ဖန်ဆင်းရှင်တည်ရှိခြင်းသက်သေ
သိပ္ပံလောကမှာနာမည်ကြီးခဲ့တဲ့အိုက်ဆက်နယူတန်(Isaac Newton)ဟာဖန်ဆင်းရှင်ထာဝရဘုရားသခင်ကိုယုံကြည်သက်ဝင်သူတဦးဖြစ်ပါတယ်။ဒါပေမယ့်သူ့သူငယ်ချင်းသိပ္ပံပညာရှင် အက်မောဟေလီ(Edmund Halley)ကတော့ဖန်ဆင်းရှင်တည်ရှိကြောင်းမယုံကြည်ပါဘူး။
တနေ့တော့ဟေလီဟာနယူတန်အိမ်ကိုအလည်လာပါတယ်၊မထင်မှတ်ဘဲနယူတန်တီထွင်ထားတဲ့ “ နေအပါအဝင်ဂြိုလ်များလည်ပတ်နေစေတဲ့(Solar system model)”ကိုမြင်လိုက်တဲ့အတွက်အတော်စိတ်ဝင်စားသွားပြီးအကြာကြီးလေ့လာကြည့်ရှုနေမိပါတော့တယ်။
ခေတ္တအကြာနေပြီးမှ
ဟေလီမှနယူတန်ကို
“သူငယ်ချင်း၊ဒါဘယ်သူထွင်ထားတာလဲကွာ၊ကောင်းလိုက်တဲ့လက်ရာ”လို့အားကျရင်းမေးလိုက်ပါသည်။
နယူတန်မှ
“သူ့အလိုလိုရှိနေတာပါ၊ဘယ်သူမှမလုပ်ထားဘူး၊တိုက်ဆိုင်လို့သူ့အလိုလိုရှိလာတာပါသူငယ်ချင်း”ဟုဖြေလိုက်သည်။
ဟေလီမှစိတ်ဆိုးတဲ့လေသံဖြင့်
“ဟာကွာ၊မနောက်ပါနဲ့၊ဒီလောက်အတိအကျလှည့်ပတ်နေအောင်တီထွင်ထားနိုင်သူကအတော်ထူးချွန်သူဘဲဖြစ်ရမယ်။ဒီလောက်သေသပ်တဲ့အရာကိုတီထွင်သူမရှိဘဲဘယ်ဖြစ်နိုင်မှာလဲ?ငါအကောင်းမေးနေတာ၊အကောင်းဖြေပါကွာ”ဟုဆိုသည်။
ဒီချိန်မှနယူတန်က
“မှန်တယ်သူငယ်ချင်း၊ငါလုပ်ထားတာပါ။ဒီလောက်လေးကိုတောင်မှတီထွင်သူရှိကိုရှိရမယ်ဆိုရင်၊တကယ့်အပြင်မှာတည်ရှိနေတဲ့၊ဂြိုလ်တွေအတိအကျလှည်ပတ်နေမှု(Solar system)ဟာသူ့အလိုလိုရှိနေနိုင်ပါ့မလားကွာ၊ဖန်ဆင်းရှင်ဘုရားတပါးရှိနေရမယ်လို့မစဉ်းစားမိဘူးလားသူငယ်ချင်း?”ဟုဖြေလိုက်ပါတော့သည်။
ဟေလီမှချက်ချင်းအလင်းရသဘောပေါက်လာပြီးမှဖန်ဆင်းရှင်ကိုယုံကြည်လက်ခံသွားပါတော့သည်။
(ရောမ၁:၂၀အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။)