• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

တစ်ကိုယ်ကောင်းဆန်တဲ့ခရစ်ယာန်

ဆရာရဲမင်း

11 月 14, 2024

တစ်ကိုယ်ကောင်းဆန်တဲ့ခရစ်ယာန်

ယုံကြည်သူတဦးဟာအိမ်ဘေးကဆိုင်တခုမှာဈေးဝယ်နေတာ၁နှစ်ရှိလာပြီဖြစ်သည်။
တနေ့မနက်
ခါတိုင်းလိုဈေးသွားဝယ်တဲ့ခါ၊ဆိုင်ရှင်မှ
“ခင်ဗျားကခရစ်ယာန်လားဗျ?”
မေးလာတာကိုယုံကြည်သူမှဂုဏ်ယူစွာဖြင့်“မှန်ပါတယ်ဗျ၊ကျွန်တော်ခရစ်ယာန်ပါ”။
ဆိုင်ရှင်-
“ဟုတ်လို့လားဗျာ”
ယုံကြည်သူ-
“ဟာ၊ဟုတ်ပါတယ်ဗျာ၊ကျွန်တော်အမြဲဘုရားကျောင်းသွားပြီးပုံမှန်ဝတ်ပြုတယ်၊ပေးလှူတယ်၊ခရစ်ယာန်ဝတ်တရားအကုန်ကျေသူပါ”
ဆိုင်ရှင်မှလုပ်ရင်းကိုင်ရင်း
“‌ အေးဗျာ၊ခင်ဗျားခရစ်ယာန်ဖြစ်နေခဲ့ရင်တောင်တစ်ကိုယ်ကောင်းဆန်တဲ့ခရစ်ယာန်ဘဲဗျ!”
ယုံကြည်သူ\_
“ဘယ်လိုပြောလိုက်တာလဲဗျာ၊ကျွန်တော်လူမူရေးကအစရပ်ကွက်‌အလှူဘာညာအကုန်ပါဝင်နေပြီး၊လူတိုင်းကိုမေတ္တာပြနေတာဘယ်လိုလုပ်တစ်ကိုယ်ကောင်းစိတ်ဆန်နေတာတုန်းဗျ?”
ဆိုင်ရှင်
“ကျွန်တော်မေးမယ်ဗျာ၊ခင်ဗျားကျွန်တော်ဆိုင်ကိုဈေးလာဝယ်တာတစ်နှစ်လောက်ရှိပြီနော်?
“ဟုတ်ကဲ့၊မှန်ပါတယ်။ဒါနဲ့တစ်ကိုယ် ကောင်းဆန်တာနဲ့ဘာဆိုင်လို့လဲဗျ”
ဆိုင်ရှင်
“ကျွန်တော်ထပ်မေးမယ်ဗျာ၊ယေရှုကိုမယုံကြည်ရင်မိမိအပြစ်ကြောင့်ငရဲသွားရမှာအမှန်ဘဲလား?”
“မှန်ပါတယ်ဗျ၊ဒါသမ္မာတရားပါ”
ဆိုင်ရှင်မှဒေါသသံဖြင့်
“အေးဗျာ၊ခင်ဗျားလုပ်ရက်လိုက်တာဗျာ၊ဒါကိုတနှစ်လုံးကျွန်တော်ကိုမပြောပြဘဲနေနိုင်တယ်၊ခင်ဗျားတစ် ယောက်ထဲငရဲကလွတ်ရင်ရပြီဆိုပြီးနေနေတာ၊ခင်းဗျားတစ်ကိုယ်ကောင်းစိတ်မဆန်ရင်ဘာလဲဗျ?၊ တော်သေးတာပေါ့ဗျာ၊မနေ့ကလူတယောက်လာပြီးရှင်းပြသွားလို့ကျွန်တော်နားလည်သဘောပေါက်ပြီးကယ်တင်ခြင်းရခဲ့တာ”
ယုံကြည်သူ
“……..”
ဘာမှမပြောနိုင်ဘဲခေါင်းငြိမ့်ထွက်သွားပါတော့သည်။

ချစ်သောယုံကြည်သူခရစ်ယာန်များခင်ဗျာ၊ယနေ့သင်ဟာသူများငရဲကျမှာကိုသတိမ‌ပေးဘဲအမြဲပြုံးပြနေတဲ့တစ်ကိုယ်ကောင်းစိတ်ဆန်တဲ့ခရစ်ယာန်ဖြစ်နေပြီလား?အတူတကွဆင်ခြင်ကြပါစို့။ကျွန်တော်တို့ဟာအနီးဆုံးလူကိုမျက်နာပျက်မှာစိုးလို့၊လူမူရေးထိခိုက်မှာစိုးလို့တခါမှအရေးကြီးတဲ့ဧဝံ‌ဂေလိသတင်းမဝေငှရဲဘဲနေလာတာဘယ်လောက်ကြာပြီလဲ?အနည်းဆုံးဝေစာတစောင်တော့ပေးကမ်းသင့်သလို၊မိမိမ‌ဝေငှနိုင်ရင်‌တောင်ဝေငှနိုင်သူကို ပေးလှူထောက်ပံ့ပြီးလာဝေငှစေသင့်ပါတယ်။ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။
(၁ကော၉:၁၆ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ရုံ​ပြု​လျှင် ဝါ​ကြွား​ခြင်း အ​ကြောင်း​မ​ရှိ​သေး။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မ​ဟော​ဘဲ​မ​နေ​နိုင်။ မ​ဟော​ဘဲ​နေ​လျှင် အ​မင်္ဂ​လာ​ရှိ၏။)