေဟာမှန်ကန်တဲ့တရားကိုဘဲဟောနေရတာဟုတ်ပေမယ့်မှားယွင်းခြင်းနဲ့ကြုံလာတဲ့အခါလဲရဲရဲထောက်ပြရဲသူပါ။ကိုယ့်ရှေ့မှာမှားနေမှန်းသိလျက်နဲ့ မေတ္တာပြရမယ်ဆိုပြီးချော်လဲရောထိုင်လုပ်နေသူဟာဘုရားလူစစ်မဟုတ်နိုင်ပါ။လူမျက်နာထက်ဘုရားမျက်နာကြည့်ပြီးအမှုတော်ဆောင်သူများဖြစ်ကြပါစေ။ကိုယ်ကထောက်ပြသတိပေးပြီးလို့ယုံကြည်သူတွေကမယုံဘူးဆိုရင်သူတို့ရဲ့ရွှေးချယ်ဆုံးဖြတ်မှုပါဘဲ၊သင်ကတော့တာဝန်ကျေသွားပါပြီ။

ယေဇကျေလ3:18‭-‬19 သင်​သည် အ​မှန်​သေ​လိမ့်​မည်​ဟု၊ လူ​ဆိုး​အား ငါ​ပြော​လျက်​နှင့် သင်​သည် သ​တိ​မ​ပေး၊ လူ​ဆိုး၏ အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ လူ​ဆိုး​အား သ​တိ​ပေး​သော​စ​ကား​ကို မ​ပြော​ဘဲ​နေ​လျှင် ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။ သို့​မ​ဟုတ်၊ သင်​သည် လူ​ဆိုး​ကို သ​တိ​ပေး​လျက်​နှင့် သူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​ကို​လည်း​ကောင်း၊ မိ​မိ​လိုက်​သော အ​ဓ​မ္မ​လမ်း​ကို​လည်း​ကောင်း မ​ရှောင်​ဘဲ​နေ​လျှင်၊ မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သင်​မူ​ကား၊ ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို ကယ်​နုတ်​လေ​ပြီ။